ကားပိုင်ရှင်များကို ပို၍ လုံခြုံစိတ်ချမှုပေးနိုင်သည့် Black Boxes



ဖြစ်ရပ်မှတ်တမ်းများကို အသံဖမ်းခြင်း (EDR)ကို Black Boxe များဖြင့်ကောင်းမွန်စွာမှတ်တမ်းတင်ထားခြင်းကြောင့် ကားတစ်စီးမတော်တဆမှုကို စုံစမ်းရာတွင် အရေးပါသော ကဏ္ဍတွင် ရှိလာပါသည်။

ထိုကား Black Boxes များသည် ကိုယ်ရေးကိုယ်တာနှင့် ပတ်သတ်သည့်ကိစ္စရပ်များကို လည်း မှတ်တမ်းတင်ထားသောကြောင့်တစ်ချို့လူများမှဝေဖန်ကြသော်လည်း မတော်တဆယာဉ်တိုက်ခိုက်မှုများကို မှတ်တမ်းတင်ပေးနိင်သောကိရိယာဖြစ်သောကြောင့် ကားတစ်စီးတွင်ရှိသင့်ရှိထိုက်သော ကိရိယာတစ်ခုဖြစ်ပါသည်။

ထို ကား Black Boxes ကို အသုံးပြုခြင်းဖြင့် ကားယာဉ်တိုက်မှုမဖြစ်ခင်နှင့် ဖြစ်ပွားပြီးစပ်ကြားတွင်ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်လုပ်ဆောင်ချက်များ၊ ကားဘရိတ်ဖမ်းခြင်းများ၊ အမြန်နှုန်းများ၊ ကားလည်ပတ်မှုများအား စက္ကန့်နှင့်အမျှ မှတ်တမ်းတင်ပေးထားသောကြောင့် ယာဉ်ထိန်းရဲများနှင့် ကားအာမခံကုမ္ပဏီများအတွက် အထောက်အကူဖြစ်စေသကဲ့သို့ ကားပိုင်ရှင်အတွက်လည်း သတင်းတိကျခြင်းကြောင့် အကျိုးအမြတ်များ ရရှိစေနိုင်ပါသည်။

ထိုကား Black Boxes အသုံးပြုခြင်းသည် မျက်မြင်သက်သေမရှိသော အဝေးပြေးလမ်းများ မှောင်ရိပ်လမ်းများတွင် မသမာသူများရန်မှ ကာကွယ်ပေးနိုင်ပါသည်။

နောက်ပိုင်းထုတ်ကားများတွင် ထိုကိရိယာကို တပ်ဆင်ထားသော်လည်း မတပ်ဆင်ရသေးသော သူများရှိကြောင်း သိရပါသည်။

၁၉၉၆ ခုနှစ်တွင် ထိုကိရိယာကို ပထမဆုံးစတင်အသုံးပြုခဲ့ပြီး နောက်ပိုင်းထွက်ကားသစ်များ၏ ၇၀ ရာခိုင်နှုန်းနှင့် ၈၅ ရာခိုင်နှုန်းခန့်တွင် ထို Black Boxes ကို တပ်ဆင်အသုံးပြုလျက်ရှိနေကြောင်းသိရပါသည်။

တန်ဖိုးကြီး ကား Black Boxes များကို မဝယ်ချင်လျှင် စက်သုံးဆီတစ်ခါထည့်စာခန့်သာ ကုန်ကျမည့် Black Boxes များကိုလည်း တပ်ဆင်နိုင်ပါသည်။

ဈေးနှုန်းများမှာ အကြမ်းဖျင်းအားဖြင့် G 30 car camcorder ကို ကျပ ်၁၈၀၀၀ ဝန်းကျင်ဝယ်ယူနိုင်မည်ဖြစ်ပြီး K 6000 car camcorder ကို ကျပ် ၁၉၀၀၀ ဝန်းကျင်ဝယ်ယူနိုင်မည့်အပြင် T626 full HD car DVR ကို ကျပ် ၄၈၀၀၀ ဝန်းကျင်ဖြင့် ဝယ်ယူနိုင်ကြောင်းသိရပါသည်။

 

Read 632 times