BMW Brilliance  ငါးသန်းမြောက်ကား ထုတ်လုပ်


BMW Brilliance  ငါးသန်းမြောက်ကား ထုတ်လုပ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တရုတ်နိုင်ငံတွင် BMW Group ၏ ဖက်စပ်လုပ်ငန်းဖြစ်သော BMW Brilliance Automotive Ltd. (BBA) မှ ထုတ်လုပ်သည့် စီးရေ ၅ သန်းမြောက် ကားကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်းနင်ပြည်နယ်၏ မြို့တော် ရှမ်ယန်တွင် တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၀)တွင် ထုတ်လုပ်ခဲ့ပါသည်။

စီးရေ ငါးသန်းမြောက်ကားသည် လျှပ်စစ်ကားစစ်စစ် BMW i3 eDrive40L မော်ဒယ် ဖြစ်ပါသည်။
BMW သည် တရုတ်နိုင်ငံ မော်တော်ယာဉ်လုပ်ငန်းကဏ္ဍမှ လျှပ်စစ်ကားခေတ်အတွက် အသင့်အနေအထားမှာ ရှိနေပြီဟု BBA စီအီးအို နှင့် ဥက္ကဋ္ဌ Franz Decker က ပြောကြားသည်။

၂၀၂၂ ခုနှစ်တွင် BMW သည် တရုတ်နိုင်ငံတွင် လျှပ်စစ်စစ်စစ် ကားအစီးရေ ၄၂,၀၀၀ ခန့် ရောင်းချခဲ့သည်။ ၂၀၂၁ ခုနှစ်ထက် ၉၁.၆% ပိုများပါသည်။

ရှမ်ယန်ရှိ ကားစက်ရုံသည် ကမ္ဘာတစ်လွှားရှိ BMW Group ၏ ကားစက်ရုံများတွင် အကြီးဆုံး ကားစက်ရုံ ဖြစ်ပါသည်။ တစ်နှစ်လျှင် စီးရေ ၇၃၀,၀၀၀ ထုတ်လုပ်လျက်ရှိသည်။
Source Xinhuanet

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 187 times