တစ်ပတ်အတွင်း ကားဈေးကွက်


ပြည်ပမှ တင်သွင်းသော Brad New ကားများ အရောင်းအဝယ်အေးသလို ပြည်တွင်းဈေးကွက် လိုအပ်ချက်ပေါ်မူတည်ပြီး တပ်ဆင်ထုတ်လုပ်ရောင်းချနေသည့် SKD ကားများမှာလည်း အဝယ်နည်းနေသည်။

ဈေးကွက်အတွင်း ရောင်းကားရှားပါးလာသည့် ကျပ်သိန်းနှစ်ရာ ဝန်းကျင် ၁၃၀၀ စီစီ ကားများနှင့် အက္ခရာအနိမ့်တက္ကစီများသာ အရောင်းအဝယ်ဖြစ်နေသည်။

ကားအရောင်းစင်တာများတွင်ရှိသော နံပါတ်ထွက်ပြီးသား Toyota Vanguard ၊ Kluger ၊ Harrier ၊ Land Cruiser တို့မှာ တစ်လလျှင် အဝယ်ကောင်းမှသာ တစ်စီး၊ နှစ်စီးခန့်သာ အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ကညနမှ နံပါတ်ထုတ်ပေးမှု စာရင်းမှအရ 5Q/6145 နှင့် HH/4008 သို့ ရောက်ရှိနေပြီ ဖြစ်သည်။

Read 2678 times