ယာဉ်တိုက်မှု ဘေးကင်းရေးအတွက် Blind Spot Monitor


Blind Spot Monitor ဆိုသည်မှာ ကားအတွင်းတွင်ပါဝင်သော အာရုံခံကိရိယာတစ်ခုဖြစ်ပြီး ကား၏ဘေးနှင့် အနီးနားတွင်ရှိနေသော အခြားယာဉ်များကို ကားမောင်းသူသိရှိစေရန် အာရုံခံအသိပေးပါသည်။

ထိုကဲ့သို့အသိပေးသောနေရာတွင် မြင်သာစေရန်သာမက အသံ၊ တုန်ခါမှု သို့မဟုတ် အထိအတွေ့များဖြင့် သတိပေးနိုင်ပါသည်။

သို့သော် Blind Spot Monitor များသည် ကား၏ ဘေးနှစ်ဖက်နှင့် အနောက်ဘက်ကို စောင့်ကြပ်ကြည့်ရှုခြင်းထက်ပိုသော ရွေးချယ်စရာ Option တစ်ခု ဖြစ်ပါသည်။

Blind Spot Monitor တွင် ကားပါကင်ထိုးသည့်အခါ ယာဉ်တစ်စီးစီ အနားကပ်လာချိန်တွင် ကားမောင်းသူကို အချက်ပြပေးမည့် Cross Traffic Alert ကဲ့သို့ နည်းပညာမျိုးလည်း ပါဝင်တက်ပါသည်။

Blind Spot နည်းစနစ်ကို George Platzer ဆိုသူက ၁၉၉၅ ခုနှစ်က မော်တော်ယာဉ်အင်ဂျင်နီယာများအသင်း (Society of Automotive Engineers) စာတမ်းဖတ်ပွဲတွင် ပထမဆုံးအနေနှင့် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

သို့သော် ကားဘေးဘက်နှင့် အနီးကပ်နေရာက အရာဝတ္တုများကို မြင်သာနိုင်မည့် ဖြေရှင်းချက်များအစား ကားမောင်းသူကိုယ်တိုင် မမြင်ကွယ်ရာမှ အရာများကို ချင့်ချိန်တွက်ချက်ခြင်းသည် ဈေးမကြီးခြင်းကြောင့် ကားမောင်းသူများအနေဖြင့် ကားဘေးဘက်နောက်ကြည့်မှန်ကိုသာ ပုံမှန်အတိုင်းအသုံးပြုခဲ့ကြပါသည်။

နောက်ပိုင်းတွင် Platzer သည် သူ၏ Blind Spot Monitor အတွက် မူပိုင်ခွင့်ရရှိခဲ့ပြီး Ford Motor Company နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ပါသည်။

Blind Zone Mirror ကိုလည်း ထိုပြဿနာအတွက် သင့်လျော်ညီညွတ်ပြီး ဈေးမကြီးသော ဖြေရှင်းချက်တစ်ခုအဖြစ်သိကြပါသည်။

ယခုနောက်ပိုင်းတွင် Blind Spot Monitor တင်သာမက သူနှင့်ဆက်စပ်ပတ်သတ်သော ထပ်တိုးနည်းပညာများလည်း အများအပြားပေါ်ပေါက်လာပါသည်။

BLIS ဟု သိကြသော Blind Spot Information System သည် Volvo ကားကုမ္ပဏီမှ ဖန်တီးလိုက်သော မော်တော်ယာဉ် ကာကွယ်ရေးနည်းစနစ်တစ်ခုဖြစ်ပါသည်။

Volvo ၏ ယခင်က မိခင်ကုမ္ပဏီကြီးဖြစ်သော Ford သည် ထိုစနစ်ကို Ford၊ Lincoln နှင့် Mercury အမှတ်တံဆိပ်များအတွက် အသုံးပြုခဲ့ပါသည်။

ထိုစနစ်ကို အသစ်မွမ်းမံထားသော ၂၀၀၇ မိုဒယ် Volvo S80 ဆီဒန်ကားတွင် ပထမဆုံးအနေနှင့် မိတ်ဆက်အသုံးပြုခဲ့ပါသည်။

Mazda တွင် BSM ဟု အတိုကောက်ခေါ်ဝေါ်သော Blind Spot Monitor ကို အသုံးပြုခဲ့သေ ပထမဆုံး ဂျပန်ကားကုမ္ပဏီဖြစ်ပါသည်။

ထိုစနစ်ကို ၂၀၀၈ မိုဒယ် Mazda CX-9 Grand Touring ကားတွင် ပထမဆုံး ထည့်သွင်းမိတ်ဆက်ခဲ့ပါသည်။

 

Read 619 times