ကမ္ဘာ့အမြန်ဆုံး SUV ကားဖြစ်လာမည့် Bentayga Speed ကို Bentley မိတ်ဆက်


Bentley သည် ကမ္ဘာ့အမြန်ဆုံးထုတ်လုပ်မှုမိုဒယ် SUV ကားဖြစ်သည့် Bentayga Speed မိုဒယ်ကို ဂျီနီဗာကားပြပွဲတွင် စတင်မိတ်ဆက်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်တွင် Auto Week ကားသတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့ပါတယ်။

Bentley က အသစ်ထုတ်လုပ်လိုက်သည့် Bentayga Speed ကားတွင် မြင်းကောင်ရေ ၆၂၆ ကောင်အား W12 အင်ဂျင်၊ 8-speed Auto ဂီယာစနစ်၊ ၂၂ လက်မ ကားဘီးခွေနှင့် Bentley Dynamic Ride နည်းပညာတို့ပါဝင်ပြီး သုညမိုင်မှ တစ်နာရီ ၆၂ မိုင်နှုန်းအရှိန်ရရန် အချိန် ၃ ဒသမ ၉ စက္ကန့်သာ ကြာမှာပါတယ်။ Bentley Bentayga Speed ကို အမြင့်ဆုံးအရှိန်နှုန်း တစ်နာရီလျှင် မိုင် ၁၉၀ နှုန်းအထိ မောင်းနိုင်သဖြင့် တစ်နာရီကို ၁၇၈ မိုင်နှုန်းမောင်းနိုင်သော Porsche Cayenne Turbo SUV ၊ တစ်နာရီ ၁၈၉ ဒသမ ၅ ရာခိုင်နှုန်းမောင်းနိုင်သော Lamborghini Urus တို့ကိုကျော်ဖြတ်ကာ ကမ္ဘာ့အမြန်ဆုံး SUV ကားအဖြစ် မှတ်တမ်းတင်နိုင်မည်ဟု သိရပါတယ်။

Bentley Bentayaga Speed ကို Tailgate Spoiler ၊ Dark-tint Radiator ၊ Bumper Grilles တို့ဖြင့် အလှဆင်ထားသလို ထိုင်ခုံများကိုလည်း ပထမဆုံးအဖြစ် Alcantara Faux-suede Trim ချုပ်ရိုးချုပ်သားဖြင့် ဖန်တီးပေးထားပါတယ်။ Speed ထိုင်ခုံကျောမှီတံဆိပ်များ ပါဝင်သော Bentley Bentayga Speed ကို ဝယ်ယူသူအနေဖြင့် Carbon-ceramic Brakes ၊ အနှိပ်စနစ်ပါကာ စိတ်ကြိုက်အနေအထား ၂၂ မျိုးပြောင်းနိုင်သော ရှေ့ထိုင်ခုံတန်း၊ Carbon-fiber Fascia Panels ၊ Bentley Rear-seat Entertainment (RSE) ၊ Mood Lighting တို့နှင့် စိတ်ကြိုက်အလှဆင်ခွင့်ရှိကြောင်း Bentley က ဆိုပါတယ်။ ယခုနှစ်ကုန်ပိုင်းတွင် စတင်ရောင်းချသောအခါမှ Bentley Bentayga Speed ၏ ဈေးနှုန်းကို ကြေညာသွားမည်ဟုသိရပါတယ်။

Ref;Auto Week

Read 588 times