၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံးလျှပ်စစ်ကားအမျိုးအစား (၃) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
(၁) Toyota Prius Prime
လောင်စာဆီစားသုံးစွဲမှု တစ်ဂါလံ ၁၃၃ မိုင် သို့မဟုတ် ဟိုက်ဘရစ် ၅၄ မိုင်နှုန်းသွားနိုင်ပြီး ဈေးနှုန်း အားဖြင့် ဒေါ်လာ ၂၃၀၀၀ ပေးရမယ့် တိုယိုတာ ပရိုက်စ်ပရိုင်းဟာ ဈေးကွက်ထဲ လျှပ်စစ်စွမ်းအင်အမျိုးအစားထဲ လက်တွေ့ကျလွန်းတဲ့ ကားအမျိုးအစားလို့လဲ သတ်မှတ်ထားပါတယ်။ တိုယိုတာ ပရိုင်းကားအမျိုးအစားက လုံးဝ ရပ်နားခြင်းမရှိပဲ တစ်ဂါလံ မိုင် ၁၀၀ နှုန်းကို မရပ်မနားသွားနိုင်မှာဖြစ်ပါတယ်။ ဈေးကွက်ဝယ်ယူသူစစ်တမ်း ဖော်ပြချက်တွေအရ တိုယိုတာ ပရိုက်စ်ပရိုင်းကားအမျိုးအစားဟာ ယခုနှစ် ၂၀၁၉ ခုနှစ်မှာ ယုံကြည်စိတ်ချရ လွန်းတဲ့ ကားအမျိုးအစား ဟိုက်ဘရစ်ကားအမျိုးအစားဖြစ်လာနိုင်တယ်ဆိုတာ ခန့်မှန်းရနိုင်ပါတယ်။ ယာဉ်ပိုင်ရှင်တွေက မည်သည့်တိုင်ကြားစာနဲ့မှ ချို့ယွင်းချက်၊ အားနည်းချက်အပြစ်တွေ အကြောင်း သတင်းပေးပို့ခြင်းတွေလုံးဝမရှိပဲ အမှတ်ပေးဇယား ၉၁ ရာခိုင်နှုန်းအထိ ရရှိခဲ့ပါတယ်။ ဒါက မော်တော်ယာဉ် တွေကြားထဲ အဆင့် ၃ နေရာနဲ့ ဟိုက်ဘရစ်ယာဉ်အမျိုးအစားတွေကြားတဲ့ အဆင့် ၁ နေရာအထိ ရောက်ရှိ လာတဲ့ အခြေအနေလည်းဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအင်အမျိုးအစား အဆင့်မှာဆိုရင်လည်း ပရိုင်းရဲ့ ဆီစား သက်သာပြီး လေထုညစ်ညမ်းမှုလျှော့ချတဲ့ ဟိုက်ဘရစ်စနစ်အသုံးမပြုခင်မှာ လျှပ်စစ်စွမ်းအင်နဲ့ ၂၅ မိုင်အထိ မောင်းနှင်နိုင်ပါတယ်။ အားလုံးကို ခြုံပြီးကြည့်မယ်ဆိုပါက မိုင်ပေါင်း ၆၄၀ မိုင် ခရီးအကွာအဝေး မောင်းနှင်နိုင်ပြီး လျှပ်စစ်စွမ်းအင်ကိုလည်း ပြန်လည်ဖြည့်သွင်းသုံးစွဲနိုင်ကာ စွမ်းအင်လျှော့ချမှုမှာ အကျိုးဖြစ်ထွန်းမှုအကောင်းဆုံး ကားအမျိုးအစားလည်း ဖြစ်ပါတယ်။
(၂) BMW i3
၂၀၁၄ ခုနှစ်တုန်းက စတင်မိတ်ဆက်ချိန် BMW i3 ကားအမျိုးအစားဟာ ယုံကြည်စိတ်ချရမှုအဆင့်မှာ သာမန် အဆင့်သာရရှိခဲ့ပါတယ်။ အဲ့ဒီအချိန်ကတည်းက စတင်ပြီး ကားထုတ်လုပ်သူတွေက အဆင့်သတ်မှတ်ချက် ပိုကောင်းဖို့အတွက် ကြိုးစားဖန်တီးခဲ့ကြတယ်လို့ ဝန်ခံပြောကြားထားပါတယ်။ ၂၀၁၉ ခုနှစ် ကားစီးနင်းအသုံးပြု သူမှတ်တမ်း စာရင်းထုတ်ပြန်မှုထဲ ဘီအမ်ဒဗျလျူရဲ့ BMW i3 ကားအမျိုးအစားဟာ ရမှတ် ၈၉ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးနေရာမှာ ရပ်တည်လာခဲ့ပါတယ်။ တစ်နှစ်တာ ယာဉ်ပိုင်ရှင်များ စာရင်းပြုစုမှု မှတ်တမ်းတွေမှာလည်း BMW i3 က အမြင့်ဆုံးနေရာမှာ ရှိနေခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်မှာ ယာဉ်ရဲ့ စက်မှုပိုင်းဆိုင်ရာနဲ့ အတွင်းပိုင်း ပြဿနာတွေ တိုင်ကြားခြင်း လုံးဝမရှိခဲ့ပါဘူး။ မိုင်ပေါင်း ၁၅၃ မိုင် ခရီးအကွားအဝေးသွားနိုင်တဲ့ အရှိန်၊ စွမ်းရည်နဲ့ ယခုနှစ် ၂၀၁၉ ခုနှစ် ဈေးကွက်အားကောင်းလာခဲ့တာ ဖြစ်ပါတယ်။ လောင်စာသုံးစွဲမှုက လောင်စာစနစ် တစ်ဂါလံ ၁၁၈ မိုင်နဲ့ ညီမျှပြီးသာမန်ထက်ပိုအားစွမ်းအားကောင်းတဲ့ လျှပ်စစ်စွမ်းအင်စနစ်ကို ရရှိမှာလည်းဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မော်ဒယ်ကားအမျိုးအစားမှာဆိုရင် လျှပ်စစ်စွမ်းအင်စနစ်နဲ့ ၁၁၄ မိုင်မောင်းနှင်နိုင်တယ်လို့ သိရပါတယ်။
(၃) Nissan Leaf
ပိုပြီးတိုးတက်ဖွံ့ဖြိုးလာတဲ့ နည်းပညာခေတ်နဲ့ ကားဝယ်ယူသူ အစီရင်ခံစာမှာ လျှပ်စစ်မော်တော်ယာဉ်တွေ အတွက် တစ်ကြိမ်လျှပ်စစ်အားသွင်း မိုင် ၂၀၀ အထိမှ မမောင်းနှင်နိုင်ဘူးဆိုရင် လျှပ်စစ်ကားစွမ်းရည်နဲ့ အဆင့်သတ်မှတ်ချက်ထဲ ဝင်လာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါက အနိမ့်ဆုံးမောင်းနှင်နိုင်မှုအရှိန်နဲ့ လမ်းမပေါ် စမ်းသပ်စစ်ဆေးမှု ၁၅၂ မိုင်မောင်းနှင်နိုင်တဲ့ Nissan Leaf ကားအမျိုးအစားအတွက် နောက်ကျကျန်ရစ်ခဲ့ သလိုဖြစ်စေပါတယ်။ သို့ပေမယ့်လည်း နစ်ဆန်းလိဖ်ရဲ့ စွမ်းအားကောင်းမှု၊ ယုံကြည်စိတ်ချရမှု အဆင့်တွေကတော့ ထိပ်ဆုံးအဆင့်မှာပဲ ရပ်တည်နေဆဲပါ။ လျှပ်စစ်ကား အမျိုးအစားတွေထဲ သင့်တင့်လျှောက်ပတ်ပြီး တတ်နိုင်တဲ့ကား အမျိုးအစားအဖြစ်နဲ့ အဆင့်သတ်မှတ်ချက် ရမှတ်အမြင့်ဆုံးမှာ ရှိနေပါတယ်။ ကားထုတ်လုပ်မှုစတင်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ကတည်းက ယုံကြည်စိတ်ချရမှုအဆင့်က ကောင်းခဲ့ပါတယ်။ ဆယ်စုနှစ်ကျော် ကာလအတွင်းမှာလည်း အမြင့်ဆုံးသတ်မှတ်ချက်ရထားတဲ့ ကားအမျိုးအစားဖြစ် ခဲ့တယ်လို့ သိရပါတယ်။