ကားဘက်ထရီ ထိန်းသိမ်းပုံ


ကားတစ်စီးပျက်လို့ဘဲဖြစ်ဖြစ်  မမောင်းဖြစ်လို့ ရပ်ထားလို့ဘဲဖြစ်ဖြစ်  ဝပ်လျှော့မှ ကားထိုးထားတာဘဲဖြစ်ဖြစ် မိမိကားရဲ့တန်ဘိုးရှိတဲ့ကားဘတ်ထရီဟာမှန်ကန်တဲ့ထိမ်းသိမ်းမှုနဲ့မထိမ်းသိမ်းမိဘူးဆိုရင်ကောင်းနေရာကနေပီးပျက်စီးသွားတတ်ပါတယ်။

ဘတ်ထရီသက်တမ်းရှည်ဖို့ အောက်ပါအချက်များကို လိုက်နာစေလိုပါတယ်

(၁) ဘတ်ထရီကို ကာလကြာရှည် အသုံးမပြုဘူးဆိုရင် ကားနဲ့ချိတ်ဆက်ထားတဲ့ ဘတ်ထရီကြိုးကို ဖြုတ်ထားဖို့လိုပါမယ်။ 

(၂) မြေကြီးပေါ်တွင်မထားရပါ

(၃) အသားပြားတစ်ခုပေါ်တွင် ဘတ်ထရီကိုတင်ထားပါ

(၄) ပြန်လည်အသုံးပြုမဲ့ ဘတ်ထရီဆိုရင် အောက်တွင်ချထားစဉ် တစ်လတစ်ခါ အားသွင်းပေးပါ
(ရက်ပေါင်းများစွာဆက်တိုက်အားသွင်းမထားရပါ)

(5) အားပြည့်ပီးဘတ်ထရီအိုးပူလာလျင် အားသွင်းခြင်းကိုရပ်နားပါ။

(6) အဆက်မပျက် နေ့နေ့ညည အားဆက်တိုက်သွင်းထားလျင် အက်ဆစ်များ အငွေ့ပျံပီး ပလိပ်ပြားများ နာသွားကာ ဘတ်ထရီအိုး ပျက်စီးသွားနိုင်ပါသည်

Read 1216 times