အမြင့်ဆုံး ဘေးကင်းလုံခြုံရေးဆုကို ရရှိခဲ့သည့် BMW 3 series 4-door Sedan


Insurance Institute for Highway Safety မှနှစ်စဉ်ချီးမြှင့်နေကြဖြစ်သည့် လုံခြုံစိတ်ချရသည့် အကောင်းဆုံးကားဆု TOP SAFETYPICK+ ကို ရရှိသည့် ကားများထဲတွင် BMW 3 series 4-door Sedan လည်းပါဝင်ခဲ့သည်။

 IIHS သည် TOP SAFETY PICK+ အတွက် ကားများကို လိုက်ပါစီးနင်းသူအားလုံး၏ နေရာအသီးသီးအတွက် Crash Test များ စမ်းသပ်ကာ အဆင့်သတ်မှတ်ပြီး ဆုချီးမြှင့်ခြင်းဖြစ်သည်။

 BMW 3 series သည် IIHS ၏ စမ်းသပ်မှုများကို အကောင်းဆုံးကြံ့ကြံ့ခံနိုင်ခဲ့ပြီး BMW ၏စံသတ်မှတ်ချက်နှင့် အရှေ့ဘက်ယာဉ်တိုက်မှု ကာကွယ်သော စနစ်များကြောင့် ပိုကောင်းသည့် အဆင့်သတ်မှတ်ချက်ကို ရရှိကာ TOP SAFETY PICK+ ဆုကို ရရှိခဲ့ခြင်းဖြစ်ပါသည်။

 အရှေ့ဘက်ယာဉ်တိုက်မှု ကာကွယ်သည့်စနစ်မှာ IIHS ၏ 12mph နှင့် 25 mph အမြန်နှုန်းဖြင့် စမ်းသပ်မောင်းနှင်ရာတွင် ယာဉ်တိုက်မှုကို ရှောင်လွှဲနိုင်ခဲ့ပြီး သတိပေးစနစ်၏ တုံ့ပြန်မှုက ထိရောက်စွာ အန္တရာယ်ကို ဟန့်တားပေးနိုင်ခဲ့သည်။

 BMW 3 series ၏ three headlight options ကလည်း ကား၏စွမ်းဆောင်ရည်ပိုင်းနှင့် IIHS ၏ အဆင့်သတ်မှတ်ချက်ကို အားသာစေခဲ့ပြီး LED Projector ကို အခြေခံထားသည့် headlight များသည် အခြားတစ်ဖက်က ယာဉ်များအခြေအနေပေါ် မူတည်ကာ အလိုအလျောက် အပေါ်မီး၊ အောက်မီး ပြောင်းလဲပေးနိုင်သည်။

 IIHS မှ သတ်မှတ် ချီးမြှင့်ခဲ့သည့် TOP SAFETY PICK+ ဆုရကားများတွင် BMW 3 series နှင့်အတူ Genesis G70၊ Lexus ES 350၊ Mercedes-Benz C-Class တို့လည်း ပါဝင်ခဲ့သည်။

Read 526 times