F-16 တိုက်လေယာဉ်ထက်တောင် မြန်ပါတယ်။ သူ့မှာ 120 kWh Battery ထည့်သွင်းထားပါတယ်။သူ့ရဲ့ နမူနာမော်ဒယ်ကို ဂျနီဖာကားပြပွဲမှာ ပြသခဲ့တာ ဖြစ်ပါတယ်။ သူ့ကို တီထွင်သူများက ကမ္ဘာမှာ စွမ်းရည်အမြင့်ဆုံး ကား လို့ဆိုကြပါတယ်။ ယင်းကားကို Ferraris ကားများထုတ်လုပ်ပေးနေတဲ့ Mahindra ကုမ္ပဏီပိုင် SpA ၏လက်အောက်ခံ Pininfarina ကုမ္ပဏီ က အီတလီမှာ ဖန်တီထုတ်လုပ်ခဲ့တာဖြစ်ပြီး လာမယ့်နှစ်မှာ ရောင်းချမယ်လို့ သိရပါတယ်။ လာမယ့်နှစ်မှာ အဲဒီ ကုမ္ပဏီဟာ သက်တမ်း ၉၀ ပြည့်ပြီလည်း ဖြစ်ပါတယ်။
အားအပြည့်သွင်းထားရင် ၂၈၀ မိုင် မောင်းနှင်နိုင်မှာပါ။ အဲဒီကားကို အစီးရေ ၁၅၀ သာ ထုတ်မှာ ဖြစ်ပြီး အစီး ၅၀ ကိုတော့ အမေရိကန်မှာ ရောင်းချမှာပါ။ ကျန်အစီး ၅၀ ကို ဥရောပနဲ့ အာရှအတွက် ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ စတင် ရောင်းချနိုင်ဖို့ မျှော်လင့်ထားပါတယ်။ အဲဒီကားအတွက် ဒီဇိုင်းအပိုင်းမှာ မော်ဒယ် ၃ ခု ထုတ်လုပ်မှာ ဖြစ်ပါတယ်။ အဲဒီကားကို ကာဘွန်ဖိုက်ဘာနဲ့ တည်ဆောက်ထားပြီး ဘီးတစ်လုံးစီအတွက် မော်တာ တစ်လုံးစီ ထည့်သွင်းထားပါတယ်။ အဲဒီကား ဝယ်သူများရဲ့ ၉၀ ရာခိုင်နှုန်းဟာ နေအိမ်မှာတင် အားသွင်းနိုင်ပြီး ၁၀ ရာခိုင်နှုန်းအတွက် အားသွင်းစက်များကို လမ်းများမှာ တည်ဆောက်ပေးမှာဖြစ်ပါတယ်။
Ref; auto.ndtv.com