၂၀၂၃ ထိုင်းနိုင်ငံမှာ အရောင်းရဆုံး အီးဗီ အမှတ်တံဆိပ်များနှင့် မော်ဒယ်များ


၂၀၂၃ ထိုင်းနိုင်ငံမှာ အရောင်းရဆုံး အီးဗီ အမှတ်တံဆိပ်များနှင့် မော်ဒယ်များ

 

TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U


BYD သည် ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံတွင် အရောင်းရဆုံး လျှပ်စစ်ကားအမှတ်တံဆိပ် ဖြစ်လာခဲ့သည်။  အစီးရေ ၃၀,၅၀၀ ကျော် ရောင်းချခဲ့ရပြီးအရောင်းရဆုံး မော်ဒယ် BYD Atto 3 (Yuan Plus) SUV အစီးရေ ၁၂,၅၀၀ ကျော် ရောင်းချခဲ့သည်။


ထိုင်းအစိုးရသည် ငွေကြေး ပံ့ပိုးမှုများဖြင့် အီးဗီ ကဏ္ဍ ထွန်းကားအောင် ဆောင်ရွက်လျက်ရှိသည်။ 
၂၀၂၃ ခုနှစ်တွင် အီးဗီ တစ်စီး ဝယ်ယူလျှင် ဘတ် ၁ သိန်းခွဲ (အမေရိကန်ဒေါ်လာ ၄,၃၀၀) ကို ထောက်ပံ့ကြေး ပေးခဲ့သည်။ 
၂၀၂၄ ခုနှစ်တွင် ထောက်ပံ့ကြေးကို ဘတ် ၁ သိန်း (ကန်ဒေါ်လာ ၂,၈၅၀) ဟု လျှော့ချသတ်မှတ်ပါသည်။


BYD ၏ ထိုင်းနိုင်ငံတွင် အောင်မြင်မှုသည် မဟာဗျူဟာမြောက် မိတ်ဖက်လုပ်ငန်း၏ ရလဒ်ဖြစ်ပါသည်။
BYD သည် ထိုင်းပြည်တွင်းဈေးကွက်အတွက် Rever Automotive ကုမ္ပဏီနှင့် မဟာမိတ်ဖွဲ့ထားသည်။
Rever Automotive သည် နာမည်ကြီး Siam Motors Group (SMG) ၏ မိသားစုဝင်တစ်ဦးမှ ဦးဆောင်သည့် ကုမ္ပဏီ ဖြစ်သည်။ 

"ထိုင်းမော်တော်ကားဘုရင်" ဟု လူသိများသော SMG သည် ဂျပန်ကုမ္ပဏီများ၏  မော်တော်ကား တပ်ဆင်ထုတ်လုပ်မှုများနှင့် ကားအစိတ်အပိုင်းများ ထုတ်လုပ်ပေးသွင်းရာတွင် ကြီးစိုးထားသည်။

လက်ရှိတွင် BYD သည် ထိုင်းတွင် အရောင်းပြခန်း ၉၉ ခု ဖွင့်လှစ်ထားသည်။ BYD Atto 3, BYD Dolphin, BYD Seal မော်ဒယ် ၃ ခု ရောင်းချသည်။ 
ယခုနှစ်တွင် ထိုင်းနိုင်ငံမှာ အီးဗီ စတင်ထုတ်လုပ်မည့် အစီအစဉ် ရှိသည်။


၂၀၂၃ ထိုင်းနိုင်ငံမှာ အရောင်းရဆုံး အီးဗီ အမှတ်တံဆိပ်များနှင့် ရောင်းချခဲ့သည့် အစီးရေများစာရင်း
 
BYD – 30,650 
Neta – 12,777 
MG – 12,764 
Tesla – 8,206 
Ora – 6,746 

Hozon Auto ၏ Neta နှင့် MG တို့သည် မတိမ်းမယိမ်း အခြေအနေမှာ ရှိနေပြီး BYD သည် ဒုတိယနေရာမှ Neta နှင့် အပြတ်အသတ် ကွာခြားပါသည်။ 
Neta သည် crossover အငယ်စား Neta V မော်ဒယ် တမျိုးတည်းသာ ထိုင်းမှာ ရောင်းချပါသည်။
ဈေးနှုန်းမှာ ဘတ် ၅၄၉,၀၀၀(15,700 USD) ဖြစ်ပါသည်။ 
Neta သည် ထိုင်းနိုင်ငံတွင် အီးဗီများ ထုတ်လုပ်နေပြီ ဖြစ်ပါသည်။ 


၂၀၂၃ ထိုင်းနိုင်ငံမှာ အရောင်းရဆုံး အီးဗီ မော်ဒယ်များနှင့် ရောင်းချခဲ့သည့် အစီးရေများစာရင်း

BYD Atto 3 – 19,214
Neta V – 12,777
BYD Dolphin – 9,410
Ora Good Cat – 6,712 
Tesla Model Y – 5,881
MG 4 – 4,833
MG EP – 4,475
Tesla Model 3 – 2,324
BYD Seal – 1,810
MG ZS EV – 1,753

Source: Autolife Thailand
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U

Read 246 times