ကမ္ဘာတစ်လွှား ရောင်းအကောင်းဆုံး မော်တော်ယာဉ်များ


တစ်နိုင်ငံနှင် တစ်နိုင်ငံ ရောင်းအကောင်းဆုံး မော်တော်ယာဉ် တူသည်လည်း ရှိတယ်။ မတူသည်လည်း ရှိတယ်။ 

လူနေထူထပ်ပြီး ကားစီးသူများရင် ယာဉ်ရပ်နားရန် နေရာ အခက်အခဲရှိလို့ အရွယ်သေးတဲ့ကားကို ရွေးချယ်တဲ့သူ ပိုများလိမ့်မယ်။ လမ်းတွေရဲ့ အခြေအနေက ကြမ်းတမ်းရင် နုတဲ့ကားတွေ စီးသူနည်းမယ်။ ဗိုက်မလွတ်တဲ့ကားတွေ ရောင်းအား နည်းမယ်။ 

တိုင်းပြည်မှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ကားထုတ်လုပ်ငန်းတွေနဲ့ ဘဏ်ချေးငွေ ရနိုင်ပုံအရလည်း ကားအရောင်းရဆုံးစာရင်းကို အဆုံးအဖြတ်ပေးတယ်။ စက်ရုံတည်ထားတဲ့ နိုင်ငံနဲ့ လိုက်ဖက်ညီတဲ့ကားတွေကို ကားဝယ်စီးတဲ့သူတွေ သုံးနိုင်တဲ့ငွေပမာဏနဲ့ ဆီလျော်အောင် လုပ်ပေးနိုင်တာကလည်း အရေးပါတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ 

Budget Direct Car Insurance  က သုတေသနလုပ်ပြီး ကမ္ဘာတစ်လွှားမှာ ဘယ်နိုင်ငံမှာ ဘယ်ကားအရောင်းကောင်းဆုံးလဲဆိုတာ မြေပုံကားချပ် ဆွဲပေးထားတယ်။ အခြေခံထားတဲ့ အချက်အလက်တွေက ၂၀၁၉ ခုနှစ် တစ်နှစ်တာ ရောင်းအားတွေကို ၂၀၂၀ ခုနှစ်မှာ ကောက်ခံရယူပြီး မြေပုံ ထုတ်ပေးထားတာ ဖြစ်ပါတယ်။ ကားကုမ္ပဏီအရ ရေးဆွဲထားတာ ဖြစ်ပါတယ်။ ကားမော်ဒယ်အလိုက်ကိုတော့ သီးခြားဇယားဖြင့် ဖော်ပြပေးထားပါတယ်။ 
ကမ္ဘာ့မြေပုံကို ဖုန်းစခရင်ထဲမှာ ကြည့်ရတာ မလွယ်လှဘူး။ ကုမ္ပဏီ အမည်စာလုံးလေးတွေ သေးသေးလေးတွေ လိုက်ဖတ်ဖို့လည်း မလွယ်လှဘူး။ လက်မနဲ့ လက်ညှိုးသုံးပြီး ချဲ့ကြည့်ဖို့တော့ လိုပါလိမ့်မယ်။ 

 

တစ်ကမ္ဘာလုံးကို ခြုံငုံပြီး ကြည့်လိုက်ရင် Toyota က ကြီးစိုးထားတယ်

ဂျပန်ကားထုတ်လုပ်သူ Toyota က နှစ်ပေါင်းအတော်ကြာ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကားထုတ်လုပ်သူဖြစ်နေခဲ့ပြီး အမေရိကန်မှ လျှပ်စစ်ကား ထုတ်လုပ်သူ Tesla က သရဖူကို  Toyota ထံမှ ရယူသွားတယ်။  အဲဒါက ကုမ္ပဏီရဲ့ စတော့ရှယ်ယာ အားလုံးရဲ့ စုစုပေါင်း ဈေးကွက်တန်ဖိုးအရ ဆုံးဖြတ်ထားတာ ဖြစ်ပြီး ရောင်းအားစီးရေအရ Toyota  က သရဖူဆောင်းထားဆဲ ဖြစ်ပါတယ်။  စာရင်းကောက်ထားတာ နိုင်ငံပေါင်း ၁၀၄ နိုင်ငံ အကျုံးဝင်ပြီး ရောင်းအကောင်းဆုံး နိုင်ငံ ၄၁ နိုင်ငံ ရှိပါတယ်။ 

စဉ်

နိုင်ငံ

TOYOTA မော်ဒယ်

ယာဉ် အမျိုးအစား

Indonesia

Avanza

Van

Kazakhstan

Camry

Sedan

Ireland

Corolla

Sedan

Israel

Corolla

Sedan

Latvia

Corolla

Sedan

Pakistan

Corolla

Sedan

Taiwan

Corolla

Sedan

Venezuela

Fortuner

SUV

Samoa

Hiace

Van

၁၀

Argentina

Hilux

Truck

၁၁

Australia

Hilux

Truck

၁၂

Botswana

Hilux

Truck

၁၃

Cote d’Ivoire
(Ivory Coast)

Hilux

Truck

၁၄

Fiji

Hilux

Truck

၁၅

Kenya

Hilux

Truck

၁၆

Lesotho

Hilux

Truck

၁၇

Malawi

Hilux

Truck

၁၈

Namibia

Hilux

Truck

၁၉

Panama

Hilux

Truck

၂၀

Peru

Hilux

Truck

၂၁

Solomon Islands

Hilux

Truck

၂၂

South Africa

Hilux

Truck

၂၃

Swaziland (Eswatini)

Hilux

Truck

၂၄

Thailand

Hilux

Truck

၂၅

Tonga

Hilux

Truck

၂၆

Bahrain

Land Cruiser

SUV

၂၇

Kuwait

Land Cruiser

SUV

၂၈

Lebanon

Land Cruiser

SUV

၂၉

Oman

Land Cruiser

SUV

၃၀

Qatar

Land Cruiser

SUV

၃၁

United Arab Emirates

Land Cruiser

SUV

၃၂

Yemen

Land Cruiser

SUV

၃၃

Angola

Land Cruiser J70

SUV

၃၄

Papua New Guinea

Land Cruiser J70

SUV

၃၅

Estonia

Rav4

SUV

၃၆

Iceland

Rav4

SUV

၃၇

American Samoa

Tacoma

Truck

၃၈

Philippines

Vios

Subcompact

၃၉

Vietnam

Vios

Subcompact

၄၀

Cyprus

Yaris

Subcompact

၄၁

Greece

Yaris

Subcompact

၂၀၁၉ ခုနှစ် ရောင်းအကောင်းဆုံး ကားမော်ဒယ် ဖြစ်တဲ့ Toyota Corolla က ထိပ်ဆုံးရောက်တဲ့ နိုင်ငံ ငါးနိုင်ငံပဲ ရှိတာ တွေ့ရတယ်။ အိုင်ယာလန်၊ အစ္စရေး၊ လက်ဗီယာ၊ ပါကစ္စတန်နဲ့ တိုင်ဝမ်တို့ ဖြစ်ပါတယ်။ 

Toyota Hilux ပစ်ကပ်ထရပ်က နိုင်ငံပေါင်း ၁၆ နိုင်ငံတို့မှာ အရောင်းရဆုံးကားမော်ဒယ် ဖြစ်ခဲ့ပါတယ်။ တိုယိုတာ ပစ်ကပ် လို့ ပြောဆိုလိုက်ရင် Toyota Hilux  ကို ပြောဆိုကြတာ ဖြစ်တဲ့အထိ နာမည်ကျော်ပါတယ်။ Toyota Hilux က အာဂျင်တီးနား၊ သြစတေးလျ၊ ဘော့ဆွာနာ၊ အိုင်ဗရီကို့စ်၊ ဖီဂျီ၊ ကင်ညာ၊ လီဆိုသို၊ မာလာဝီ၊ နမီးဘီးယား၊ ပနားမား၊ ပီရူး၊ ဆော်လမွန်ကျွန်းစုများ၊ တောင်အာဖရိက၊ ဆွာဇီလန် ၊ ထိုင်း၊ တွန်ဂါ နိုင်ငံများမှာ ရောင်းအကောင်းဆုံး ဖြစ်ခဲ့ပြီး အရောင်းရဆုံးနိုင်ငံ အများဆုံး ကားမော်ဒယ်ဖြစ်ခဲ့ပါတယ်။

နိုင်ငံတစ်ခုမှာ ရောင်းအကောင်းဆုံးကား ဖြစ်ဖို့ အရေးပါတဲ့အချက်က ပြည်တွင်းမှာ ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။ အစိုးရတွေက ပြည်တွင်းထုတ် ကားတွေနဲ့ ပြည်ပမှ တင်သွင်းတဲ့ကားတွေကို အခွန်ကိစ္စမှ ခွဲခြားဆက်ဆံပေးလေ့ ရှိတယ်။ ပြည်တွင်းထုတ် ကားတွေ ဝယ်စီးချင်အောင် အခွန် လျော့ပေါ့ပေးတဲ့ အစီအစဉ်တွေ ပြဋ္ဌာန်းပေးထားလေ့ ရှိတယ်။ ပြည်တွင်းထုတ်ကားတွေကို ဖြစ်ဖြစ်မြောက်မြောက် အရည်အသွေးကောင်းကောင်းနဲ့ ထုတ်လုပ်နိုင်ရင် ပြည်တွင်းဈေးကွက်ထဲမှာ တစ်ပန်းသာတယ်။ ပြည်တွင်းကားထုတ်လုပ်သူတွေအဖို့ အားတောင့်တင်းဖို့လည်း လိုတယ်။ နိုင်ငံတကာ ကားထုတ်လုပ်ရေးလုပ်ငန်းကြီးတွေရဲ့ ပြည်တွင်းထုတ်ကားတွေ ရောင်းအကောင်းဆုံး ဖြစ်နေတာကို အများဆုံး တွေ့ရပြီး အထူးသဖြင့် ဥရောပနိုင်ငံတွေမှာ တွေ့ရပါတယ်။ 

ပြည်တွင်းထုတ်ကား ရောင်းအကောင်းဆုံး နိုင်ငံများစာရင်းကို ဖော်ပြအပ်ပါတယ်။ 
 

နိုင်ငံ

ကားမော်ဒယ်

Czech Republic

Škoda Octavia

France

Peugeot 208 I

Germany

VW Golf

India

Maruti Alto

Iran

SAIPA Pride

Italy

Fiat Panda

Japan

Honda N-BOX

Malaysia

Perodua Myvi

Romania

Dacia Logan

Russia

Lada Granta

South Korea

Hyundai Grandeur

Spain

SEAT León

Sweden

Volvo S/V60

U.S.

Ford F-150

 

မော်တော်ယာဉ် အမျိုးအစားတွေမှာ “passenger vehicles” လို့ အမျိုးအစားသတ်မှတ်တဲ့ အိမ်စီးကားတွေ အရောင်းရဆုံး ဖြစ်ပါတယ်။ အိမ်စီးကားတွေ ဖြစ်တဲ့ sedans ၊ hatchbacks နဲ့ subcompacts တို့ အကျုံးဝင်ပါတယ်။ နိုင်ငံပေါင်း ၅၇ နိုင်ငံမျာ အရောင်းရဆုံး မော်တော်ယာဉ်များဟာ အိမ်စီးကားအမျိုးမျိုး ဖြစ်ပါတယ်။ 

မော်တော်ယာဉ်အမျိုးအစားအရ အရောင်းရဆုံးနိုင်ငံ အရေအတွက်စာရင်းကို ဖော်ပြအပ်ပါတယ်။
Hatchback: ၁၂ နိုင်ငံ
Sedan: ၂၅ နိုင်ငံ
Sedan/Wagon: ၁ နိုင်ငံ
Subcompact: ၁၉ နိုင်ငံ

ထရပ်အပေါ့စား “light trucks” နဲ့  လုပ်ငန်းသုံးယာဉ် အပေါ့စား “light commercial vehicles” အမျိုးအစားခေါင်စဉ်အောက်မှာ ထရပ်၊ ဗင်နဲ့ SUV တို့ ပါဝင်ပြီး နိုင်ငံပေါင်း ၄၇ နိုင်ငံမှာ အရောင်းရဆုံး ကားများ ဖြစ်ပါတယ်။ 

မော်တော်ယာဉ်အမျိုးအစားအရ အရောင်းရဆုံးနိုင်ငံ အရေအတွက်စာရင်းကို ဖော်ပြအပ်ပါတယ်။
SUV: ၂၀ နိုင်ငံ
Truck: ၂၄ နိုင်ငံ
Van: ၃ နိုင်ငံ

ယခုအခါ လျှပ်စစ်ကားခေတ်ကို ဦးတည်ရွေ့လျားနေတဲ့အတွက် လျှပ်စစ်မော်တော်ယာဉ်  electric vehicle (EV) တွေကလည်း ဈေးကွက်မှာ တစ်စထက် တစ်စ နေရာပိုရလာတယ်။ အီးဗီဖြစ်တဲ့ Tesla Model 3 ဟာ ရောင်းအကောင်းဆုံး ဖြစ်တဲ့ နိုင်ငံ ၂ နိုင်ငံ ဈေးကွက်ဝေစုကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပါတယ်။ နယ်သာလန်နဲ့ နော်ဝေးတို့ ဖြစ်ပါတယ်။ 
 

နိုင်ငံ

မော်ဒယ်

ယာဉ် အမျိုးအစား

Netherlands

Tesla Model 3

Sedan

Norway

Tesla Model 3

Sedan

 

တရုတ်အပါဝင် အစိုးရတွေက အီးဗီခေတ်ရောက်ဖို့ တွန်းပို့နေကြတယ်။ မော်တော်ယာဉ်တွေ ထုတ်လုပ်ဖို့ ချစ်ပ်တွေ မလောက်မင ဖြစ်နေတယ်။ ကားစီးသူတွေ ကိုဗစ်ဒဏ် အနည်းနဲ့အများ ထိနေတာကြောင့် ကားအရောင်းရဆုံးမြေပုံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ ခန်းမှန်းနိုင်ပါတယ်။ 

MyanmarAutomobileGuide

 

 

 

 

Read 1089 times