BMW 318i SEDAN


318iM Sport ကား၏ ကိုယ်ထည်မှာ အနားကွပ်ပေါင်များကို BMW Individual High-gloss Shadow Line များနှင့် အလှဆင်ဖော်ကျူးထားပါသည်။

M Sport ကားဖြစ်သည်နှင့်အညီ ကိုယ်ထည်ကို လေခွင်းအားကောင်းမွန်အောင် M Aerodynamic Package ထည့်သွင်းပေးထားပါသည်။

ကားဘီးများတွင် ၁၈ လက်မအရွယ် Double Spoke M Light Aloy များတပ်ဆင်ပေးထားပါသည်။

အတွင်းခန်း ခေါင်မိုးအနားကွပ်များကို BMW Individual Headliner Anthracite များဖြင့်ပြုလုပ်ထားပြီး အတွင်းခန်း Trim များကို အလူမီနီယံနှင့် အနက်ရောင်ရောစပ်ပြီး အားဖြည့်ထားသည်ကိုတွေ့ရပါသည်။

ကိုင်တွယ်မောင်းနှင်ရန်အတွက် M Leather Steering မှာ Gearshift Paddle များတပ်ဆင်ပေးထားသည့်အပြင် Multifunction ဖြစ်သည့်အတွက် Audio Control များကို စတီယာရင်မှတစ်ဆင့်ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

ရှေ့ထိုင်ခုံများမှာ Sport ထိုင်ခုံများဖြစ်ပြီး ထိုင်ခုံအနေအထားကို Memory နှင့်မှတ်သားထားနိုင်ပါသည်။

သက်သောင့်သက်သာစီးနင်းနိုင်ရန်အတွက် Comfort Access System ပါဝင်ပြီး Dual Zone Automatic Aircon စနစ်ကိုအသုံးပြုထားပါသည်။

ဖျော်ဖြေရေးအတွက် ၆ ဒသမ ၅ လက်မ Display နှင့်အသံစနစ်အတွက် Harman Kardon ပတ်လည်အသံစနစ်ကိုအသုံးပြုထားပါသည်။

အင်ဂျင်အမျိုးအစားမှာ ဆလင်ဒါသုံးလုံးထိုး 1.5 Liters ဓာတ်ဆီအင်ဂျင်အသုံးပြုထားပြီး မြင်းကောင်ရေ ၁၃၆ ကောင်အားထုတ်လုပ်ပေးနိုင်ပါသည်။

အမြန်ဆုံးမောင်းနှင်နိုင်မည့်နှုန်းမှာ တစ်နာရီကို ၂၁၀ ကီလိုမီတာနှုန်းဖြစ်ပြီး သုညမှ ကီလိုတစ်ရာအရှိန်နှုန်းကို ၈ ဒသမ ၉ စက္ကန့်အတွင်းမှာ မြှင့်တင်နိုင်ပါသည်။

Transmission အနေဖြင့် Steptronic စနစ်ပါဝင်သော 8-Speed Automatic ဂီယာကိုအသုံးပြုထားပါသည်။

လုံခြုံရေးစနစ်အနေဖြင့် သာမန် Cruise Control စနစ်သာမက ရှေ့ယာဉ်ရပ်သွားပါက အလိုအလျောက်ဘရိတ်ဖမ်းပေးနိုင်သော Cruise Control with Braking Function၊ ရှေ့နောက်အာရုံခံစနစ်၊ Rain Sensor၊ Warning Triangle with First-aid Kit စသောစနစ်များကိုပါ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

ယင်းကားဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၈၈,၈၀၀ ဝန်းကျင်မှ စမှာမည်ဖြစ်ပြီး မိမိတပ်ဆင်အသုံးပြုလိုသည့် Optional ပစ္စည်းများပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားသွားမည်ဖြစ်ကြောင်းသိရသည်။

ဝန်ဆောင်မှုအနေဖြင့် သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်းအာမခံနှင့် ရောင်းချပေးလျက်ရှိကြောင်းသိရပါသည်။

source:Automobile journal

Read 896 times