လျှပ်စစ်ကား ဘက်ထရီ အလုံးလိုက်လဲလှယ်စနစ် အောင်မြင်မှု ရရှိ


တရုတ်လျှပ်စစ်ကား ထုတ်လုပ်သည့်ကုမ္ပဏီ NIO က ၎င်း၏ ၁၃၆ ခုရှိသည့် ဘက်ထရီလဲလှယ်ရေး ( battery swap) ရုံများတွင် ဘက်ထရီအလုံးလိုက် လဲလှယ်မှု သန်းတစ်ဝက်ကို ဝန်ဆောင်မှု ပေးခဲ့ပြီးကြောင်း ကြေငြာခဲ့သည် ။

တရုတ်နိုင်ငံ၏ အဝေးပြေးလမ်းမကြီးများတစ်လျှောက် မဟာဗျူဟာကျကျတည်ရှိပြီး၊ ဤဘက်ထရီ အလုံးလိုက် လဲလှယ်ရေးအစီအစဉ်များသည် NIO ယာဉ် သုံးစွဲပြီး ခရီးဝေး သွားကြသူများအား အားအပြည့် မရှိတော့သည့် ဘက်ထရီအား ကားဝမ်းဗိုက်မှ ဖြုတ်ယူပြီ အပြည့်အဝ အားသွင်းထားသည့်ဘက်ထရီဖြင့် မိနစ်အနည်းငယ်အတွင်း ဖြုတ်လဲပေးသည်။

ဘက်ထရီအားအပြည့်ဖြစ်အောင် နာရီအတန်ကြာစောင့်ပြီး အားသွင်းရသည့် ကရိကထမှ ကင်းဝေးစေသည့်အပြင် အဝေးပြေးလမ်းမကြီးများတစ်လျှောက် ခရီးဝေး မောင်းနှင်ဖို့ ဖြစ်နိုင်စေသည်။

ဘက်ထရီ အလုံးလိုက် ဖြုတ်လဲသည်မှာ ၅ မိနစ်ဝန်းကျင်သာ ကြာမြင့်သည်။

အမေရိကန်ပြည်ထောင်စုမှ ထိပ်တန်း လျှပ်စစ်ကားလုပ်ငန်း ဖြစ်သော Tesla ကလည်း ဘက်ထရီလဲလှယ်ခြင်းနည်းပညာကို စမ်းသပ်ခဲ့ဖူးသည်။ အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်တွင် Tesla Model S ပိုင်ရှင်များကို ဖိတ်ကြားပြီးနောက် ဆွေးနွေးရှင်းလင်း ပြသခဲ့သည်။ စိတ်ဝင်စားမှုမရှိကြခြင်းကြောင့် အကောင်အထည် ဖော်နိုင်ခြင်း မရှိချေ။

Tesla ထူထောင်သူ Elon Musk က “ ဒီနယ်မြေထဲမှာ Model S ပိုင်ရှင်တွေကိုစမ်းကြည့်ဖို့ဖိတ်ပြီးပါပြီ။ ပထမဆုံးဖိတ်ကြားမှု ၂၀၀ မှ ာလူလေးယောက်ကငါးယောက်လောက်ပဲစိတ်ဝင်စားခဲ့တာပါ။ ရှင်းနေပါတယ်။ ဆက်လုပ်လို့ မဖြစ်ဘူး။ ဒီတော့ ကုမ္ပဏီအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်သော Supercharger အားသွင်းစနစ်အားတပ်ဆင်ရန်ရွေးချယ်ခဲ့ရပါတယ်" ဟု ပြောသည်။

တရုတ်ပြည်တွင် NIO လျှပ်စစ်ကား သုံးစွဲသူများက သူတို့ဘက်ထရီများကို လျင်မြန်စွာလဲလှယ်ရန် စိတ်အားထက်သန်ကြသည်။ NIO ၏ လက်အောက်ခံကုမ္ပဏီဖြစ်သော NIO Power သည် ဘက်ထရီ အလုံးလိုက် လဲလှယ်ရေးစင်တာများကို ဖွင့်လှစ်ထားပြီး ဝန်ဆောင်မှု ပေးခဲ့ရာ ကြိမ်ရေ သန်းတစ်ဝက် လဲလှယ်နိုင်ခဲ့သည်။

ကားဝမ်းဗိုက်တွင် အထိုင်ချထားသော ဘက်ထရီကို အလုံးလိုက် ဖြုတ်ယူပြီး အားအပြည့်ဘက်ထရီ ပြန်တပ်ပေးခြင်းကို အလိုအလျာက်စနစ်ဖြင့် လုပ်ဆောင်ပေးသည်။

အဆိုပါ ဝန်ဆောင်မှုကိုလက်ရှိတွင် NIO ဖောက်သည်များအတွက် အခမဲ့ ဆောင်ရွက်ပေးလျက် ရှိပြီး ကုန်ကျစရိတ်များကို တရုတ်အစိုးရက ထောက်ပံ့ပေးထားသည်။

70 kWh ဘက်ထရီကို ခရီးတာ ပိုဝေးဝေး သွားနိုင်သည့် 84 kWh သို့မဟုတ် 100 kWh ဘက်ထရီဖြင့် လဲလှယ် တပ်ဆင်လိုပါက အလိုက်ပေးပြီး လဲလှယ်တပ်ဆင်နိုင်သည်။ ထို့အပြင် နည်းပညာ အဆင့်အတန်း ပိုမြင့်သည့် ဘက်ထရီ ပေါ်ပေါက်လာသောအခါ၌လည်း အလိုက်ပေးပြီး လဲလှယ်လိုပါက ဘက်ထရီ အမျိုးအစားအသစ်ကို အလုံးလိုက် ပြောင်းလဲတပ်ဆင်ပေးမည် ဖြစ်သည်။

တရုတ်မြို့ကြီးများတွင် လူအများစုသည် လျှပ်စစ်ကားကို ဘက်ထရီ အားပြန်သွင်းရန် EV charging အခြေခံအဆောက်အအုံများ မရှိသော ကြီးမားသော တိုက်ခန်းအဆောက်အဦးများတွင် နေထိုင်ကြသည်။ သို့ဖြစ်ရာ လျှပ်စစ်ကား စီးမည်ဆိုပါက အားသွင်းစရာနေရာ မရှိသဖြင့် ယခုလို အလုံးလိုက်လဲလှယ်သည့်စနစ် ရှိနေဖို့ လိုအပ်သည်။ လောလောဆယ်တွင် အဝေးပြေးလမ်းပေါ် ခရီးထွက်သည့် ယာဉ်များအတွက် ဘက်ထရီလဲလှယ်ရေးရုံများ ထားရှိပေးထားပြီး မဝေးကွာသော အနာဂတ်တွင် မြို့ကြီးများတွင်လည်း ဘက်ထရီလဲလှယ်ရေးရုံများ ထားရှိနိုင်ရန် စီစဉ်နေသည်။

 

zawgyi

လွ်ပ္စစ္ကား ဘက္ထရီ အလုံးလိုက္လဲလွယ္စနစ္ ေအာင္ျမင္မႈ ရရွိ

တ႐ုတ္လွ်ပ္စစ္ကား ထုတ္လုပ္သည့္ကုမၸဏီ NIO က ၎၏ ၁၃၆ ခုရွိသည့္ ဘက္ထရီလဲလွယ္ေရး႐ုံမ်ားတြင္ ဘက္ထရီအလုံးလိုက္ လဲလွယ္မႈ သန္းတစ္ဝက္ကို ဝန္ေဆာင္မႈ ေပးခဲ့ၿပီးေၾကာင္း ေၾကျငာခဲ့သည္ ။

တ႐ုတ္ႏိုင္ငံ၏ အေဝးေျပးလမ္းမႀကီးမ်ားတစ္ေလွ်ာက္ မဟာဗ်ဴဟာက်က်တည္ရွိၿပီး၊ ဤဘက္ထရီ အလုံးလိုက္ လဲလွယ္ေရးအစီအစဥ္မ်ားသည္ NIO ယာဥ္ သုံးစြဲၿပီး ခရီးေဝး သြားၾကသူမ်ားအား အားအျပည့္ မရွိေတာ့သည့္ ဘက္ထရီအား ကားဝမ္းဗိုက္မွ ျဖဳတ္ယူၿပီ အျပည့္အ ၀ အားသြင္းထားသည့္ဘက္ထရီျဖင့္ မိနစ္အနည္းငယ္အတြင္း ျဖဳတ္လဲေပးသည္။

ဘက္ထရီအားအျပည့္ျဖစ္ေအာင္ နာရီအတန္ၾကာေစာင့္ၿပီး အားသြင္းရသည့္ ကရိကထမွ ကင္းေဝးေစသည့္အျပင္ အေဝးေျပးလမ္းမႀကီးမ်ားတစ္ေလွ်ာက္ ခရီးေဝး ေမာင္းႏွင္ဖို႔ ျဖစ္ႏိုင္ေစသည္။

ဘက္ထရီ အလုံးလိုက္ ျဖဳတ္လဲသည္မွာ ၅ မိနစ္ဝန္းက်င္သာ ၾကာျမင့္သည္။

အေမရိကန္ျပည္ေထာင္စုမွ ထိပ္တန္း လွ်ပ္စစ္ကားလုပ္ငန္း ျဖစ္ေသာ Tesla ကလည္း ဘက္ထရီလဲလွယ္ျခင္းနည္းပညာကို စမ္းသပ္ခဲ့ဖူးသည္။ အေမရိကန္ႏိုင္ငံ ကာလီဖိုးနီးယားျပည္နယ္တြင္ Tesla Model S ပိုင္ရွင္မ်ားကို ဖိတ္ၾကားၿပီးေနာက္ ေဆြးေႏြးရွင္းလင္း ျပသခဲ့သည္။ စိတ္ဝင္စားမႈမရွိၾကျခင္းေၾကာင့္ အေကာင္အထည္ ေဖာ္ႏိုင္ျခင္း မရွိေခ်။

Tesla ထူေထာင္သူ Elon Musk က “ ဒီနယ္ေျမထဲမွာ Model S ပိုင္ရွင္ေတြကိုစမ္းၾကည့္ဖို႔ဖိတ္ၿပီးပါၿပီ။ ပထမဆုံးဖိတ္ၾကားမႈ ၂၀၀ မွ ာလူေလးေယာက္ကငါးေယာက္ေလာက္ပဲစိတ္ဝင္စားခဲ့တာပါ။ ရွင္းေနပါတယ္။ ဆက္လုပ္လို႔ မျဖစ္ဘူး။ ဒီေတာ့ ကုမၸဏီအေနျဖင့္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ျပဳလုပ္ေသာ Supercharger အားသြင္းစနစ္အားတပ္ဆင္ရန္ေ႐ြးခ်ယ္ခဲ့ရပါတယ္" ဟု ေျပာသည္။

တ႐ုတ္ျပည္တြင္ NIO လွ်ပ္စစ္ကား သုံးစြဲသူမ်ားက သူတို႔ဘက္ထရီမ်ားကို လ်င္ျမန္စြာလဲလွယ္ရန္ စိတ္အားထက္သန္ၾကသည္။ NIO ၏ လက္ေအာက္ခံကုမၸဏီျဖစ္ေသာ NIO Power သည္ ဘက္ထရီ အလုံးလိုက္ လဲလွယ္ေရးစင္တာမ်ားကို ဖြင့္လွစ္ထားၿပီး ဝန္ေဆာင္မႈ ေပးခဲ့ရာ ႀကိမ္ေရ သန္းတစ္ဝက္ လဲလွယ္ႏိုင္ခဲ့သည္။

ကားဝမ္းဗိုက္တြင္ အထိုင္ခ်ထားေသာ ဘက္ထရီကို အလုံးလိုက္ ျဖဳတ္ယူၿပီး အားအျပည့္ဘက္ထရီ ျပန္တပ္ေပးျခင္းကို အလိုအလ်ာက္စနစ္ျဖင့္ လုပ္ေဆာင္ေပးသည္။

အဆိုပါ ဝန္ေဆာင္မႈကိုလက္ရွိတြင္ NIO ေဖာက္သည္မ်ားအတြက္ အခမဲ့ ေဆာင္႐ြက္ေပးလ်က္ ရွိၿပီး ကုန္က်စရိတ္မ်ားကို တ႐ုတ္အစိုးရက ေထာက္ပံ့ေပးထားသည္။

70 kWh ဘက္ထရီကို ခရီးတာ ပိုေဝးေဝး သြားႏိုင္သည့္ 84 kWh သို႔မဟုတ္ 100 kWh ဘက္ထရီျဖင့္ လဲလွယ္ တပ္ဆင္လိုပါက အလိုက္ေပးၿပီး လဲလွယ္တပ္ဆင္ႏိုင္သည္။ ထို႔အျပင္ နည္းပညာ အဆင့္အတန္း ပိုျမင့္သည့္ ဘက္ထရီ ေပၚေပါက္လာေသာအခါ၌လည္း အလိုက္ေပးၿပီး လဲလွယ္လိုပါက ဘက္ထရီ အမ်ိဳးအစားအသစ္ကို အလုံးလိုက္ ေျပာင္းလဲတပ္ဆင္ေပးမည္ ျဖစ္သည္။

တ႐ုတ္ၿမိဳ႕ႀကီးမ်ားတြင္ လူအမ်ားစုသည္ လွ်ပ္စစ္ကားကို ဘက္ထရီ အားျပန္သြင္းရန္ EV charging အေျခခံအေဆာက္အအုံမ်ား မရွိေသာ ႀကီးမားေသာ တိုက္ခန္းအေဆာက္အဦးမ်ားတြင္ ေနထိုင္ၾကသည္။ သို႔ျဖစ္ရာ လွ်ပ္စစ္ကား စီးမည္ဆိုပါက အားသြင္းစရာေနရာ မရွိသျဖင့္ ယခုလို အလုံးလိုက္လဲလွယ္သည့္စနစ္ ရွိေနဖို႔ လိုအပ္သည္။ ေလာေလာဆယ္တြင္ အေဝးေျပးလမ္းေပၚ ခရီးထြက္သည့္ ယာဥ္မ်ားအတြက္ ဘက္ထရီလဲလွယ္ေရး႐ုံမ်ား ထားရွိေပးထားၿပီး မေဝးကြာေသာ အနာဂတ္တြင္ ၿမိဳ႕ႀကီးမ်ားတြင္လည္း ဘက္ထရီလဲလွယ္ေရး႐ုံမ်ား ထားရွိႏိုင္ရန္ စီစဥ္ေနသည္။

 

 

 

 

Read 5006 times