အနက်ရောင်စတေကာက ဘယ်လိုကပ်ခွင့်ရှိတာလဲ


ရာသီဥတုကြောင့် အနက်ရောင်စတေကာကပ်ချင်နေတဲ့ ယာဉ်မောင်းတွေရှိကြပါလိမ့်မယ်။ စတေကာအမဲကြီးတွေကပ်လို့ အမြဲတမ်းစည်းကမ်းလိုက်နာခဲ့တဲ့ ယာဉ်မောင်းတွေဖြစ်တဲ့အတွက် စည်းကမ်းဖေါက်ရာကျသွားမှာကို စိုးရိမ်းနေတဲ့ယာဉ်မောင်းကောင်းတွေလည်းရှိနေပါလိမ့်မယ်။

ဘယ်လိုရာခိုင်နှုန်းနဲ့ ဘယ်လိုကပ်ခွင့်ရှိတာလဲဆိုတာကို တိတိကျကျမသိတာလည်းပါတာပေါ့။ ဒါကြောင့် ယာဉ်အသုံးပြုသူ ညီအကိုတွေအတွက်အနက်ရောင်စတေကာရာခိုင်နှုန်းလေးကို ဒီလိုပြောပြချင်ပါတယ်။ ကြားဖူးထားကြတဲ့အတိုင်း ၆၀ ၄၀ ပါ။

မြင်နိုင်စွမ်း ၆၀ မမြင်နိုင်စွမ်း ၄၀ ပါ။ ပိုပြီးနားလည်အောင်ထပ်ရှင်းပြရရင် မြင်နိုင်စွမ်း ၆၀ ဆိုတာ ကားထဲမှာရှိတဲ့ လူ၊ အရာဝတ္ထုစသည်တို့ကို ၆၀ ရာခိုင်နှုန်းကောင်းစွားမြင်ရခြင်းကိုဆိုလိုပါတယ်။

မမြင်နိုင်စွမ်း ၄၀ ဆိုတာကတော့ ကားထဲမှာရှိတဲ့ လူ၊ အရာဝတ္ထုစသည်တို့ကို ၄၀ ရာခိုင်နှုန်းမမြင်ရခြင်းကိုဆိုလိုပါတယ်။ မြင်နိုင်စွမ်း ၆၀% မမြင်နိုင်စွမ်း ၄၀% ဆိုတာ အဲ့ဒီလိုအဓိပ္ပါယ်ပါ။

ဒီတော့ မိမိကားကို စတေကာကပ်ချင်လို့ ဆိုင်မှာရောက်တဲ့အခါ မြင်နိုင်စွမ်း ၆၀ မမြင်နိုင်စွမ်း ၄၀ လို့သေချာပြောဆိုရင်း စတေကာနဲ့ပတ်သတ်လို့ စည်းကမ်းဖေါက်ရာကြနေမလားဆိုတဲ့စိတ်လေး ပျယ်ဖေါက်လိုက်လို့ရပါပြီ။

(မှတ်ချက်-အငှားယာဉ်များ/AA,BB,CC, စသည့် Taxi ယာဉ်များကတော့ စတေကာအမဲ၊ လိုက်ကာတပ်ဆင်ခြင်း ၊လေစုပ်ခွက်၊ ကြော်ငြာကပ်ခြင်းများပြုလုပ်မောင်နှင်ခြင်းမပြုရလို့ ယမန်နှစ်ကထဲက စာထုတ်ပြန်ထားသည်ကိုတွေ့ရပါသည်)

Credit;ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Read 7374 times