ကားထဲတွင် အနံ့သက်ဆိုးများရှိနေပါက ကားမောင်းရသည့်အခါတွင် စိတ် အနှောက်အယှက်များ ဖြစ်နိုင်သကဲ့သို့ အတူတကွ လိုက်ပါစီးနင်းသူမှာလည်း စိတ် အနှောက်အယှက်များစွား ရှိနေနိုင်ပါသည်။
ကားထဲသို့ ဝင်ထိုင်လိုက်သည်နှင့် မသန့်ရှင်းခြင်းကို သိသာထင်ရှားစေခြင်းမှာ ဆိုးရွားသော အနံ့အသက်ဆိုးများဖြစ်သည့်အတွက် ထိုအနံ့ဆိုးများကင်စေရန်အတွက် လုပ်ဆောင်သင့်သည်များကို ဗဟုသုတအနေဖြင့် ဖော်ပြပေးလိုက်ပါသည်။
ကားကို သန့်ရှင်းရေးလုပ်ဆောင်ပါ
အခြေခံအကျဆုံးလုပ်ဆောင်မှုမှာ ကားထိုင်ခုံပေါ်၊ ခုံအောက်၊ ကြမ်းခင်းအောက်တွင် ရှိနေတက်သော အမှိုက်သရိုက်များနှင့် ကားထဲတွင်ထားရန်မလိုအပ်သော အရာများကို ရှာဖွေရှင်းထုတ်သင့်ပါသည်။
ကားထိုင်ခုံအနောက်အိတ်များထဲတွင် မုန့်၊ သကြားလုံးများ ရှိမရှိ စစ်ဆေးရန်လိုအပ်သကဲ့သို့ ငှက်ပျောခွံများ၊ ကလေးနို့ဘူးများ၊ ဆေးလိပ်တိုများကိုလညး် စစ်ဆေးဖယ်ထုတ်ပစ်ရန်လိုအပ်ပါသည်။
ကားနောက်ဖုံး (သို့မဟုတ်) ကားနောက်ခန်းထဲမှလည်း အနံ့ဆိုးများ ထွက်နိုင်ခြေ ရှိသောကြောင့် မမေ့လျော့ဘဲ စစ်ဆေးသင့်ပါသည်။
ကားအတွင်းပို်င်း မျက်နှာပြင်များကို သန့်ရှင်းပါ
အဝတ်နုနုကို အသုံးပြုပြီး ကားအတွင်းပိုင်းထဲမှ ပလတ်စတစ်၊ သစ်သား၊ ဖန်နှင့် သတ္တုမျက်နှာပြင်များ အကုန်လုံးကို သုတ်သင့်ပါသည်။
လိုအပ်သောနေရာအလိုက် မှန်ကြည်ဆေးရည်၊ သားရေသန့်စင်ဆေးရည်၊ စသည်များကို သုံးစွဲဖို့ရန် လိုအပ်ပါသည်။
ဒက်ရှ်ဘုတ်မှ ပစ္စည်းထည့်သည့်အံထဲတွင် မလိုအပ်သောအရာများ ရှိမနေစေရန် ရှင်းလင်းထားသင့်ပါသည်။
အခင်းများကို ဘရက်ရှ်ဖြင့် လှည်းကျင်းပါ
ကော်ဇောခင်းများကို ဖုန်စုပ်စက်ဖြင့် မစုပ်ခင်တွင် ဘရပ်ရှ်ကောင်းကောင်းတစ်ခုဖြင့် အညစ်အကြေးများကို လှည်းကျင်းရပါမည်။
ဖုန်များကို စုပ်ထုတ်ပစ်ပါ
ကားထိုင်ခုံများ၊ ကော်ဇောခင်းများ အကုန်လုံးကို ဖုန်စုပ်စက်ဖြင့် စနစ်တကျ စုပ်ထုတ်ပစ်ရပါမည်။
ထို့အပြင် ကားနောက်ဖုံးများ၊ အနောက်ခန်းတွဲများကိုပါ ဖုန်စုပ်စက်ဖြင့် သန့်ရှင်းရေး လုပ်သင့်ပါသည်။
အခြောက်လျှော်ပါ
ထိုင်ခုံများ၊ အခင်ပြားများတွင် စွန်းပေခြင်းများကိုလည်း အညစ်အကြေးသန့်ဆေး (သို့မဟုတ်) အနံ့ပျောက်ဆေးရည်တစ်ခုခုဖြင့် ဆေးကြောနိုင်ပါသည်။
ရေ အများကြီး လောင်း၍ ဆေးသည့်ပုံစံမျိုးမဟုတ်ဘဲ အဝတ်စတစ်ခုကို ဆေးရည်ဆွတ်ပြီး စွန်းထင်းသည့်နေရာလေးကို ပွတ်ပြီး တဘက်ဝတ်လေးဖြင့် သုတ်ခြငး်မျိုး ပြုလုပ်ပေးနိုင်ပါသည်။
လေအေးပေးစနစ်ကောင်းရန် ပြင်ဆင်ပါ
ရှိသမျှ အမှိုက်များဖယ်ပြီး ကားတစ်စီးလုံးအကုန် သန့်စင်ပြီးပါက ကားထဲမှ ပန်ကာများ၊ အဲကွန်းများကို အကုန်လုံးဖွင့်၍ အမွှေးရနံ့ဖျန်းခြင်း၊ အမွှေးဆီပုလင်းထားခြင်း၊ ရနံ့ ကတ်ပြားလေးများ ချိတ်ထားခြင်းများကို
လုပ်ဆောင်၍ အနံ့ဆိုးများကို ဖယ်ထုတ်ပစ်လိုက်နိုင်ပါသည်။