လျှပ်စစ် SUV လျှော့ဈေးစစ်ပွဲ


လျှပ်စစ် SUV လျှော့ဈေးစစ်ပွဲ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်နိုင်ငံသည် လျှပ်စစ်ကားများအတွက် ဈေးချရောင်းသည့် စျေးနှုန်းစစ်ပွဲအတွက် အစပြုရာဖြစ်ပြီး  စျေးကွက်၏ အကြီးဆုံး အစိတ်အပိုင်းဖြစ်သော SUV အပိုင်းအကန့်တွင် Tesla နှင့် BYD တို့က ကြီးစိုးထားကြသည်။ 

.
SUV ဈေးကွက်အပိုင်းအကန့်တွင် ရောင်းချနေသည့် မော်ဒယ် ၉၀ ကျော် ရှိသည်အထိ ပြည့်ကျပ်နေသည်။ တရုတ်ကားလုပ်ငန်းများနှင့် ပြည်ပကားလုပ်ငန်းများသည် ၂၀၂၃ ဧပြီလတွင် မော်ဒယ်အသစ် ၂၀ ထက်မနည်း စတင်ရောင်းချခဲ့ကြသည်။ ပြည်တွင်းဈေးကွက်မှာ ပြည့်ကျပ်နေသဖြင့် ပြည်ပတင်ပို့ရောင်းချရန် ကြိုးပမ်းကြရသည်။
သို့ဖြစ်ရာ တရုတ်ကားလုပ်ငန်းများသည် ပြည်ပသို့ လျှပ်စစ် SUV များနှင့် ပလပ်ထိုးဟိုက်ဘရစ် SUV များ တင်ပို့ကြသည်။
.
SUV စျေးကွက်သည် တရုတ်နိုင်ငံတွင် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ကြီးထွားလာခဲ့ပြီး ယခုအခါ   ရောင်းချသော ကားအမျိုးအစားအားလုံး၏ ၄၀% နီးပါးကို ဈေးကွက်ဝေစု ရရှိထားသည်။
Tesla သည် တရုတ်ပြည်မှာ ထုတ်လုပ်သော Model Y SUV ကို တရုတ်နိုင်ငံတွင် လွန်ခဲ့သည့် နှစ်နှစ်ခန့်က စတင်ရောင်းချခဲ့ပြီးနောက် လျှပ်စစ် SUV ကားများ ရေပန်းစားမှု မြင့်တက်လာခဲ့သည်။
ကမ္ဘာ့အကြီးဆုံးကားဈေးကွက်ဖြစ်သည့် တရုတ်ကားဈေးကွက်တွင် ကြီးထွားနှုန်း အမြန်ဆုံး ဈေးကွက်အပိုင်းအကန့် ဖြစ်လာခဲ့သည်။

တရုတ်ပြည်တွင်း ဘက်ထရီသုံး SUV ဈေးကွက် အပိုင်းအကန့်ကို Tesla က Model Y ဖြင့် ဦးဆောင်နေသည်။ သို့သော် အပြိုင်အဆိုင်ဖိအား မြင့်တက်လာနေသည်။ ပြီးခဲ့သည့်နှစ် ၃လပတ် ၃ခုအတွင်း ထိပ်တန်း brand  ၇ ခုတို့သည် အစီးရ ၁.၈ သန်း ရောင်းချခဲ့ကြသည်။ 


.
အစဉ်အလာကြီးမားသော  မော်တော်ကား ထုတ်လုပ်သူ Volkswagen၊ BMW နှင့် Toyota တို့သည် တရုတ်နိုင်ငံ၏ ရောင်းအားကို အားကောင်းလာစေရန်အတွက် လျှပ်စစ် SUV ကားသစ်များကို အားကိုးထားကြသည်။
.
တရုတ်ပြည်တွင်း အီးဗီထုတ်လုပ်ရေး လုပ်ငန်းသစ်များ ဖြစ်ကြသည့် Xpeng နှင့် Nio တွင် SUV မော်ဒယ် ၆ မျိုး ရှိသည်။
တရုတ်အစိုးရပိုင် အီးဗီသာ ထုတ်လုပ်သည့် GAC ၏ Aion ကဲ့သို့သော ကားကုမ္ပဏီများကလည်း လျှပ်စစ်ကားစစ်စစ် SUV မော်ဒယ်များ ထုတ်လုပ်ကြသည်။
SUV မော်ဒယ်အသစ်များသည် ရှိနှင့်ပြီးသော SUV မော်ဒယ်များကို ယှဉ်ပြိုင်ကြရသည်။
.
တရုတ်ကားဈေးကွက်တွင် ၂၀၂၀ ခုနှစ်တွင် လျှပ်စစ် SUV မော်ဒယ် ၇၆ ခုသာ ရှိခဲ့သည်။ တစ်နှစ်တာ ပျမ်းမျှရောင်းအား အစီးရေ ၃,၀၀၀ ဝန်းကျင်မျှသာ ရှိခဲ့သည်။
.
တရုတ်ကားဈေးကွက်တွင် ၂၀၂၂ ခုနှစ်တွင် လျှပ်စစ် SUV မော်ဒယ်များ အစီးရေ ၁.၅ သန်း ရောင်းချခဲ့ကြောင်း တရုတ်နိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်သူများအသင်း China Association of Automobile Manufacturers (CAAM)က အချက်အလက် ထုတ်ပြန်ခဲ့သည်။ ထိပ်တန်း brand ၁၀ ခု ဝေစု ၈၄% ရရှိသည်။
 

အသေးစားနှင့် အလတ်စား အရွယ်အစား SUV တို့သည် တရုတ်ကားဈေးကွက်တွင် ပြီးခဲ့သည့် ၁၀ နှစ်တာအတွင်း ဈေးကွက်ဝေစု ကြီးထွားလာခဲ့ပါသည်။ 

 

 

ကားထုတ်လုပ်သူတို့သည် လျှော့ဈေးဖြင့် ဈေးချရောင်းကြပြီး ယှဉ်ပြိုင်ကြသည့် လျှော့ဈေးစစ်ပွဲတွင် ပုံစံ ၂ မျိုးတွေ့ရသည်။
.
Tesla သည် လက်ရှိ ရောင်းချနေသည့် ရောင်းဈေးကို ဈေးချပြီး ရောင်းချသည်။ 
Xpeng, Leapmotor  နှင့် အခြား brand များကလည်း ဈေးချပြီး လျှော့ဈေးဖြင့် ရောင်းချကာ တန်ပြန်ထိုးနှက်သည်။ BYD က ဈေးကွက်မှာ ဦးဆောင်နေရာကို ရနေသည့် Song Plus SUV ကို  $1,000  လျှော့ဈေး ပေးသည်။
.
ဈေးချသည့် နောက်တစ်နည်းမှာ မော်ဒယ်အသစ်ကို ဈေးဖွင့်သောအခါ အများသူငှာ မျှော်လင့်ထားသည့် ဈေးနှုန်းထက် သက်သာနေသည့်ဈေးဖြင့် ဖွင့်သည်။ ဈေးကလည်း အတော်သက်သာနေသည်။ သွားနိုင်သည့် ခရီးတာကလည်း ပိုဝေးဝေး သွားနိုင်သည်။ ပင်ကိုမောင်းနှင်မှုစွမ်းရည်လည်း ပိုကောင်းသည်။ အခြားအဆင့်မြင့် လုပ်ဆောင်ချက်များလည်း ပါသည်။
.
Geely ၏ ပရီမီယံ အထက်တန်းစား အီးဗီ brand ဖြစ်သော Zeekr က crossover အငယ်စား Zeekr X မော်ဒယ်အသစ်ကို $27,500 ဖြင့် ဈေးဖွင့်သည်။ Tesla ၏ Model Y  ထက် ၂၈% ဈေးသက်သာသည်။ 
.
လျှော့ဈေးစစ်ပွဲတွင် ပြည်ပ brand တို့ အထိနာသည်။ Honda CR-V သည် ပထမ၃လပတ်တွင် ရောင်းအား ၅၆% ထိုးကျသည်။
.
Mitsubishi Motors က တရုတ်ဈေးကွက်အတွက်  Outlander SUV ထုတ်လုပ်မှု ၃ လ ရပ်နားရသည်။
.
တရုတ်ပြည်ဖြစ် SUV များသည် ပြည်ပသို့လည်း ရောက်ရှိကြသည်။
.
Tesla နှင့် Renault တို့သည် တရုတ်ပြည်ဖြစ် SUV များကို ဥရောပသို့ အမြောက်အမြား တင်ပို့နေကြသည်။ Tesla က ရှန်ဟိုင်းရှိ ကားစက်ရုံမှ ထုတ်လုပ်သော Model Y crossover များကို ကနေဒါသို့ မကြာသေးမီက ပထမဆုံးအကြိမ် တင်ပို့သည်။ 
တရုတ်ကားထုတ်လုပ်များတွင်လည်း ဉရောပမှာ  ၎င်းတို့၏ SUV များအတွက် ရောင်းအားမြှင့်တင်မည့် အစီအစဉ်များ ရှိသည်။

Zeekr က Zeekr X ကို အနောက်ဥရောပသို့ တင်ပို့မည်။ BYD က Atto 3 SUV ကို ပြည်ပနိုင်ငံများသို့ တင်ပို့နေသည်။

Source Reuters
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 158 times