အီးဗီကဏ္ဍ ဖွံဖြိုးရေးအတွက် ယွမ်ဘီလီယံချီ ထောက်ပံ့


အီးဗီကဏ္ဍ ဖွံဖြိုးရေးအတွက် ယွမ်ဘီလီယံချီ ထောက်ပံ့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

တရုတ်နိုင်ငံ၏ လျှပ်စစ်ကားကဏ္ဍကို တရုတ်အစိုးရက ထောက်ပံ့ကြေးများ ပေးအပ်ရာတွင် များပြားသဖြင့် တရုတ်အီးဗီများ ဈေးသက်သက်သာသာဖြင့် ရောင်းချနိုင်ကြခြင်း ဟုတ်မဟုတ် ဥရောပကော်မရှင်က စုံစမ်းစစ်ဆေးမည်ဟု ကြေညာပြီး စိစစ်နေသည်။

တရုတ်လျှပ်စစ်ကားကဏ္ဍမှ စတော့အိပ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ ဘဏ္ဍာရေးကို လေ့လာဆန်းစစ်ချက်များအရ အစိုးရငွေ အများအပြားသည် မဟာဗျူဟာအရ အရေးပါသော လျှပ်စစ်ကားကဏ္ဍထဲသို့ အမှန်တကယ် စီးဝင်နေသည်ဟု Nikkei Asia က သတင်းဆောင်းပါး တင်ပြသည်။

စတော့အိပ်ချိန်း စာရင်းဝင် တရုတ်ကုမ္ပဏီ ၅,၀၀၀ ကျော်တွင် ယခုနှစ် ပထမနှစ်ဝက်အတွင်း  အစိုးရ ထောက်ပံ့ကြေး အများဆုံး ရရှိသည့် ထိပ်တန်း(၁၀) ကုမ္ပဏီစာရင်းတွင် တရုတ်အီးဗီကုမ္ပဏီများ၊ အီးဗီဘက်ထရီ ထုတ်လုပ်သည့် တရုတ်ကုမ္ပဏီများ ပါဝင်သည်။ 

တရုတ်နိုင်ငံ ရှန်ကျန်းမြို့ အခြေစိုက် အီးဗီဘက်ထရီ လုပ်ငန်းကြီး Contemporary Amperex Technology CATL သည် ထိပ်တန်း(၁၀) စာရင်းတွင် ထိပ်ဆုံးမှာ ရှိနေသည်။ ယခုနှစ် ပထမ ၆ လတာအတွင်း အစိုးရ ထောက်ပံ့ကြေး ယွမ် ၂.၈၅ ဘီလီယံ (ကန်ဒေါ်လာ ၃၉၁ သန်း) ရရှိထားသည်။ ယမန်နှစ် ပထမနှစ်ဝက်ထက် ၃ ဆနီးပါးကို ယခုနှစ် ပထမနှစ်ဝက်တွင် ရရှိခဲ့သည်။

 
ကွမ်တုံအခြေစိုက် အီးဗီဘက်ထရီ လုပ်ငန်းကြီး EVE Energy သည် ယခုနှစ် ပထမနှစ်ဝက်တွင် အစိုးရ ထောက်ပံ့ကြေး ယွမ် ၁.၀၈ ဘီလီယံ ရရှိခဲ့သည်။ ယမန်နှစ် ပထမနှစ်ဝက်ထက် ၄ ဆခန့်ကို ယခုနှစ် ပထမနှစ်ဝက်တွင် ရရှိခဲ့သည်။
EVE Energy ၏ လက်အောက်ခံ လုပ်ငန်းခွဲ ၆၀ ကျော်တို့က ရရှိခဲ့ကြခြင်း ဖြစ်သည်။ 

လျှပ်စစ်ကား ထုတ်လုပ်သည့် လုပ်ငန်းများတွင် နိုင်ငံပိုင်လုပ်ငန်း SAIC Motorသည် အစိုးရထောက်ပံ့ကြေး အများဆုံး ရရှိသည်။ ယခုနှစ် ပထမနှစ်ဝက်တွင် ယွမ် ၂ ဘီလီယံကျော် ရရှိသည်။ SAIC သည် ဓာတ်ဆီ အင်ဂျင်ကားများ ထုတ်လုပ်လျက်ရှိပြီး အီးဗီထုတ်လုပ်မှုဆီသို့ ကူးပြောင်းနေသည်။ Volkswagen နှင့်လည်းကောင်း၊ General Motors နှင့်လည်းကောင်း ဖက်စပ်လုပ်ငန်း ထူထောင်ထားပြီး အီးဗီမော်ဒယ်များ ထုတ်လုပ်သည့်အပြင် ကိုယ်ပိုင် အမှတ်တံဆိပ်ဖြင့်လည်း အီးဗီများ ထုတ်လုပ်သည်။

အီးဗီရောင်းအားတွင် ဦးဆောင်နေသည့် BYD သည် SAIC ပြီးလျှင် အစိုးရထောက်ပံ့ကြေး ဒုတိယအများဆုံး ရရှိသည့် လုပ်ငန်း ဖြစ်သည်။ ယခုနှစ် ပထမနှစ်ဝက်တွင် ယွမ် ၁.၇၈ ဘီလီယံ ရရှိသည်။ ယမန်နှစ်ထက် ၃ ဆနီးပါး ရရှိခဲ့ခြင်း ဖြစ်သည်။

အစိုးရ ထောက်ပံ့ကြေး တတိယအများဆုံး ရရှိသည့် လုပ်ငန်းမှာ Chongqing Changan Automobile ဖြစ်ပြီး ယခုနှစ် ပထမနှစ်ဝက်တွင် ယွမ် ၈၅၆ သန်း ရရှိသည်။

 

 

ယမန်နှစ် ၂၀၂၂ ခုနှစ်အတွက် အစိုးရ ထောက်ပံ့ကြေး အများဆုံး ရရှိသည့် ထိပ်တန်း(၁၀) ကုမ္ပဏီစာရင်းတွင် SAIC, CATL နှင့် Great Wall Motors တို့ပါဝင်သည်။
လွန်ခဲ့သည့် ၅ နှစ်တာ းအတွက် အစိုးရ ထောက်ပံ့ကြေး အများဆုံး ရရှိသည့် ထိပ်တန်း(၁၀) ကုမ္ပဏီစာရင်းတွင် Anhui Jianghuai Automobile Group (JAC) နှင့် Guangzhou Automobile Group (GAC) တို့ ပါဝင်သည်။
 
Source Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 228 times