အီးဗီတွင် တရုတ်ကို အမေရိကန်မယှဉ်နိုင်ဟု  Ford ထူထောင်သူ ဟင်နရီဖို့ဒ်၏ မြေးက ပြောကြား


အီးဗီတွင် တရုတ်ကို အမေရိကန်မယှဉ်နိုင်ဟု  Ford ထူထောင်သူ ဟင်နရီဖို့ဒ်၏ မြေးက ပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Ford Motor ၏ အမှုဆောင် ဥက္ကဋ္ဌ Bill Ford က အမေရိကန်သည် လျှပ်စစ်ကားများ ထုတ်လုပ်ရာတွင် တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်ရန် အဆင်သင့် မဖြစ်သေးကြောင်း ပြောကြားခဲ့သည်။
.
Bill Ford သည် Ford Motor ကုမ္ပဏီတည်ထောင်သူ Henry Ford ၏ မြေး ဖြစ်ပါသည်။
.
"သူတို့က အလွန်လျင်မြန်စွာ ဖွံ့ဖြိုးလာတယ်။ ပြီးတော့ အကြီးအကျယ် လုပ်ကြတယ်။ အခုဆိုရင် သူတို့က ပြည်ပကို တင်ပို့နေကြပြီ၊" ဟု Ford က CNN သတင်းဌာန၏ အစီအစဉ်တစ်ခုတွင် ပြောကြားခဲ့သည်။ 
.
"သူတို့က ဒီမှာ မရှိသေးပေမယ့် တစ်ချိန်ချိန်မှာတော့ ဒီကို ရောက်လာကြမယ်လို့ ကျွန်တော်တို့ထင်ပါတယ်။ ကျွန်တော်တို့ အသင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အသင့်ဖြစ်ဖို့ လုပ်နေကြပါတယ်" ဟု Ford က ပြောသည်။
.
 ဖေဖော်ဝါရီလတွင် Ford Motor  သည် တရုတ်ဘက်ထရီကုမ္ပဏီ CATL ထံမှ နည်းပညာကိုအသုံးပြုရန် သဘောတူညီချက်ဖြင့် အမေရိကန်နိုင်ငံ မီရှီဂန်ပြည်နယ်တွင် လျှပ်စစ်ကားဘက်ထရီစက်ရုံ တည်ဆောက်ရန်အတွက် ကန်ဒေါ်လာ ၃.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်း ကြေညာခဲ့သည်။
မစ်ရှီဂန်ဘက်ထရီစက်ရုံသည် Ford အင်ဂျင်နီယာများအတွက် နည်းပညာကို လေ့လာသင်ယူပြီး ကိုယ်တိုင်အသုံးပြုရန် အခွင့်အလမ်းတစ်ခုဖြစ်သည်။
“မစ်ရှီဂန်ဘက်ထရီစက်ရုံဟာ Ford ရာနှုန်းပြည့် ပိုင်ဆိုင်တဲ့ စက်ရုံပါ။ သူတို့က ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့လုပ်နေတာက နည်းပညာလိုင်စင်ပါ" ဟု ၎င်းက ပြောကြားသည်။
Ford အမှုဆောင်အရာရှိချုပ် Jim Farley က အီး‌ဗီကဏ္ဍတွင် Ford Motor ၏ အဓိကပြိုင်ဘက်များမှာ GM , Toyota တို့ မဟုတ်ဘဲ တရုတ်လျှပ်စစ်ကားထုတ်လုပ်သူများသည်သာ အဓိကပြိုင်ဘက်များဖြစ်ကြောင်း မေလတွင် ပြောကြားခဲ့သည်။
တရုတ်ကားထုတ်လုပ်သူများကို အနိုင်ရဖို့ ဆိုသည်မှာ Ford သည် ကွဲကွဲပြားပြား ထူးခြားသော အမှတ်တံဆိပ်တစ်ခု ဖြစ်ဖို့လိုကြောင်း၊ ကုန်ကျစရိတ် လျှော့ချဖို့ လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
  Source indiatimes

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 292 times