Borgward BX5 နှင့် Borgward BX7 တို့ကို သုံးလအတွင်း SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ် ရောင်းချမည်


Go Excellent Myanmar မှ Borgward BX5 နှင့် Borgward BX7 တို့ကို သုံးလအတွင်း SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်ရောင်း ချမည်ဖြစ်ကြောင်း သိရသည်။

လာမည့်သုံးလအတွင်း ပြည်တွင်း၌ SKD စနစ်ဖြင့် တပ်ဆင် ထုတ်လုပ်ရောင်းချမည့် Borgward BX5 နှင့် Borgward BX7 တို့ သည် SUV ကားအမျိုးအစားများဖြစ်ပြီး ရန်ကုန်လိုင်စင်အမည်ပေါက်ဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။

Borgward BX5 သည် 1.4 Turbo 6-speed Auto Engine တပ်ဆင်ထားသော ငါးယောက်စီး ကားဖြစ်ပြီး Smart Key ၊ 8 inches Floating Touch Screen ၊ 8 Speakers ၊ Dual Zone Auto Aircon ၊ Leather Seat ၊ Panorama Sunroof တို့ ပါဝင်ကာ Safety အတွက် လေအိတ်ခြောက်လုံး ပါဝင်သည်။

Borgward BX7 သည် 2.0 TGDI 6-speed Auto Engine တပ်ဆင်ထားသော ခုနစ်ယောက်စီး ကားဖြစ်ပြီး Push-start ၊ 12.3 Inches Touch Screen ၊ 8 Speakers ၊ Dual Zone Auto Aircon ၊ Leather Seat ? Panorama Sunroof တို့ ပါဝင်ကာ Safety အတွက် လေအိတ်ခြောက်လုံး ပါဝင်သည်။

“Borgward SUV ကားအမျိုးအစား နှစ်မျိုးကို ပြည်တွင်းမှာ SKD စနစ်နဲ့ တပ်ဆင်ထုတ်လုပ် ရောင်းချဖို့အတွက် စက်မှုဝန်ကြီး ဌာနဆီ ခွင့်ပြုချက် တောင်းထား ပါတယ်၊ လာမယ့် သုံးလအတွင်း တပ်ဆင်ထုတ်လုပ် ရောင်းချဖို့ စီစဉ်ထားပြီး ခွင့်ပြုချက်ရတာနဲ့ စတင်ထုတ်လုပ်ဖို့ ပြင်ဆင်ထားပါတယ်၊ BX5 နဲ့ BX7 တို့ကို SKD စနစ်နဲ့ တပ်ဆင်ထုတ်လုပ် ရောင်းချတဲ့အခါမှာ ရန်ကုန်လိုင်စင် ရတဲ့အားသာချက်ရှိမှာဖြစ်ပြီး လက်ရှိဈေးနှုန်းအတိုင်း ရောင်းချပေးမှာ ဖြစ်ပါတယ်”ဟု Go Excellent Myanmar မှ ဒါရိုက်တာ ကိုစည်သူက ဆိုသည်။

Go Excellent Myanmar မှ Borgward BX5 ကို အမေရိ ကန်ဒေါ်လာ ၃၆,၉၀၀ နှင့် Borgward BX7 ကို အမေရိကန်ဒေါ်လာ ၄၈,၈၀၀ ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ထိုကားများကို သုံးနှစ်၊ သို့မဟုတ် ကီလိုတစ်သိန်း အာမခံပေးမည်ဖြစ် ကြောင်းသိရသည်။

Read 1721 times