BMW အီးဗီ ထိုင်းနိုင်ငံတွင် ထုတ်လုပ်မည်


BMW အီးဗီ ထိုင်းနိုင်ငံတွင် ထုတ်လုပ်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


BMW Group Thailand သည် ထိုင်းနိုင်ငံတွင် အီးဗီ တပ်ဆင်ထုတ်လုပ်သည့် စက်ရုံကို တည်ဆောက်ရန် စီစဉ်နေသည်။

BMW Group Thailand သည် ထိုင်းနိုင်ငံတွင် လျှပ်စစ်ကား စက်ရုံတည်ဆောက်ရန် ၎င်း၏အစီအစဉ်ကို အပြီးသတ်‌ေရးဆွဲမည်ဖြစ်သည်။

ထိုင်းအစိုးရ အခိုင်အမာ ကျောထောက်နောက်ခံပေးထားသည့် အီးဗီ စက်မှုလုပ်ငန်းကဏ္ဍတွင် အခွင့်အလမ်းများကို ရယူကြသည့် အီးဗီထုတ်လုပ်သူများနှင့်အတူ ဂျာမနီနိုင်ငံ မြူးနစ်မြို့ အခြေစိုက် ပရီမီယံကားထုတ်လုပ်သူ BMW သည် ထိုင်းနိုင်ငံတွင် အီးဗီ ထုတ်လုပ်မည် ဖြစ်သည်။

"လာမယ့် ၁ လ ၂  လအတွင်း ရင်းနှီးမြှုပ်နှံမှုအစီအစဥ်ကို အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ဆုံး အပြီးသတ် ဆုံးဖြတ်ချက် မချခင်မှာ ကျွန်တော်တို့က မိခင်ကုမ္ပဏီထံ တင်ပြရဦးမယ်။ ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့နဲ့လည်း ဆေးနွေးဖို့ လိုပါတယ်"ဟု BMW Group Thailand ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Alexander Baraka က ပြောကြားသည်။

ฺBMW Group Thailand ၏ ကော်ပိုရိတ်ဆက်သွယ်ရေးဆိုင်ရာ ဒါရိုက်တာ Krisda Utamote က ကုမ္ပဏီသည် ထိုင်းနိုင်ငံတွင် အီးဗီ တပ်ဆင်ထုတ်လုပ်ခြင်း အစီအစဉ်နှင့်ပတ်သက်၍ ရွေးချယ်စရာနှစ်ခုကို စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။
နည်းလမ်းတစ်ခု လက်ရှိ ကားစက်ရုံကို အီးဗီများ တပ်ဆင်နိုင်အောင် အဆင့်မြှင့်တင်ပေးခြင်း ဖြစ်သည်။ လက်ရှိ အင်ဂျင်ကားများ ထုတ်လုပ်လျက်ရှိပြီး အီးဗီ ထုတ်လုပ်ရေးလိုင်းတစ်လိုင်း ထားရှိမည် ဖြစ်သည်။ 
နောက်ထပ်နည်းလမ်းမှာ အီးဗီအတွက် စက်ရုံတရုံ တည်ဆောက်ရန် ဖြစ်သည်။ 


BMW သည် ထိုင်းဈေးကွက်တွင် ရောင်းအား မြင့်တက်လာနေသဖြင့် ရယောင်မှ စက်ရုံကို တိုးချဲ့ထားသည်။

 ယခုနှစ် ပထမ ကိုးလအတွင်း BMW သည် ထိုင်းနိုင်ငံတွင် အီးဗီမော်ဒယ် အစီးရေ ၉၄၀ ရောင်းချခဲ့သည်။
၎င်း ၉ လတွင် BMW စုစုပေါင်း ရောင်းအား ၁၁,၁၉၆ စီး ရှိခဲ့သည်။

BMW ၏ အီးဗီမော်ဒယ်များအတွက် အားသွင်းပွိုင့်များကို အီးဗီအားသွင်းရုံလုပ်ငန်း 335 EV နှင့် ပူးပေါင်းလုပ်ကိုင်လျက်ရှိသည်။ 

BMW သည် ဘက်ထရီသုံး အီးဗီ BMW i5 မော်ဒယ်ကို ၂၀၂၃ အောက်တိုဘာလတွင် ထိုင်းနိုင်ငံမှာ စတင်ရောင်းချသည်။

Source bangkokpost 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 692 times