BMW  ဆီဒင်ကားများအတွက် Samsung က OLED မှန်ပြင် ခုရေသန်းချီထုတ်လုပ်ပေးသွင်းမည်


BMW  ဆီဒင်ကားများအတွက် Samsung က OLED မှန်ပြင် ခုရေသန်းချီထုတ်လုပ်ပေးသွင်းမည်

Samsung သည် BMW  ဈေးအမြင့်ဆုံးတန်း ဆီဒင်ကားများအတွက် သို့ OLED စခရင်များ သန်းပေါင်းများစွာကို ထုတ်လုပ်ပေးသွင်းမည်။

တောင်ကိုရီးယား အခြေစိုက် Samsung Display က စမတ်ဖုန်း၊ တီဗီ အစရှိသည့် ပစ္စည်းများအတွက် OLED စခရင်များ ထုတ်လုပ်လျက် ရှိရာ ယခုအခါ မော်တော်ယာဉ် ထုတ်လုပ်ရေးကဏ္ဍအတွက်လည်း အမြောက်အမြား ထုတ်လုပ်ပေးသွင်းမည် ဖြစ်သည်။ 

လောလောဆယ်တွင် ဂျာမန်ကားထုတ်လုပ်ရေးလုပ်ငန်း BMW ၏ ဈေးအမြင့်ဆုံးတန်းမှ ဆီဒင်ကားများအတွက် OLED panel များ ထုတ်လုပ်ပေးသွင်းရန် သဘောတူညီမှု ရရှိထားပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာပါသည်။ 

၂၀၂၄ ခုနှစ်မှ စ၍ အမြောက်အမြား ထုတ်လုပ်ပေးသွင်းသွားမည် ဖြစ်သည်။ BMW ၏ ကားစီးရေ ၄ သန်းအတွက် ၆~၇ နှစ်တာကာလအတွင်း အလျဉ်မပြတ်  OLED panel များ  ထုတ်လုပ်ပေးသွင်းရမည် ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံရှိ Samsung ၏ Giheung စက်ရုံတွင် ထုတ်လုပ်မည် ဖြစ်သည်။ 

Samsung က တောင်ကိုရီးယား မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း Hyundai ၏ Ioniq 5 မော်ဒယ် ကားများအတွက်လည်း  OLED panel များ  ထုတ်လုပ်ပေးပါသည်။ ဂျာမန်  မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း Audi အပါအဝင် ဥရောပမှ ကားထုတ်လုပ်ရေးလုပ်ငန်းများနှင့်လည်း  OLED panel များ  ထုတ်လုပ်ပေးသွင်းရန် ဆွေးနွေးညှိနှိုင်းလျက် ရှိသည်။ 

Samsung သည် လျှပ်စစ်ကားများအတွက် ဘက်ထရီများ၊ ချစ်ပ်များကိုလည်း ထုတ်လုပ်ပေးသွင်းပါသည်။ အီလက်ထရွန်းနစ် ပစ္စည်းအမျိုးမျိုးကို အီးဗီများအတွက် ထုတ်လုပ်ပေးသွင်းရန်သာ ရည်မှန်းချက် ထားရှိပြီး လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရန် လောလောဆယ်တွင် စိတ်ကူးမရှိသေးကြောင်း ပြောကြားပါသည်။ ကမ္ဘာ့ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးကဏ္ဍတွင် အခရာကျသည့် ပစ္စည်းပေးသွင်းသူ အဖြစ် ရပ်တည်သွားမည်ဟု ဆိုသည်။

#MyanmarAutomobileGuide

Telegram Channel

https://t.me/Guid4U

Read 1244 times