ဖောက်စွပ်ကားဟု သတ်မှတ်ထားသည့် ကားများ


ဖရိမ်မချိန်းဘဲ ဘော်ဒီပြောင်း (အရိုးလွတ်ချိန်း) သည့် ကားများကိုလည်း ဖောက်စွပ်အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရပါသည်။

ကားတစ်စီး၏ Body Coach ဆိုသည်မှာ လူနှင့် ကုန်ပစ္စည်းများတင်ဆောင်ရန် တစ်ဆက်တည်း တည်ဆောက်ထားသော မော်တော်ယာဉ်ကိုထည်ကို ခေါ်သည်။ Body Coach တွင် ဖြုတ်/တပ်နိုင်သော ဘောနတ်၊

ဘမ်ပါ၊ တံခါး၊ ထိုင်ခုံ၊ ပါးခြမ်း စသည့် အစိတ်အပိုင်းများ တပ်ဆင်ထားသည် မူလ မှတ်ပုံတင်ထားသော မှတ်တမ်းဝင်ဘော်ဒီကို အခြားဘော်ဒီတစ်ခုခုနှင့် အစားထိုးပြောင်းလဲခြင်းအား Body Coach ပြောင်း (အလုံးချိန်း/ဖောက်စွပ်) ဟု ခေါ်သည်။

Body Coach ပြောင်းလဲခြင်းတွင် သီးခြားဖရိမ် ပါရှိသော Station Wagon အုပ်စုဝင်ယာဉ်များ ဥပမာ Toyota Land Cruiser၊ Toyota RAV4၊ Mitsubishi Pajero၊ Insuzu Bighorn စသည့်ယာဉ်များ Body Coach ပြောင်းလဲခြင်းနှင့် သီးခြားဖရိမ်မပါသော ဆလွန်းအုပ်စုနှင့် ဘတ်စ် အုပ်စုဝင်များ ဥပမာ Toyota Crown၊ Toyota Alphard၊ Toyota Caldina၊ Toyota Mark II၊ Express၊ Bus စသည့် ယာဉ်များ Body Coach ပြောင်းလဲခြင်းတို့ကို စစ်ဆေးတွေ့ရှိပါက ဖောက်စွပ်ကားအဖြစ် သတ်မှတ်မည်။

Body Coach ပြောင်း (ဖောက်စွပ်) အဖြစ် သတ်မှတ်ရာတွင် သီးခြား ဖရိမ်ပါရှိသော ယာဉ်၌ မူလဖရိမ်အမှတ်ပါ သံများအား အခြားယာဉ်တွင် ဖောက်ကပ်ဖြတ်ဆက်၍ ပြောင်းလဲခြင်းနှင့် ဖရိမ်အမှတ်ဖောက်ထည့်ခြင်းမရှိဘဲ

မူလဖရိမ်ပေါ်တွင် အခြား Body Coach ကို ပြောင်းလဲတပ်ဆင်ခြင်း၊ သီးခြားဖရိမ်မပါရှိသော ယာဉ်များအနေဖြင့် ဖရိမ်အမှတ်၊ သို့မဟုတ် ချက်စီနံပါတ် Member အတိုင်းအား အခြားယာဉ်တွင် ဖောက်ထည့်ဖြတ်ဆက်ခြင်း/

Member တန် းပြန်လည်တွဲဆက်၍ ပြောင်းလဲခြင်းတို့ကိုလည်း ဖောက်စွပ်အဖြစ် သတ်မှတ်မည် ဖြစ်သည်။

သီးခြား ဖရိမ်ပါရှိသောကားများတွင် ဖရိမ်မပြောင်းဘဲ Body Coach ပြောင်းမည်ဆိုလျှင်လည်း ဖောက်စွပ်အဖြစ် သတ်မှတ်ပါသည်။ ထိခိုက်မှုဖြစ်၍ ပြင်ဆင်၍ရသည့်အပိုင်းပျက်စီးလျှင် ပြင်ဆင်ပါ။

ပြင်ဆင်၍မရတော့ဘူးဆိုလျှင် တိုက်ကြေအဖြစ်သာ အပ်နှံပါ။ ဖရိမ် ဖြတ်ဆက်လုပ်ခြင်းများ၊ Body Coach ပြောင်းခြင်းများ စစ်ဆေးတွေ့ရှိပါက ဖောက်စွပ်ကားအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး

ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

မူလဖရိမ်ပေါ်တွင် အခြား Body Coach ပြောင်းလဲတပ်ဆင်ခြင်းနှင့် ချက်စီတန်းကို အခြားယာဉ်တွင် တွဲဆက် ပြောင်းလဲခြင်းကို ဖောက်စွပ်အဖြစ် သတ်မှတ်သော်လည်း Body Coach တွင် ပါရှိသော ဖြုတ်/တပ်နိုင်သည့်

ဘောနတ်၊ ဘန်ပါ၊ တံခါး၊ ထိုင်ခုံ၊ ပါးခြမ်း၊ ရှဲလ်၊ မီးခွက်စသည့် အစိတ်အပိုင်းများကို ယာဉ်ထိခိုက်မှုကြောင့် ပြောင်းလဲတပ်ဆင်ခြင်းကိုမူ ဖောက်စွပ်အဖြစ် မသတ်မှတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ

သိရပါသည်။

Automobile

Read 29786 times