ကမ္ဘာ့စီးပွားရေး အကျဘက်ရောက်နေသော်လည်း Bentley စည်းစိမ်ကားများ ဝယ်နေကြဆဲဟု စီအီးအို ပြောကြား
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
၂၀၂၂ ခုနှစ် ဆောင်းဦးတွင် Bentley Motors ၏ စီအီးအို Adrian Hallmark က Yahoo Finance အား ၎င်း၏ တန်ဖိုးကြီး ဖောက်သည်များ၏ သုံးစွဲမှုပုံစံများကို တစ်ခါမှ မမြင်ဖူးကြောင်း ပြောကြားခဲ့သည်။ Bentley ကားများ အဝယ်များကြသဖြင့် ကျော်ကြားသော ဗြိတိန်ကားထုတ်လုပ်သူ Bentley Motors သည် ထိုစဉ်ကတည်းက ရောင်းအားစံချိန်တင်မည့်နှစ် ဖြစ်တော့မှာ သေချာနေပြီ ဖြစ်သည်။
သို့သော် ရောင်းအား မည်မျှအထိ ကြီးမားမည်ကို ထိုစဉ်က Hallmark မသိနိုင်ခဲ့ပေ။
Bentley Motors သည် တစ်နှစ်တာအတွက် စံချိန်တင်ဝင်ငွေ ဒေါ်လာ ၃.၅၈ ဘီလီယံရှိကြောင်း မတ်လ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ၁၅,၂၇၄ စီး ရောင်းချခဲ့သည်။
၂၀၂၁ ထက် ၂၀၂၂ တွင် ရောင်းအား ဝင်ငွေ ၂၉% ပိုများပြီး စီးရေ ၄% ပိုများသည်။
အမြတ် ၂၀၂၁ တွင် ကန်ဒေါ်လာ ၃၃၈.၂ သန်း ရရှိခဲ့ပြီး ၂၀၂၂ တွင် ကန်ဒေါ်လာ ၇၅၀.၇ သန်း ရရှိခဲ့သဖြင့် ၈၂% မြင့်တက်ခဲ့သည်။
Adrian Hallmark, CEO of Bentley Motors
၎င်းကိန်းဂဏန်းများ ထွက်ပေါ်သည့် အမြတ်ငွေ ပမာဏသည် ကမ္ဘာ့စီးပွားရေး အနာဂတ် မရေမရာ ဖြစ်နေစဉ် အံဩစရာ ကောင်းနေသည်။ Bentley Motors ၏ မိခင်လုပ်ငန်း Audi Group အတွက်လည်း အမြတ်ငွေ ကြီးမားသည့် နှစ်တစ်နှစ် ဖြစ်စေခဲ့သည်။
Hallmark က ၂၀၂၂ သည် ထုတ်လုပ်မှုကဏ္ဍတွင် ချစ်ပ်အပါအဝင် ပစ္စည်းများ အချိန်မီရဖို့ မရေရာသောနှစ် ဖြစ်ခဲ့သည်ဟု ပြောကြားသည်။
ထုတ်လုပ်မှုကဏ္ဍတွင် အဆိုးဝါးဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့ပြီး အရောင်းကဏ္ဍတွင် အကောင်းဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့သည်။
"အခက်အခဲတွေ ရှိခဲ့တယ်။ လချီပြီး ရပ်ထားရတော့မလိုတောင် ဖြစ်ခဲ့တယ်' ဟု Hallmark က ပြောကြားသည်။
Bentley Bentayga SUV model
VW/Audi လုပ်ငန်းစုတို့က Bentley အတွက် လိုအပ်သော ချစ်ပ်များ ရရှိအောင် ကူညီပေးခဲ့ကြသည်။
ယခုအခါ ကြိုတင်အမှာစာများ ၆ လခွဲ ၇ လစာ ထုတ်လုပ်စီးရေအတွက် ရရှိထားသည်။ သို့ဖြစ်ရာ ၂၀၂၃ သည်လည်း အခြေအနေ ဆက်ကောင်းနေဦးမည် ဖြစ်သည်။
ကမ္ဘာတစ်လွှားမှ အမှာစာများ လက်ခံရရှိရာ၌ အမေရိကန်နှင့် ဥရောပတို့တွင် ဝယ်လိုအား ထက်သန်သည်။ တရုတ်တွင်လည်း ဝယ်လိုအား ပြန်ကောင်းလာနေသည်ဟု Hallmark က ပြောကြားသည်။
တရုတ်တွင် ၂၀၂၁ တွင် ရောင်းအား အထွတ်အထိပ် ရောက်ခဲ့ပြီး ၂၀၂၂ တွင် ကျဆင်းသွားခဲ့ရာ ၂၀၁၉ ရောင်းအားရေချိန်သို့ ရောက်ရှိသွားခဲ့သည်။ ၂၀၂၃ ရောင်းအားသည် ၂၀၁၉ နှင့် ၂၀၂၁ ကြားတွင် ရှိလိမ့်မည်ဟု သူက ခန့်မှန်းသည်။
Source finance yahoo
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U