Bentley ရဲ့  5-in-5 အီးဗီ အစီအစဉ် 


Bentley ရဲ့  5-in-5 အီးဗီ အစီအစဉ် 

Bentley က ၂၀၂၅ မှ ၂၀၃၀ အထိ ၅ နှစ်တာတွင် အီးဗီမော်ဒယ် ၁ နှစ် ၁ မျိုး ထုတ်လုပ်သွားမယ့် 5-in-5 အီးဗီ အစီအစဉ်ကို အသိပေး ပြောကြားခဲ့ပါတယ်။

အီးဗီ ထုတ်လုပ်ရေးအတွက် ပေါင် ၂.၅ သန်း သုံးစွဲမယ်လို့ ဆိုပါတယ်။
အင်္ဂလန်မှ Bentley ရုံးချုပ်မှာ ဒီဇိုင်းထုတ်ခြင်းမှ ကားထုတ်ခြင်း အဆင့်အထိ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

Bentley က အပြည့်အဝ လျှပ်စစ်ကားစစ်စစ် မထုတ်လုပ်သေးပါဘူး။ ပလပ်ထိုးအားသွင်း ဓာတ်ဆီ ဘက်ထရီ ၂မျိုးစပ် plug-in hybrid အမျိုးအစားကိုသာ ထုတ်လုပ်ပါတယ်။

2022 Bentley Flying Spur 


Flying Spur နှင့် Bentayga တို့ဟာ ၂မျိုးစပ် plug-in hybrid အမျိုးအစား မော်ဒယ်တွေ ဖြစ်ပါတယ်။
Bentley ရဲ့ စီအီးအို Adrian Hallmark က 5-in-5 အီးဗီ အစီအစဉ်မှ မော်ဒယ် ၅ မျိုးနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်များကိုတော့ ပြောကြားခြင်း မပြုဘဲ plug-in hybrid အမျိုးအစား မော်ဒယ်များ ဖြစ်တဲ့  Flying Spur နှင့် Bentayga တို့ကို အပြည့်အဝ လျှပ်စစ်ကားမော်ဒယ်အဖြစ် ထုတ်လုပ်ဖို့ ရည်ရွယ်ထားကြောင်း အသိပေးပြောကြားပါတယ်။

Bentley Bentayga Hybrid

 

 

 

Read 349 times