Bao 5  စတင်ထုတ်လုပ်


Bao 5  စတင်ထုတ်လုပ်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL

 

BYD ၏ အမှတ်တံဆိပ် တစ်ခု ဖြစ်သော Fang Cheng Bao သည် ပထမဆုံး မော်ဒယ် Bao 5 (ယခင်အမည် Leopard 5) အတွက် လွန်ခဲ့သည့် တလက ကြိုတင်အရောင်းဖွင့်ပြီး အမှာစာများကို စတင်လက်ခံခဲ့သည်။
ဗားရှင်း ၃ မျိုး ထုတ်လုပ်ထားပြီး ကြိုရောင်း ဈေးနှုန်းမှာ ယွမ် ၃သိန်း ($41,060) မှ ၄ သိန်းအထိ ဖြစ်သည်။

 

အရွယ်အစားမှာ

  • အလျား 4,890 mm
  • အကျယ် 1,930 mm
  • အမြင့် 1,970 mm
  • ခါးအလျား 2,800 mm

ဖြစ်ပါသည်။

 

Bao 5 တွင် မော်တာ ရှေ့ တစ်လုံး၊ နောက် တစ်လုံး ထိုင်ထားသည်။ 
ရှေ့ဘီးများအတွက် မော်တာသည် ပါဝါ 200 kW ၊ ရုန်းအား 360 Nm အထိ ထုတ်ပေးနိုင်သည်။
နောက်ဘီးများအတွက် မော်တာသည် ပါဝါ 285 kW ၊ ရုန်းအား 400 Nm အထိ ထုတ်ပေးနိုင်သည်။

ပလပ်ထိုး အားသွင်းသည့် ဗားရှင်းတွင် 1.5L အင်ဂျင်သည် ပါဝါ 143 kW ၊ ရုန်းအား 273 Nm အထိ ထုတ်ပေးနိုင်သည်။
ဘက်ထရီ အားအပြည့်သွင်း၊ ဓာတ်ဆီ အပြည့်ထည့်ပြီး မောင်းလျှင် ခရီးတာ 1,200 km အထိ ရသည်။

Bao 5 တွင် BYD ၏ ဘလိတ်ဘက်ထရီထုပ် 31.8 kWh ကို သုံးထားသည်။ ဒီစီအမြန်အားသွင်းပါက ၃၀% မှ ၈၀% သို့ရောက်ရန် ၁၆ မိနစ်ကြာသည်။

 

 

Bao 5 ကို BYD ရုံးချုပ် တည်ရှိသည့် ရှန်ကျန်းမြို့ ပင်ရှန်းစက်ရုံတွင် ထုတ်လုပ်သည်။

Source cnevpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 3926 times