ထိုင်းရဲ့ အကြီးဆုံးကားပြပွဲ ပြသရန် ပြင်ဆင်


ထိုင်းရဲ့ အကြီးဆုံးကားပြပွဲ ပြသရန် ပြင်ဆင်


ထိုင်းနိုင်ငံ ရဲ့ အကြီးဆုံးကားပြပွဲဖြစ်တဲ့ 43rd Bangkok International Motor Show 2022 ကို Nonthaburi ပြည်နယ်၊ Muang Thong Thani ရှိ IMPACT Challenger Hall တွင် ကျင်းပပါမယ်။
ပြပွဲရဲ့ ယခုနှစ် အာဘော်က " Keep Moving Forward Together" ဖြစ်ပါတယ်။

လျှပ်စစ်ကားမော်ဒယ်များ ခင်းကျင်းပြသမှာ ဖြစ်ပြီး 

  •  GMW ရဲ့  Ora Good Cat 2022 
  •  MG  ရဲ့ ZS EV 2022,
  •  2022 Rolls-Royce Ghost Black Badge

တို့ ပါဝင်ပါတယ်။ 


2022 Rolls-Royce Ghost Black Badge က Bangkok International Motor Show  ပြပွဲမှာ ဈေးအကြီးဆုံးကား ဖြစ်ပြီး ရောင်းဈေး ဘတ် ၄၃.၉ သန်း သတ်မှတ်ထားပါတယ်။

Bangkok International Motor Show ပြပွဲကို အများပြည်သူ ကြည့်ရှုရန်အတွက် မတ်လ ၂၃ ရက်မှ ဧပြီ ၃ ရက်အထိ နေ့စဉ် မွန်းထည့်ချိန်မှ ည ၁၀ နာရီအထိ ပြသပါမယ်။

ပြပွဲလက်မှတ် တစ်စောင်လျှင် ဘတ် ၁၀၀ ဖြစ်ပြီး ပြပွဲမှာ ဝယ်ယူနိုင်ပါတယ်။ Thai Ticket Major မှာလည်း ရောင်းချပေးပါတယ်။

 လာရောက်ကြည့်ရှုသူတိုင်း ကိုဗစ်တားဆီးကာကွယ်ရေး စည်းကမ်းများကို မလွှဲမသွေ လိုက်နာရမှာ ဖြစ်ပါတယ်။

 

.bangkokpost.com/

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Read 544 times