လူငယ်များအကြိုက်တွေ့စေသော ဇိမ်ခံပြိုင်ကားတစ်စီးဖြစ်သည့် BMW Z4 2016


လူငယ်ဆန်ဆန်ဖန်ဆီကျကျ ပြိုင်ကား အမျိုးအစားတစ်ခုဖြစ်ကာ အဆင့်မြှင့်တင်ပြန်လည် ထုတ်လုပ်လိုက်သော BMW Z4 အမျိုးအစားသည် ၂ ဒသမ ၀ လီတာ၊ ဆလင်ဒါ လေးလုံးတပ်တာဘိုအင်ဂျင်အသုံးပြုတပ်ဆင်ထားပါသည်။

ထို့အပြင် မြင်းကောင် ၂၄၀ ကောင်အားနှင့် ရုန်းအား ၂၆၀ ပေါင်- ပေထွက်ရှိ မောင်းနှင်နိုင်မည်ဖြစ်ပါသည်။

ကားအမျိုးအစား၏ ပြောင်းလဲသစ်ဆန်းထုတ်လုပ်လိုက်သော အမျိုးအစား သုံးမျိုးစလုံးတွင် ကွဲပြားသော စက်စွမ်းရည်နှင့် မောင်းနှင်အားများ အသီးသီးပြောင်းလဲရရှိနိုင်မည်ဖြစ်ပါသည်။

ထို့နာက် ဂီယာထိုးချက်များ အနေဖြင့်လည်း မန်နျူရယ် ဂီယာခြောက်ချက်နှင့် အော်တိုဂီယာရှစ်ချက် စသည်ဖြင့် စိတ်ကြိုက် ရွေးချယ်နိုင်ပါသည်။

ထိုင်ခုံနှစ်လုံးတပ်ပြိုင်ကား အမျိုးအစားဖြစ်ပြီး ဇိမ်ခံအဆင့်မြှင့်တင်မှုကို အဓိကထားပြီး ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။

BMW ၏ စံချိန်သတ်မှတ်ထားသော အကောင်းဆုံးလေခွင်းအား စနစ်ကို ရရှိနိုင်မည်ဖြစ်သကဲ့သို့ Z4 အမျိုးအစားအတွက် မကြာသေးမီကမှ အဆင့်မြှင့်တင်ထားသော စက်စွမ်းရည်များနှင့်မြင်တွေ့ရမည်ဖြစ်ပါသည်။

ကားအမျိုးအစားများ၏ အပြင်ပိုင်းရုပ်ထွက် ကိုယ်ထည်အားဖြင့် ယခင်ဒီဇိုင်း အမျိုးအစားများထက် ပိုပြီးရှင်လင်းပြီး တပ်မက်ဖွယ်ကောင်းပါသည်။

ရှည်လျားသော အမိုးများ၊ ကားနောက်ဖက်ပိုင်းတွင် ပြိုင်ကားဒီဇိုင်းများတွင် လှပစွဲဆောင်မှုရှိသော နောက်ဘက်တန်းများကို တိုတိုတပ်ဆင်ပေးထားပါသည်။

အတွင်းဒီဇိုင်းများအနေဖြင့် ရှင်းလင်းသန့်ရှင်းပြီး ကားမောင်းသူများအတွက် ရည်ရွယ်ပြီး တည်ဆောက်ထားခြင်းက ရိုးရှင်းသော အကျယ်အဝန်းနှင့် စက်အစိတ်ပိုင်း ပြင်ဆင်မှု၊ အဆင့်အတန်းမြင့်သောကားနည်းပညာများကို ထည့်သွင်းပေးထားပါသည်။

မောင်းနှင်မှုအချက်ပြအတွက် 3D မြေပုံရှာဖွေစနစ်၊ ၈ လက်မကျော် ရှိသော ဖန်သားပြင်၊ နှုန်းလွန်သံလှိုင်ပါကင်စနစ်၊ သော့မဲကားတံခါဖွင့်စနစ်တို့ကို တပ်ဆင်ပေးထားပါသည်။

လုံခြုံမှုအနေဖြင့် ဘေးဘက်၊ ဒူးနားများတွင် လေအိပ်များ တပ်ဆင်ပေးထားပြီး တည်ငြိမ်မှုစနစ်၊ ထိန်းချုပ်မှုစနစ်နှင့် ကားတစ်ပတ်လှိမ့်ခြင်းကို တားဆီးကာကွယ်သော်လည်း နည်းစနစ်များကို ထည့်သွင်းပေးထားပါသည်။

Read 845 times