Jato Dynamics ၏အချက်အလက်များအရ ပြီးခဲ့သည့် ၂၀၁၈ တွင် ကမ္ဘာ့အကြီးဆုံးကားဈေးကွက် ၃၀ တွင် အရောင်းရဆုံးကားများစာရင်းကိုဖော်ပြပေးလိုက်ပါတယ်။
(၁) အမေရိကန်ဈေးကွက်-Ford F Series
Ford F Series ဟာ အမေရိကန်ဈေးကွက်မှာသာမက ကမ္ဘာ့ဈေးကွက်မှာတောင် နေရာယူထားပါတယ်။ ဘော်ဒီပုံစံ ၊ Trim Option အများကြီး မှာယူနိုင်သလို စွမ်းဆောင်ရည်ကလည်း Raptor လိုပဲ မြင်းကောင်ရေ 450hp နဲ့ ရုန်းအား 510lb ft ရှိပါတယ်။ 909,330 စီးရောင်းချခဲ့ရပါတယ်။
(၂) တရုတ်ဈေးကွက်-Nissan Sylphy
လက်ရှိကားဈေးကွက်ကိုဦးဆောင်နေတဲ့ တရုတ်ဈေးကွက်မှာ ကားသေးဖြစ်တဲ့ Nissan Sylphy တွေက တော်တော်လေးအောင်မြင်နေသလို အခြားအာရှအရှေ့ပိုင်းဈေးကွက်တွေမှာလည်း လူကြိုက်များလှတဲ့ မော်ဒယ်တစ်ခုဖြစ်ပါတယ်။ 481,216 စီးရောင်းချခဲ့ရပါတယ်။
(၃) ဂျပန်ဈေးကွက်-Honda N-box
ဂျပန်မှာဆိုရင် လမ်းအခြေအနေ ၊ စီးပွားရေးကုန်သွယ်မှု ၊ ဆီစားသက်သာမှု စတာတွေမှာသင့်တော်တဲ့ Kei car တွေက ဈေးကွက်ဝင်ပါတယ်။ ဒါကြောင့် Honda N-Box တွေက Nissan Note တွေကိုကျော်ပြီး အရောင်းရဆုံးအဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။ 241,870 စီးရောင်းချခဲ့ရပါတယ်။
(၄) အိန္ဒိယ-Suzuki Alto
ပြည်တွင်းမှာတပ်ဆင်ထုတ်လုပ်တဲ့ Maruti Suzuki Alto တွေက တန်ဖိုးနည်းပြီးအဆင်ပြေတဲ့အတွက် လူကြိုက်များလှပါတယ်။ 796cc petrol engine သုံးထားတဲ့ ဒီကားက နိုင်ငံအတွင်းကားသစ်ရောင်းချရမှု ရဲ့53% ကိုသိမ်းပိုက်ထားပါတယ်။ 234,471 စီးရောင်းချခဲ့ရပါတယ်။
(၅) ဘရာဇီး-Chevrolet Onix
ဘရားမှာဆိုရင်တော့ Chevrolet Onix ဟာ အရောင်းရဆုံးကားဖြစ်ခဲ့ပါတယ်။ 210,451 စီးထိ ရောင်းချခဲ့ရပါတယ်။
(၆) ဂျာမနီ-Volkswagen Golf
ဂျာမနီမှာကတော့ Volkswagen Golf ဟာ အရောင်းရဆုံးကားဖြစ်ခဲ့ပြီး 172,434 စီးရောင်းချခဲ့ရပါတယ်။