များသောအားဖြင့် ကားမောင်းသည့်သူများသည် ကားစက်နှိုး၍မရတော့သည့်အချိန်များတွင် ဘက်ထရီကို တိုက်ရိုက်စစ်ဆေးတက်ကြပါသည်။
သို့သော် တစ်ခါတစ်ရံတွင် ယာဉ်၏ Starter က ပြဿနာရှိခြင်းလည်း ဖြစ်တတ်ပါသည်။
ကားစက်နှိုး၍ မရသည့်အခါ ဖြေရှင်းနိုင်ရန် ပထမဆုံး ဘက်ထရီချို့ယွင်းချက်သည့် လက္ခလေးမျိုးကို သိရှိထားရန်လိုအပ်ပါသည်။
စက်နှိုး၍မရတော့ခြင်း
သင့်၏ ကားအင်ဂျင်ကို စက်နှိုး၍မရတော့ခြင်းသည် ဘက်ထရီတွင် ချို့ယွင်းချက်ရှိခြင်းမှာ အများဆုံးဖြစ်နိုင်ပါသည်။ စတတ်တာ (starter) ချို့ယွင်းခြင်းလည်းဖြစ်နိုင်သော်လည်း ၉၄ ရာခိုင်နှုန်းမှာ
ဘက်ထရီကြောင့်ဖြစ်နိုင်ပါသည်။ ဘက်ထရီစစ်ဆေးသည့်ကိရိယာနှင့် တိုင်းကြည့်သည့်အခါ ဘက်ထရီတွင် ချို့ယွင်းချက်ရှိမရှိ သိနိုင်ပါသည်။ ဘက်ထရီကောင်းနေသေးသည်ဆိုပါက
အားပြန်ဖြည့်သွင်းရန်လိုအပ်နေခြင်းဖြစ်ပါသည်။ စက်နှိုး၍မရခြင်းသည် ဘက်ထရီကြောင့်မဟုတ်ပါက စတတ်တာနှင့် ဘက်ထရီကြိုးများ၏ ချိတ်ဆက်မှုများကို ထပ်မံစစ်ဆေးရမည်ဖြစ်ပါသည်။
ကားမီးများ ဖွင့်၍မရတော့ခြင်း
ကားးကို စက်နှိုး၍မရသည့်အပြင် ကားရှေ့မီးများနှင့် အခြားမီးလုံးများ အားလုံးဖွင့်၍မရတော့ဘူးဆိုလျှင် ဘက်ထရီမှ ချို့ယွင်းသည်မှာ သေချာပါသည်။ Alternator က အလုပ်မလုပ်ခြင်းလည်း ဖြစနိုင်ပါသည်။
အကယ်၍ ကားစက်နှိုး၍မရသော်လည်း ကားရှေ့မီးများက ဖွင့်၍ ရနေသည်ဆိုလျှင် ဘက်ထရီကြောင့် မဟုတ်ဘဲ စတတ်တာ သို့မဟုတ် အင်ဂျင်၏ အစိတ်အပိုင်း တစ်ခုခုတွင် ပြဿနာရှိနေခြင်းဖြစ်ပါသည်။
နောက်နေ့တွင် ချို့ယွင်းခြင်း
ယခင်နေ့က ကောင်းမွန်နေသောဘက်ထရီသည် နောက်နေ့တွင် ချက်ချင်းဆိုသလို ချို့ယွင်းခြင်းဖြစ်ခဲ့လျှင် အများဆုံးဖြစ်နိုင်ခြေမှာ ဘက်ထရီတွင် ချိတ်ဆက်ထားသည့်နေရာမှ လုစ် (loose) ဖြစ်နေခြင်းဖြစ်ပါသည်။
ဘက်ထရီ အဖို၊ အမငုတ်များ ဆက်သွယ်သောနေရာများ လွတ်နေခြင်းဖြစ်သဖြင့် စစ်ဆေးပြီး အလွယ်တကူပြန်လည်ချိတ်ဆက်ပေးရုံဖြင့် ပြန်ကောင်းလာနိုင်ပါသည်။ အကယ်၍ ပြန်မကောင်းလာခဲ့ပါက အမ်ပီယာ
မီတာ သို့မဟုတ် ဗို့ထ်မီတာနှင့် ဘက်ထရီကို စစ်ဆေးခြင်း၊ ကားမီးလုံးများ၊ ဖြူးစ် (Fuse)များ၊ ရေဒီယိုအချက်ပေးကိရိယာ (Alarm) နှင့် အခြားအစိတ်အပိုင်း အားလုံးကို စစ်ဆေးရပါမည်။
ဘယ်အချိန်တွေမှာ အသစ်လဲသင့်သလဲ
ကားဘက်ထရီသည် ခဏခဏ ဒေါင်းနေပြီဆိုလျှင် အသစ်လဲလှယ်သင့်ပါပြီ။ ကားဘက်ထရီကို နှစ်နှစ်ခွဲခန့် အသုံးပြုပြီး အထက်က လက္ခဏာများ ပြလာလျှင် သို့မဟုတ် သုံးနှစ်မှ ငါးနှစ်အထိ အသုံးပြုပြီးလျှင်
ကားဘက်ထရီကို အသစ်လဲလှယ်သင့်ပြီ ဖြစ်ပါသည်။
စတတ်တာကြောင့်လည်း ဖြစ်တတ်သော ကားစက်နှိုး၍မရသည့်ပြဿနာငါးမျိုးကိုလည်း သိရှိထားသင့်ပါသည်။
ဖိကြိတ်သည့်အသံထွက်လာခြင်း
အင်ဂျင်စက်နှိုးသည့်အခါ စက်နှိုး၍မရဘဲ ဖိကြိတ်သည့်အသံမျိုး ထွက်လာခြင်းသည် စတတ်တာ ပြုတ်နေခြင်း သို့မဟုတ် ပုံမှန်အနေအထားမဟုတ်ဘဲ အဆက်အသွယ် ပြတ်တောက်နေခြင်းဖြစ်နိုင်ပါသည်။
ထို့ကြောင့် စက်နှိုးပြီး နားစိုက်ထောင်ခြင်းက စတတ်တာတွင် ပြဿနာရှိ မရှိ သိနိုင်ပါသည်။ ထိုအသံသည် အင်ဂျင်ဖလိုင်းဝှီး (fly wheel) ပျက်စီးလျှင်လည်း ကြားရနိုင်ပါသည်။
မီးခိုးငွေ့ထွက်လာခြင်း
စက်နှိုးလိုက်သည့်အခါ စတတ်တာနေရာမှ မီးခိုးထွက်လာခြင်းမျိုးတွေ့လျှင် စတတ်တာ (starter) သို့မဟုတ် starting circuit မှ ပြဿနာရှိနေခြင်းကို ညွှန်ပြနေပါသည်။ မီးခိုးထွက်လာသည့် လက္ခဏာက စတတ်တာကို
အီလက်ထရစ် ပါဝါထောက်ပံ့သည့်စနစ်က လိုအပ်သည်ထက် ပိုပြီးပေးနေခြင်း၊ စတက်တာက အီလက်ထရစ် ရှော့ခ်ဖြစ်ခြင်း၊ စတတ်တာ၏ အီလက်ထရစ်ကယ်အစိတ်အပိုင်းများကို ချွတ်ယွင်းနေသည်ဆိုခြင်းကို
ပြသခြင်းဖြစ်ပါသည်။ မီးခိုးထွက်လာသည့်အခါ လောင်ကျွမ်းသော အနံ့မျိုးလည်း ရရှိနိုင်ပါသည်။ ထိုကဲ့သို့ဖြစ်ပေါ်ပါက ကျွမ်းကျင်သော ဝပ်ရှော့ဆရာနှင့်ပြသသင့်ပါသည်။
အင်ဂျင်ညည်းသံထွက်လာခြင်း
အင်ဂျင်ကို ဂေါက်တံနှင့် လှည့်သည့်အခါ အင်ဂျင်အလွတ်လည်ပတ်သည်နှင့် စတတ်တာနှင့်နှိုးသည့်အခါ ညည်းသံထွက်လာခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ဖြစ်ခြင်းသည် စတတ်တာဂီယာ (starter gear ) သည် ဖလိုင်းဝှီးနှင့်
အဆက်အစပ်မရှိတော့ဘူးဆိုသော အဓိပ္ပါယ်ဖြစ်ပါသည်။ စတတ်တာကို ပုံမှန်ပြန်လည်တပ်ဆင်ရန် လိုအပ်နေခြင်းဖြစ်ပါသည်။
ဆီစိမ့်ဝင်ခြင်း
စတတ်တာသည် အင်ဂျင်၏ အောက်ခြေပတ်လည်တွင်ရှိသော နေရာများနှင့် အင်ဂျင်က ယိုစိမ့်သောဆီ သို့မဟုတ် အခြားမောင်းနှင်သော အစိတ်အပိုင်းများက ထွက်သော ဆီများ စိမ့်ဝင်လာနိုင်လောက်အောင်
အားနည်းချက်ရှိနေခြင်းဖြစ်ပါသည်။ ဆီစိမ့်ဝင်သော စတတ်တာက သက်တမ်းတိုပါသည်။ ထို့ကြောင့် စက်ချို့ယွင်းမှုမဖြစ်ခင်တွင် စတတ်တာထဲ ဆီစိမ့်ဝင်ခြင်းမျိုးမရှိစေရန် ဆီယိုစိမ့်သည့်နေရာအားလုံးကို
စစ်ဆေးပြုပြင်ရပါမည်။ စတတ်တာကိုလည်း ဆီစိမ့်ဝင်ခြင်းမျိုးမရှိစေရန် ပြန်လည်တပ်ဆင်ရပါမည်။
ဆိုလီနွိုက်ချွတ်ယွင်းခြင်း
ကားစက်နှိုးလိုက်သည်နှင့် ဘက်ထရီက လျှပ်စစ်မီးပတ်လမ်းကို စတတ်တာကို မော်တာနှင့်ချိတ်ဆက်ပေးရန်ကို ဆိုလီနွိုက် (solenoid) က ဆောင်ရွက်ပါသည်။ ထို့ကြောင့် ဆိုလီနွိုက် မပါဘဲနှင့် စတတ်တာက
အလုပ်မလုပ်နိုင်ပေ။ စတတ်တာ၏ ပြဿနာများထဲတွင် ဆိုလီနွိုက်ချွတ်ယွင်းခြင်းလည်း ပါဝင်သည်။ ဆိုလီနွိုက်မကောင်းလျှင် အသစ်လဲလှယ်ရပါမည်။
kumudra