မည်သည့်ကား၏ အင်ဂျင်ဖြစ်စေ သက်တမ်းစေ့လာလျှင် အင်ဂျင်ကျလာပြီး ဆူညံသံ ပေးလာမည်ဖြစ်ပါသည်။ သို့သော် အချိန်မတန်ခင် ဆူညံသံပေးသည့် ဖြစ်ရပ်မျိုး တချို့မိုဒယ်များတွင် တွေ့ကြုံနေရတက်ပါသည်။
ထိုသို့ဖြစ်ရပ်မျိုးကို များသောအားဖြင့် အိမ်စီးကားများတွင် တွေ့ရတတ်ပါသည်။
အိမ်စီးကားဆိုသည်မှာ ဇိမ်ခံမော်ဒယ်လည်းမဟုတ်၊ ပြိုင်ကားလည်းမဟုတ်၊ တန်ကြေးနည်းနည်းဖြင့် စီးနင်းနိုင်အောင် ထုတ်လုပ်ထားသည့် မော်ဒယ်များကို ဆိုလိုခြင်း ဖြစ်ပါသည်။ ယနေ့ ပြည်တွင်းတွင် ခေတ်စားနေသော
သိန်း ၁၀ဝ ကျော်တန် မိုဒယ်များကို ဆိုလိုခြင်းဖြစ်ပါသည်။ ထိုအမျိုးအစားများထဲမှ ကားတစီး၏ သက်တမ်း ကီလို ၂ သိန်း၊ နှစ် ၂၀ မတိုင်ခင် အင်ဂျင်ကျပြီ၊ ညည်းသံထွက်ပြီ ဆိုလျှင် ထိုသို့ဖြစ်ခြင်းသည် မောင်းနှင်သူ၏
နည်းလမ်းမကျသော အသုံးပြုမှုကြောင့်ဖြစ်ပါသည်။
ပထမဆုံးဖြစ်နိုင်သည့် ဖြစ်နိုင်ခြေတစ်ခုမှာ သတ်မှတ်နှုန်းထက် ပိုမိုခိုင်းခြင်းကြောင့် အင်ဂျင် ညည်းသံ အထွက် မြန်စေနိုင်ပါသည်။ ဝန်ပိုတင်ဆောင်မောင်းနှင်ခြင်း၊ ခရီးဝေး မောင်းနှင်မှုမှာ (ဥပမာ မိုင် ၁၀ဝ တဆက်တည်း
မောင်းနှင်နိုင်မှုကို မိုင် ၁၅၀ ကျော်မျိုး တဆက်တည်း မောင်းနှင်မှု)၊ လမ်းကြမ်းမောင်း မော်ဒယ် မဟုတ်ဘဲ လမ်းကြမ်းပိုင်း မောင်းနှင်မှု၊ တောက်တက်လမ်းများတွင် ဂီယာချက် မှန်ကန်အောင် ပြောင်းလဲ မောင်းနှင်မှု မရှိခြင်း၊
လေအေးပေးစနစ်ကို အချိန်ကြာ အနားမပေးဘဲ သုံးစွဲမှု၊ စသည့်အချက်များသည် အင်ဂျင်ကို ညည်းသံပေးမှု မြန်ဆန်စေပါသည်။ ထိုအရာသည် မောင်းနှင်မှုအပိုင်းဖြစ်ပါသည်။
နောက်ထပ် ယာဉ်မောင်းဘက်မှ ပစ္စည်းထည့်သွင်းမှု အားနည်းခြင်းကြောင့်လည်း အင်ဂျင် ညည်းသံပေး မြန်ဆန်နိုင်စေပါသည်။ ဥပမာအားဖြင့် Coolant အရည်ပုံမှန် လဲလှယ်ပေးမှု မရှိခြင်း၊ ရေတိုင်ကီရေ မလဲပေးခြင်း၊ လေစစ်
စစ်ဆေးမှု၊ သန့်စင်ပေးမှု၊ လဲလှယ်ပေးမှု မရှိခြင်း၊ အင်ဂျင်ဝိုင် စစ်ဆေးလဲလှယ်မှု မရှိခြင်း၊
ဂီယာဝိုင် စစ်ဆေးလဲလှယ်ပေးမှု မရှိခြင်း၊ လေပေါင်ချိန် လျော့နည်းနေစေခြင်း၊ အနားပေး မောင်းနှင်မှု မရှိခြင်းများသည် အင်ဂျင် ညည်းသံ အပေးမြန်စေသည့် အချက်များပင်ဖြစ်ပါသည်။
နောက်ဆုံး ဖြစ်နိုင်ချေမှာ ယာဉ်မောင်း၏ မောင်းနှင်မှုပုံစံ အမှားမျိုး ကြောင့်ဖြစ်ပါသည်။ Sport ကား တင်သွင်းမှု ပိတ်ထားသည့် ပြည်တွင်းအနေအထားတွင် Sedan နှင့် တချို့သော Supermini များကို ပြိုင်ကား ပုံစံပြင်ဆင်
စီးနင်းလာကြပါသည်။
သို့သော် မိုဒယ်ကို ပြင်ဆင်လိုက်ရုံဖြင့် ရုပ်ထွက်တွင်သာ ပြောင်းလဲ သွားသော်လည်း အင်ဂျင်မှာ မူရင်းသာဖြစ်ပါသည်။ သို့သော် Sport တစီးကဲ့သို့ အပြိုင်မောင်းနှင်မှုများ၊ ခိုင်းစေမှုများ လုပ်ဆောင်လာပြီ ဆိုလျှင် အနှေးနှင့်
အမြန် အင်ဂျင်က ညည်းသံထွက်လာတော့မည် ဖြစ်ပါသည်။