အီးဗီထရပ် ထွန်းကားရေး ထိုင်းအစိုးရ မက်လုံးအသစ် စီစဉ်


အီးဗီထရပ် ထွန်းကားရေး ထိုင်းအစိုးရ မက်လုံးအသစ် စီစဉ်

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 
ထရပ်ကားထုတ်လုပ်သူများကို အီးဗီ မက်လုံးပေးသည့် အစီအစဉ်သစ်ကို အာဏာပိုင်များက ပေးဆောင်ရန် စီစဉ်နေပြီး ဘက်ထရီစွမ်းအင်သုံး ထရပ်ကားများသည် လျှပ်စစ်ကားလုပ်ငန်းကဏ္ဍကို အရှိန်မြှင့်တင်‌ေပးနိုင်မည်ဟု ထိုင်းနိုင်ငံ စက်မှုလုပ်ငန်းများ အဖွဲ့ချုပ်Federation of Thai Industries  (FTI) ဒုဥက္ကဋ္ဌနှင့် FTI ၏ မော်တော်ကားလုပ်ငန်းကလပ် ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpatanapong က ပြောကြားသည်။

အစိုးရက ဘက်ထရီသုံး အိမ်စီးများကို သုံးစွဲကြရန် တွန်းအားပေးသည့်နည်းတူ လျှပ်စစ်ထရပ်ကားများ အသုံးပြုမှု ပိုများလာအောင် မြှင့်တင်ရန် စီစဉ်နေကြောင်း ၎င်းက ပြောကြားသည်။


 "အစိုးရက ဆွဲဆောင်မှုရှိတဲ့  မက်လုံး အစီအစဉ်ကို ကမ်းလှမ်းပါက ကုန်တင်ကား အပိုင်းကဏ္ဍမှာ ရှိနေတဲ့ အင်ဂျင်သုံး ထရပ်ကား အများအပြားတို့ဟာ   ဘက်ထရီသုံး ထရပ်ကားကို ပြောင်းလဲ သုံးစွဲကြလိမ့်မယ်" ဟု ၎င်းက ပြောကြားသည်။

စက်မှုဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့တို့သည် အင်ဂျင် ထရပ်ကားများမှ လျှပ်စစ်ဗားရှင်းသို့ ပြောင်းလဲခြင်းကို ပံ့ပိုးပေးမည့် စီမံချက်အသစ်များကို ဆွေးနွေးနေကြသည်ဟု Mr Surapong မှ ပြောကြားသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ အဆိုအရ လောင်စာဆီ အမျိုးအစားများ အားလုံးတွင် မှတ်ပုံတင်ထားသည့် ကုန်တင်ယာဉ် စုစုပေါင်း အရေအတွက်မှာ နိုဝင်ဘာ ၃၀ ရက်အထိ  အစီးရေ ၁ ဒသမ ၂၄ သန်းရှိနေပြီး လျှပ်စစ် ထရပ်ကားမှာ ၂၈၅ စီးသာ ရှိသည်။

လျှပ်စစ်ဘတ်စ်ကားများသည် အီးဗီ စျေးကွက်အတွက် နောက်ထပ် ရောင်းအားအသစ် ဖြစ်လာလိမ့်မည်ဟု ၎င်းက ပြောကြားသည်။


“ထရပ်ကားတွေရော ဘတ်စ်ကားတွေရော နှစ်မျိုးစလုံးက စျေးကွက်မှာ ကြီးမားတဲ့ အစိတ်အပိုင်းတွေပါ။ ဒီဇယ်အပါအဝင် စက်သုံးဆီများကို အားထားနေရသော ယာဉ်မောင်းများအနေဖြင့်  ဆီဈေးအတက်အကျကို ရှောင်လွှဲလို့ မရပါဘူး" ဟု Mr Surapong က ပြောကြားသည်။

Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 167 times