Best Highway Cars


ခရီးဝေးမောင်းနှင်ရန်အတွက် အကောင်းဆုံးကားများထဲမှ အမျိုးအစားသုံးမျိုး အကြောင်းကို ဖော်ပြပေးလိုက် ပါသည်။

(၁) Dodge Charger

ယင်းကားအမျိုးအစားသည် အမေရိကန်လုပ်နောက်ထပ်ကားတစ်စီးဖြစ်သည့် Dodge Charger သည် Chrysler300 နှင့် တူညီနေသော်လည်း ဈေးနှုန်းမှာတော့ ဒေါ်လာလေးထောင်ခန့်သက်သာသည်ကို တွေ့ရပါသည်။

Dodge ၏ တောင့်တင်းြံကံ့ခိုင်ပြီး ခံ့ညားတင့်တယ်သည့် ကားကိုယ်ထည်ရှေ့မျက်နှာစာမှာ နှေးကွေးသော ကားမောင်းသူများကိုတောင် သွက်သွက်လက်လက်နှင့် နိုးကြားတက်ကြွလာစေပါသည်။

မြင်းကောင်ရေ ၃၇၀ အား5.7liter V8 အင်ဂျင်တပ်ဆင်ထားပြီး ဆီစားနှုန်းမှာအဝေးပြေးလမ်းတွင် တစ်ဂါလန် ၂၅ မိုင်နှုန်းဖြစ်သည်။

ယင်းကားအမျိုးအစား၏ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၂၆,၉၉၅ ရှိကြောင်းသိရသည်။

(၂) Ford Taurus

နည်းပညာသစ်ဖြင့်တည်ဆောက်ထားသော ရှေ့ဘီးယက်စနစ်သုံးတံခါးလေးပါက်ဆီဒန်ကားမိုဒယ် Taurus သည်ကားအတွင်းခန်းကျယ်ဝန်းသကဲ့သို့ကားနောက်ဖုံးမှာလည်း ၂၀ ဒသမ ၁ ကုဗပေရှိသောကြောင့် ခရီးဝေးသွားသည့်အခါ လိုက်ပါစီးနင်းသူများအတွက် သက်သောင့်သက်သာဖြစ်စေပါသည်။

ကားဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၂၆၇၉၀ ရှိကြောင်းသိရသည်။

(၃) Lexus GS 350

အတွင်းခန်းငြိမ်သက်ပြီးအဆင့်မြင့်ဇိမ်ကျစွာအသုံးပြုနိုင်မည့် Lexus GS 350 မှာဇိမ်ကျသက်သာမှုတွင် နာမည်ကြီးပါသည်။

မြင်းကောင်ရေ ၂၆၈ ကောင်အား 3.5Liter V6 အင်ဂျင်ကို တပ်ဆင်ထားသော GS350 သည် Bluetooth ကြိုးမဲ့ချိတ်စနစ်၊ Dual-zone Automatic Climate Control စနစ်နှင့် Keyless Entry and Start တို့အပါအဝင်ခေတ်မီအဆင့်မြင့်သော ကားအတွင်းခန်းသုံး ဇိမ်ခံပစ္စည်းများအစုံအလင်ပါဝင်ပါသည်။

ကားနောက်ဖုံးအကျယ်မှာ ၁၅ ဒသမ ၂ ကုဗပေရှိပြီး ကား၏ ဆီစားနှုန်းမှာ အဝေးပြေးလမ်းတွင် တစ်ဂါလန်ကို ၃၁ မိုင်နှုန်းဖြစ်ပါသည်။

Lexus GS350 ၏ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၃၆,၆၂၀ နှင့်အထက်သတ်မှတ်ထားကြောင်းသိရသည်။

 

 

Read 3001 times