ဟနွိုင်းတွင် စက်ဘီး သီးသန့်လမ်း စမ်းသပ်မည်


ဟနွိုင်းတွင် စက်ဘီး သီးသန့်လမ်း စမ်းသပ်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ သယ်ယူပို့ဆောင်ရေးအာဏာပိုင်များသည် To Lich မြစ်တစ်လျှောက်နှင့် Hoa Binh Park အနီးတစ်ဝိုက်တွင် စက်ဘီးသီးသန့်လမ်းကြောင်းနှစ်ခုကို စမ်းသပ်ရန် အဆိုပြုထားသည်။
.
ဟနွိုင်းတွင် လူထုအတွက် စက်ဘီးအငှား ဝန်ဆောင်မှုကို ဩဂုတ်လ ၂၄ ရက်တွင် စက်ဘီး အစီး ၁,၀၀၀ ဖြင့် စတင်ခဲ့သည်။ လျှပ်စစ်စက်ဘီး အစီး ၅၀၀ ပါဝင်ပြီး အငှားဌာန ၇၉ ခု ဖွင့်လှစ်ထားသည်။ 
ရင်းနှီးမြှုပ်နှံသူနှင့် အော်ပရေတာ Tri Nam Group JSC ၏ အဆိုအရ အဆိုပါဝန်ဆောင်မှုသည် ယခုအထိ သုံးစွဲသူပေါင်း ၁ သိန်းကျော် ရှိပြီး ငှားရမ်းကြိမ်ရေ ၁၃၅,၀၀၀ ကျော် ရှိသည်။ အငှားစက်ဘီးများဖြင့် သွားလာခဲ့ကြသည့် ခရီးတာ စုစုပေါင်း  ကီလိုမီတာ ၈၄၀,၀၀၀ ကျော် ရှိသည်။


စက်ဘီး သီးသန့်လမ်းတခုမှာ To Lich မြစ်နဘေး တလျှောက် ၂.၃ ကီလိုမီတာ ရှည်သည်။ နောက်ထပ် လမ်းတခုမှာ Hoa Binh Park အနီးတစ်ဝိုက်တွင်ဖြစ်ပြီး ၅.၇ ကီလိုမီတာ ရှည်သည်။

စက်ဘီးသီးသန့်လမ်းကြောင်းသည် လမ်းအကျယ် ၃ မီတာ ရှိသည်။ ၂ မီတာမှာ အသွားအပြန် စက်ဘီးယာဉ်ကြော ၂ ခုအတွက် ဖြစ်ပြီး ၁ မီတာမှာ ခြေလျင် သွားလာသူများအတွက် ဖြစ်သည်။ 

အဆိုပါ လမ်းပိုင်းနှစ်ခု ဖောက်လုပ်ရန် ကုန်ကျစရိတ်မှာ ဒေါင် ၁၀ ဘီလီယံ (US$411,000) ဟု ခန့်မှန်းထားသည်။


ဇူလိုင်လအထိ ဟနွိုင်းတွင် ကားအစီးရေ တစ်သန်းကျော်နှင့် မော်တော်ဆိုင်ကယ် အစီးရေ ၆.၅ သန်းရှိသည်။  မြို့တွင်း စက်ဘီးအရေအတွက်နှင့် ပတ်သက်သည့် အချက်အလက် မရှိ‌သေးပါ။

Source vnexpress 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 928 times