Tesla အီးဗီ အားသွင်းပလပ် BMW, Mini,  Rolls-Royce တို့ အသုံးပြုမည်


Tesla အီးဗီ အားသွင်းပလပ် BMW, Mini,  Rolls-Royce တို့ အသုံးပြုမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Tesla ၏ အားသွင်းစနစ် North American Charging Standard NACS သုံးစွဲမည့် ကားကုမ္ပဏီများတွင် ဂျာမနီမှ BMW ပါဝင်လာပြီ ဖြစ်သည်။
 
Mini နှင့် Rolls-Royce တို့၏ မိခင်ကုမ္ပဏီဖြစ်သည့် BMW သည် ၎င်း၏အနာဂတ် EV များအတွက် Tesla ၏ လျှပ်စစ်ကား အားသွင်းစံကို သုံးစွဲမည် ဖြစ်ကြောင်း ကြေညာသည်။


 အမေရိကန်အစိုးရက သတ်မှတ်ပြဋ္ဌာန်းပေးထားသည့် Combined Charging System (CCS) တပ်ဆင်ထားသော အီးဗီများ၏ ပိုင်ရှင်များသည် Tesla ၏ Supercharger ကွန်ရက်ကို ၂၀၂၅ ခုနှစ်တွင် စတင်အသုံးပြုနိုင်မည်ဟု BMW က ကြေညာချက် ထုတ်ပြန်သည်။ ထိုသို့ သုံးစွဲရန် ပလပ်အတွက် ကြားခံ adapter ပေးထားမည် ဖြစ်သည်။ 

BMW သည် Tesla ၏ အားသွင်းစံကို ၎င်း၏ ကားများတွင် ၂၀၂၅ ခုနှစ် စတင်ထည့်သွင်း တပ်ဆင်ပေးမည် ဖြစ်သည်။

BMW မှ လက်ရှိ ထုတ်လုပ်နေသော အီးဗီများမှာ
• BMW  iX
• BMW i4
• BMW i7
• Mini Cooper EV
• Rolls-Royce Spectre
တို့ ဖြစ်ပါသည်။ 
၎င်းမော်ဒယ်များ အားလုံးတွင် DC အမြန်အားသွင်းရန် CCS ပလပ်များ တပ်ဆင်ပေးထားပါသည်။

 

ယခုအခါ Tesla ၏ North American Charging Standard  NACS သုံးစွဲမည့် ကားကုမ္ပဏီများမှာ- 
• Ford
• GM
• Rivian
• Volvo
• Polestar
• Nissan
•Mercedes-Benz
• Jaguar Land Rover JLR
• Fisker
• Hyundai
• Kia
• BMW
• MINI
• Rolls-Royce
တို့ ပါဝင်ပါသည်။

ကြီး၃ကြီး ဖြစ်သည့်
• Volkswagen
• Toyota
• Stellantis
တို့ မပါဝင်သေးပါ။ 

Tesla ၏  Superchargers များသည် Tesla ကားများကိုသာ အားသွင်းခွင့် ပေးထားခဲ့ရာမှ အခြားကားကုမ္ပဏီများကိုလည်း အားသွင်းရန် ခွင့်ပြုခဲ့ပါသည်။ Tesla အတွက် ဝင်ငွေ အကြီးအကျယ် ရရှိမည့် ရပေါက်ရလမ်း အသစ်တစ်ခု ဖြစ်ပါသည်။

လက်ရှိတွင် Tesla ၏ Superchargers များ ကမ္ဘာတစ်လွှား ၄၅,၀၀၀ ရှိနေပြီး ယင်းတို့အနက် ၁,၂၀၀၀ မှာ အမေရိကန်မှာ တည်ရှိပါသည်။

Source theverge 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 472 times