BMW အင်ဂျင်ဖြင့် ထုတ်လုပ်မယ့် 2022 Toyota Supra


BMW အင်ဂျင်ဖြင့် ထုတ်လုပ်မယ့် 2022 Toyota Supra

2022 Toyota Supra ကို စီးရေ ၆၀၀ ကန့်သတ်ထုတ်လုပ်မယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ 
ယာဉ်အတွင်းပိုင်းက ယာဉ်မောင်းသူ လမ်းပေါ် အာရုံစိုက်နိုင်ဖို့ ဦးစားပေး စဉ်းစားပြီး ဒီဇိုင်းထုတ်ထားတယ်။
သတင်းအချက်အလက်ဖျော်ဖြေရေးစနစ် infotainment system က BMW ရဲ့ စနစ်ဖြစ်ပါတယ်။

ကားအင်ဂျင် ဂီယာဘောက်စ် စတဲ့ ပါဝါထရိန်း တစ်စုံလုံးက BMW ရဲ့ ပါဝါထရိန်းကို သုံးစွဲထားပါတယ်။
2.0 Supra  ကားမော်ဒယ်မှာ  2.0-liter turbo-4 အင်ဂျင် ထိုင်ပေးထားတယ်။ စွမ်းအား 255 hp ရှိတယ်။ 
နောက်ထပ် မော်ဒယ်တစ်မျိုးဖြစ်တဲ့ 3.0 Supra ကားမော်ဒယ်မှာတော့ 3.0-liter ဆလင်ဒါ ခြောက်လုံး အင်ဂျင် တပ်ဆင်ပေးထားပြီး စွမ်းအား 382 hp ထွက်တယ်။ သုညမိုင်မှ တစ်နာရီ မိုင် ၆၀ သို့ လေးစက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်တယ်။ 

 

 

Toyota Supra ကိုယ်ရေးရာဇဝင် အကျဉ်း

၁၉၇၈ ခုနှစ်မှာ စတင်မွေးဖွားခဲ့တဲ့ Toyota Supra က အခုဆိုရင် မျိုးဆက် ၅ ဆက်မြောက်ကို ရောက်ရှိပါပြီ။
ပထမမျိုးဆက်ကို လူကြိုက်များတဲ့ Toyota Celica အပေါ် အခြေခံပြီး ဒီဇိုင်းထုတ်ခဲ့ပါတယ်။ စစချင်းမှာ ဂျပန်ပြည်တွင်းဈေးကွက်ထဲမှာ Celica XX မော်ဒယ်အမည်ဖြင့် ရောင်းချပါတယ်။ အမေရိကန်ကို တင်ပို့ရောင်းချတဲ့အခါ Celica Supra အမည်ဖြင့် ရောင်းချပါတယ်။ အင်ဂျင်က 2.0-liter inline-six  ဖြစ်ပြီး EFI ဖြင့် ဆီကျွေးပါတယ်။ စွမ်းအား 123 hps ရှိတယ်။ 
မူကွဲ နှစ်မျိုးထုတ်လုပ်ခဲ့တာမှာ လက်ထိုး ဂီယာငါးချက်နဲ့ အော်တိုဂီယာ လေးချက်တို့ ဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်အထိ ထုတ်လုပ်ရောင်းချခဲ့တယ်။ 

၁၉၈၁ ခုနှစ်မှာတော့ ဒုတိယမျိုးဆက် ထွက်ပေါ်လာတယ်။  Orlando Toyota Supra အမည်ဖြင့် ရောင်းချတယ်။ 
 Luxury, L-Type နဲ့ Performance, P-Type ဆိုပြီး မူကွဲနှစ်မျိုး ထုတ်လုပ်တယ်။ ကိုယ်ထည်အမြင်မှာ သိသိသာသာ ကွာခြားကွဲပြားပေမဲ့ စက်ပိုင်းဆိုင်ရာမှာတော့ အတူတူပဲ ဖြစ်ပါတယ်။ 

၁၉၈၄ ခုနှစ်မှာ အင်ဂျင်ပါဝါတိုးပြီး 160 hp ထုတ်ပေးနိုင်တဲ့ အင်ဂျင်ဖြင့် ထုတ်လုပ်ခဲ့တယ်။ 

၁၉၈၅ ခုနှစ်မှာ  ဒီဇိုင်းပိုင်း အပြောင်းအလဲ ရှိခဲ့တယ်။

၁၉၈၆ ခုနှစ်မှာ တတိယမျိုးဆက်ကို ထုတ်လုပ်ခဲ့တယ်။ Celica Supra လို့ အမည်မသုံးတော့ဘူး။ လူကြိုက်များတဲ့ စီလီကာ Celica အမည်ကို ဖယ်ထုတ်လိုက်ပြီး  Supra အဖြစ် စတင်ရပ်တည်ခဲ့ရာ Toyota Supra လို့ အမည်ပေးတယ်။ 

၁၉၉၂ ခုနှစ်မှာ စတုတ္ထမျိုးဆက် ထုတ်လုပ်တယ်။  ၂၀၀၂ ခုနှစ်အထိ ထုတ်လုပ်ရောင်းချခဲ့တယ်။ ရောင်းအားကျဆင်းလို့ ထုတ်လုပ်မှု ရပ်တန့်လိုက်တယ်။ ၂၀၀၂ မှာ  Toyota Supra အငြိမ်းစား ယူသွားပြီ။ နောက်ထပ် ပဉ္စမမျိုးဆက် မထုတ်လုပ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ 

ခုနစ်နှစ်အကြာ ၂၀၁၉ မှာ မမျှော်လင့်ဘဲ Toyota Supra ပဉ္စမမျိုးဆက် ပြန်လည်ထွက်ပေါ်ခဲ့တယ်။ နောက်ထပ် အံ့အားသင့်စရာက ဂျာမန်ကားလုပ်ငန်း BMW နဲ့ ပူးပေါင်းလုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ BMW Z2 ကို အခြေခံပြီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ 

 2022 Toyota Supra က ပဉ္စမမျိုးဆက် နောက်ဆက်တွဲ ထုတ်လုပ်တဲ့ မော်ဒယ် ဖြစ်ပါပြီး BMW Z4 M40i ကို အခြေခံထားတယ်လို့ သိရပါတယ်။ 
 

Read 601 times