Body Coach ပြောင်းယာဉ် ဆိုသည်မှာ…


လူနှင့် ကုန်ပစ္စည်းများ တင်ဆောင်ရန် တဆက်တည်း တည်ဆောက်ထားသော မော်တော်ယာဉ်၏ ကိုယ်ထည်ကို Body Coach ဟု ခေါ်ခြင်း ဖြစ်သည်။ ယင်းတွင် ဖြုတ်တပ်နိုင်သော Bonnet, Bumper, တံခါး၊ ထိုင်ခုံ၊ ပါးခြမ်း၊ လေကာမှန် စသည့် အစိတ်အပိုင်းများ တပ်ဆင်လေ့ ရှိသည်။

 

Body Coach ပြောင်း ဆိုသည်မှာ မူလမှတ်ပုံတင်ထားသော မှတ်တမ်းဝင်ယာဉ်၏ Chassis No အား အခြားမှတ်ပုံတင်မဲ့ ယာဉ်၏ Body တွင် ဖောက်ထည့်၊ ဖြတ်ဆက်ထားသည်ကို ခေါ်ဆိုခြင်း ဖြစ်သည်။

 

သီးခြားဖရိမ် (Frame) မပါရှိသော (Saloon, Micro Bus, Hatchback, ect…) ယာဉ်များအနေဖြင့် မူလဖရိမ်အမှတ် (Frame No) သို့မဟုတ် Chassis No ပါ Member တန်းအား အခြားယာဉ်တွင် ဖောက်ထည့်၊ ဖြတ်ဆက်ခြင်း၊ Member တန်း ပြန်လည် တွဲဆက်၍ ပြောင်းလဲနိုင်သည်။

 

သီးခြားဖရိမ် (Frame) ပါရှိသော (Pick Up, Station Wagon, Mini Bus, Bus, etc…) တွင် မူလဖရိမ်အမှတ် (Frame No) အား အခြားယာဉ်တွင် ဖောက်ထည့်၊ ဖြတ်ဆက်ခြင်း၍ ပြောင်းလဲခြင်း (သို့မဟုတ်) ဖရိမ်အမှတ်ဖောက်ထည့်၊ ဖြတ်ဆက်၍ ပြောင်းလဲခြင်း (သို့မဟုတ်) ဖရိမ်ဖောက်ထည့်ခြင်း မရှိဘဲ မူလဖရိမ် (Frame) ပေါ်တွင် အခြား Body Coach အား ပြောင်းလဲ တပ်ဆင်ခြင်း လုပ်ဆောင်နိုင်သည်။

 

Body Coach တွင် ပါရှိသော ဖြုတ်တပ်နိုင်သည့် အစိတ်အပိုင်းများ (Detachable Parts) ဖြစ်သည့် Bonnet, Bumper, တံခါး၊ ထိုင်ခုံ၊ ပါးခြမ်း၊ လေကာမှန်များ စသည့် အစိတ်အပိုင်းများ ချို့ယွင်းချက် တစ်ခုခုကြောင့် ပြုပြင် ပြောင်းလဲခြင်းနှင့် အင်ဂျင် မပြောင်း လဲခြင်းများအား Body Coach ပြောင်းဟု မသတ်မှတ်နိုင်ပါ။

Read 169 times