Bentley ရဲ့ W-12 အင်ဂျင်ကို ၂၀၂၄ ခုနှစ်တွင် ထုတ်လုပ်မှု ရပ်ဆိုင်းမည်


 

Bentley က UK၊ Crewe မှာရှိတဲ့ စက်ရုံကနေ W-12 အင်ဂျင်ထုတ်လုပ်မှုကို ၂၀၂၄ ခုနှစ် ဧပြီလမှာ ရပ်ဆိုင်းတော့မှာဖြစ်ပြီး ဒီလိုရပ်ဆိုင်းလိုက်တာက Volkswagen Group က လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ထုတ်လုပ် မိတ်ဆက်ခဲ့တဲ့ 12 Cylinder အင်ဂျင်ရဲ့ အဆုံးသတ်လည်း ဖြစ်ပါတယ်။ 

 

Bentley က ဒီ W-12 အင်ဂျင်တွေ မသုံးတော့ဘဲ နောက်ပိုင်းမှာ V-8 နဲ့ V-6 Hybrid တွေကိုပဲ ထုတ်လုပ် အသုံးပြုတော့မှာဖြစ်ပြီး ကုမ္ပဏီဟာ Hybrid နဲ့ EV တွေဘက်ကို ကူးပြောင်းတော့မှာ ဖြစ်တယ်လို့ ပြောပါတယ်။ 

 

Advertisement

Click Here >>> Alpha & Omega Co.Ltd.

 

VR-6 အင်ဂျင် ၂ လုံးနဲ့ တည်ဆောက်ထားတဲ့ W-12 အင်ဂျင်တွေက ၂၀၀၀ ခုနှစ် အစောပိုင်းကတည်းက ပုံစံအမျိုးမျိုးနဲ့ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ 

 

၂၀၀၁ ခုနှစ် Tokyo Motor Show ပွဲမှာ Volkswagen Group က 6.0 Litre W-12 အင်ဂျင်သုံးထားတဲ့ Volkswagen Nardo W-12 Coupé ရဲ့ Prototype ကို စတင်မိတ်ဆက်ပေးခဲ့ပြီး မြင်းကောင်ရေအား ၆၀၀ အထိ ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ W-12 Coupé အင်ဂျင်ထုတ်လုပ်မှုကို ရပ်နားခဲ့ပြီး W-12 အင်ဂျင်တွေပဲ ပြန်လည် ထုတ်လုပ်ခဲ့ပါတယ်။ 

 

၂၀၀၁ ခုနှစ် Tokyo Motor Show: Volkswagen Nardo W-12 Coupé

 

VW Group က ထုတ်လုပ်တဲ့ W-12 အင်ဂျင်တွေက ၁၉၉၈ - ၁၉၉၉ ခုနှစ်တွေမှာ Bugatti ပြိုင်ကား Prototype တွေအတွက် ထုတ်လုပ်ခဲ့တဲ့ W-18 အင်ဂျင်နဲ့တော့ Concept ချင်း မတူကြပါဘူး။ 

 

ဒီ W-12 အင်ဂျင်ကို Bentley ရဲ့ Model တွေဖြစ်တဲ့ Continental GT၊ Flying Spur နဲ့ Bentayga တို့မှာ ထည့်သွင်း အသုံးပြုထားတဲ့အပြင် VW Group ရဲ့ နောက်ထပ်ကား Brand တွေဖြစ်တဲ့ Audi A8 နဲ့ Volkswagen Phaeton တို့မှာပါ တပ်ဆင် အသုံးပြုထားပါတယ်။ 

 

Bentley က Model တစ်ခုဖြစ်တဲ့ Batur ကို W-12 အင်ဂျင်ရဲ့ အကောင်းဆုံးနဲ့ နောက်ဆုံး အခြေအနေ ဖြစ်တယ်လို့ ယူဆထားပြီး ဒီ  Model မှာ မြင်းကောင်ရေအား ၇၄၀ အထိ ထွက်တယ်လို့ ပြောပါတယ်။ 

 

Bentley Batur 2023

 

ဒီ Model ဟာ အကုန်ရောင်းထွက်သွားပြီး စိတ်ဝင်စားလို့ ဝယ်ယူချင်သူတွေအတွက် Bentley ရဲ့ တခြား W-12 အင်ဂျင်တပ်ဆင်ပေးထားတဲ့ Model တွေကိုတော့ Order တင်နိုင်တယ်လို့ ဆိုပါတယ်။

Read 311 times