စမတ်ဖုန်း အားသွင်းရာမှ ကားမီးလောင်


စမတ်ဖုန်း အားသွင်းရာမှ ကားမီးလောင်

ကားထဲတွင် စမတ်ဖုန်းများကို အားသွင်းခြင်းသည် ကမ္ဘာတစ်ဝှမ်းရှိ ကားအသုံးပြုသူများစွာတို့အဖို့ ပုံမှန်လုပ်‌နေကျ ဖြစ်ပါသည်။  

စမတ်ဖုန်းများ အားကုန် မသွားအောင် ကားဖြင့် သွားရင်းလာရင်း ကားပေါ်မှာ ဖုန်းအားသွင်းကြပါသည်။ 

အချို့သောအခြေအနေများတွင် ကားပေါ်မှာ ဖုန်းအားသွင်းခြင်းသည် အန္တရာယ်ရှိနိုင်ပါသည်။

 

တရုတ်ပြည်တွင် အလွန်ပူပြင်းသော နေ့ရက်များ ဖြတ်သန်းနေကြစဉ် ကားထဲ ဖုန်းအားသွင်းရာမှ ကားမီးလောင်ကျွမ်းခဲ့ပါသည်။ 

CCTV သတင်းအစီရင်ခံချက်အရ Jiangxi ပြည်နယ်၊ Jiujiang တွင် ရာသီဥတု ပူပြင်းနေစဉ် ကားထဲ ဖုန်းအားသွင်းရာမှ ကားမီးလောင်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ပါသည်။ 

ဆိုးဆိုးဝါးဝါး လောင်ကျွမ်းခဲ့ရာ မီးသတ်ဌာနမှ ကားကို စစ်ဆေးခဲ့ရာ ကားထဲ ဖုန်းအားသွင်းရာမှ မီးထလောင်ခြင်း ဖြစ်ကြောင်း သိရသည်။

 ပြင်ပပတ်ဝန်းကျင် အပူပြင်းထန်နေလျှင် အလုံပိတ်ပြီး ရပ်ထားသော ကားထဲတွင် အပူပိုပြင်းထန်ပါသည်။

မီးလောင်ခဲ့သည့် ကားတစ်စီး၏ ပိုင်ရှင်က ကားထဲတွင် ဖုန်းအားသွင်းသည်မှာ ၁၀ မိနစ်ကျော် ကြာကြောင်း ပြောပြသည်။

ကားကို ရပ်မထားခင်မှာ သူက အမြန်လမ်းပေါ်တွင် အရှိန်ပြင်းပြင်း မောင်းနှင်ခဲ့ကြောင်း ပြောပြသည်။

မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းမှာ အားသွင်းထားသည့် မိုဘိုင်းဖုန်း၏ အရည်အသွေးနှင့် မသက်ဆိုင်ပေ။

အကြောင်းရင်းမှာ ရာသီဥတုနှင့် ကားပိုင်ရှင်၏ ပေါ့ဆမှုတို့ ဖြစ်သည်။ 

မီးသတ်ဌာနမှ စစ်ဆေးချက်အရ သိရသည့် အချက်များမှာ ကားကို တိုက်ရိုက်နေထိုးနေသည်။ ကားအတွင်း အပူချိန် 60°C ဝန်းကျင်အထိ မြင့်တက်နေသည်။ အမြင့်ဆုံးအနေဖြင့် 80°C အထိ ရောက်ရှိနိုင်သည်။

ထိုသို့သောအခြေအနေအောက်တွင် စမတ်ဖုန်း ဘက်ထရီသည် အားသွင်းထားချိန်တွင် အပူလွန်ကဲပြီး ပေါက်ကွဲမီးလောင်နိုင်ပါသည်။ 

#MyanmarICTGuide

Telegram Channel https://t.me/Guid4U

Source: gizchina

Read 6071 times