Bentley က နှစ်ပေါင်း ၉၀ ကျော်က ကားမော်ဒယ် ပြန်လည်ထုတ်လုပ်မည်
Bentley ကို ပိုင်ဆိုင်တဲ့ BMW က လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀ ကျော်တုန်းက ထုတ်လုပ်ခဲ့ပြီး ကျော်ကြားခဲ့တဲ့ Speed Six မော်ဒယ် Bentley ၁၂ စီး ပြန်လည်ထုတ်လုပ်မယ်လို့ သောကြာနေ့ (ဇွန်လ ၂၄) မှာ ကြေညာပါတယ်။ Speed Six မော်ဒယ်က ဒုတိယကမ္ဘာစစ်မတိုင်ခင်က ထုတ်လုပ်ခဲ့တဲ့ မော်ဒယ် ဖြစ်ပါတယ်။
၁၉၂၉ နှင် ၁၉၃၀ Le Mans ပြိုင်ကားပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ Speed Six မော်ဒယ် ကို မူရင်းမူလအတိုင်း ပြန်လည်ဖန်တီးမှာ ဖြစ်ပါတယ်။
အတည့်အတန်း ဆလင်ဒါ ၆ လုံးထိုး 6.5-liter အရွယ်အစား အင်ဂျင် တပ်ဆင်မှာဖြစ်ပြီး ပါဝါ 200 hp အထိ ပေးနိုင်ပါတယ်။ အမြန်ဆုံး ပြေးနိုင်မယ့် အမြန်နှုန်းက တစ်နာရီ ၁၂၅ မိုင် ဖြစ်ပါတယ်။
သူ့ခေတ်သူ့အခါက အအောင်မြင်ဆုံး Bentley ပြိုင်ကားတွေကို ကားစုဆောင်းတဲ့ သူတွေအတွက် ရည်ရွယ်ပြီး တစ်ဒါဇင် (၁၂ စီး) မျှသာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။
ကားတွေကို သမိုင်းတန်ဖိုး ပြည့်ဝနေစေဖို့ ရှေးမူမပျက် တည်ဆောက်မှာ ဖြစ်ပါတယ်။ စက်တွေအစား လက်ဖြင့် hand-built တည်ဆောက်မှာ ဖြစ်ပါတယ်။
မူရင်း ကားပုံစံဆွဲပြထားတဲ့ စာရွက်စာတမ်းများကို အသေးစိတ်ဆန်းစစ်မှတ်သားပြီး ပုံစံပြန်ဆွဲထားပါတယ်။ မူရင်း Speed Six ကားနှစ်စီး ရှိနေတာနှင့်လည်း လက်တွေ့တိုက်ဆိုင်ကြည့်ပြီး စစ်ဆေးထားပါတယ်။
ရောင်းဈေးက တစ်စီး ယူရို ၁.၅ သန်း(အမေရိကန်ဒေါ်လာ ၁.၅၈ သန်း) ဖြစ်ပါတယ်။
#MyanmarAutomobileGuide
Telegram Channel
https://t.me/Guid4U