ပတ်လည်အာရုံခံကင်မရာများတပ်ဆင်ထားသည့် BMW X5


ဂျာမနီအခြေစိုက် BMW ကားကုမ္ပဏီမှထုတ်လုပ်သည့် ၂၀၁၆ မော်ဒယ် BMWX5 Drive 35i Pure Experience ကားအမျိုးအစားသည် ပတ်လည်အာရုံခံကင်မရာများတပ်ဆင်ထားသည့်အတွက်ယာဉ်မောင်းသူများမမြင်နိုင် သည့်မြင်ကွင်းအားလုံးကို တစ်ပြိုင်နက်တွေ့မြင်နိုင်မည်ဖြစ်ပါသည်။

ယင်းကားဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၂၂၃,၈၀၀ ရှိပြီး ဝန်ဆောင်မှုအနေဖြင့်သုံးနှစ် (သို့မဟုတ်) ကီလိုတစ်သိန်းအာမခံရရှိမည်ဖြစ်ပါသည်။

3.0Lဆလင်ဒါခြောက်လုံးထိုးဓာတ်ဆီအင်ဂျင်ကိုအသုံးပြုပြီးအော်တိုဂီယာရှစ်ချက်ပြောင်းလဲအသုံးပြုနိုင်ပါသည်။

ဆီစားနှုန်းမှာလောင်စာဆီတစ်လီတာလျှင် ၈.၁ ကီလိုမီတာမောင်းနှင်နိုင်ပါသည်။

ကိုယ်ထည်ဒီဇိုင်းမှာလေခွင်းအားကောင်းမွန်ပြီးမြန်နှုန်းမြင့်မောင်းနှင်ရန်အသင့်အနေအထားမျိုးုပုံဖော်ထား ပါသည်။

ခုံသုံးတန်းပါရှိပြီးအီလက်ထရစ်ပါဝါထိုင်ခုံများဖြစ်သောကြောင့်စိတ်ကြိုက်အနေအထားချိန်ညှိယူနိုင်ပြီး memory နှင့်မှတ်သားထားနိုင်ပါသည်။

လည်သာဖုံးအုပ်ထားသည့်စတီယာရင်ပါရှိပြီး စတီယာရင်မှတစ်ဆင့်ထိန်းချုပ်တဲ့စနစ်ပါရှိပါသည်။

Head-updisplayသည်ယာဉ်လမ်းကြောင်းပြစနစ်များ၊သတင်းအချက်အလက်များနှင့်ဖျော်ဖြေရေး အစီအစဉ်များကိုBluetooth,USB,Handphoneများနှင့်ချိတ်ဆက်အသုံးပြုနိုင်ပါသည်။

အဆင့်မြင့်အသံစနစ်ဖြစ်ည့်Harman-Kardonပတ်လည်အသံစနစ်ပါရှိပြီးအသံနှင့်အမိန့်ပေးခိုင်းစေနိုင်သည့် စနစ်ပါရှိပါသည်။

အလိုအလျောက်ပါကင်ထိုးနိုင်သည့် parking assist ပါရှိပါသည်။

မြန်နှုန်းမြင့်မောင်းနှင်သည့်အခါအရှိန်လွန်ပြီးဘီးချော်ခြင်းမျိုးမဖြစ်စေရန်ဘီးတစ်ဘီးချင်းစီ၏လည်ပတ်နှုန်းများကို ထိန်းချုပ်ပေးသည့် Dynamic Stability Control စနစ်ပါရှိပါသည်။

ယင်းစနစ်မှာဦးတည်ရာမဲ့ချော်ထွက်သွားခြင်းမျိုးမဖြစ်စေရန်ဆွဲဆောင်ထားနိုင်သည့်ကုပ်အားနှင့်ထိန်းချုပ်ထား ပြီး အသက်ကယ်လေအိတ်စနစ်ပါရှိသည့်အတွက်လုံခြုံစိတ်ချစွာမောင်းနှင်နိုင်ပါသည်။

Read 1990 times