ဘန်ကောက်အတွက် လျှပ်စစ်ဘတ်စ် အစီး နှစ်ထောင်ကျော် ထပ်တိုးမည်


ဘန်ကောက်အတွက် လျှပ်စစ်ဘတ်စ် အစီး နှစ်ထောင်ကျော် ထပ်တိုးမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ဘန်ကောက် လူထု သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ Bangkok Mass Transit Authority (BMTA) သည် ဘတ် ၅ ဒသမ ၅ ဘီလီယံဖြင့် သုံးနှစ်မှ ငါးနှစ်အတွင်း လျှပ်စစ်ဘတ်စ်ကား ၂၀၁၃ စီး ထပ်မံဝယ်ယူရန် စီစဉ်နေကြောင်း ပို့ဆောင်ရေးဝန်ကြီး Manaporn Charoensri က ပြောကြားသည်။

အဆိုပါ အစီအစဉ်သည် တစ်နှစ်လျှင် လက်ရှိ အသုံးစရိတ် ဘတ် ၁၂.၅ ဘီလီယံကို အနည်းဆုံး ၆၀ ရာခိုင်နှုန်း လျှော့ချရန် ရည်ရွယ်ထားသည်။
၎င်းအသုံးစရိတ်တွင် အများစုမှာ ဘတ်စ်ကား ၂,၈၈၅ စီး၏ ပြုပြင်ထိန်းသိမ်းမှုနှင့် လောင်စာဆီ ကုန်ကျစရိတ်များ ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က BMTA သည် ၀င်ငွေ ဘတ် ၇.၈ ဘီလီယံ ရရှိခဲ့ပြီး ဘတ် ၄.၇ ဘီလီယံ လိုငွေပြခဲ့သည်။

လျှပ်စစ်ဘတ်စ်ကားများသည် အင်ဂျင်ယာဉ်များနှင့် နှိုင်းယှဉ်ပါက ပြုပြင်ထိန်းသိမ်းမှုနှင့် လောင်စာဆီတို့အတွက် ကုန်ကျစရိတ် သိသိသာသာ နည်းပါးကြောင်း Manaporn မှ ပြောကြားပါသည်။ ထို့ပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလည်း နည်းသည်။ ဘန်ကောက်မြို့တော် လေထုအခြေအနေ PM2.5 ညစ်ညမ်းနေသည်ကို တိုက်ဖျက်ရန်အတွက် တဖက်တလမ်းမှ အထောက်အကူ ဖြစ်စေမည်ဟု ၎င်းက ပြောကြားသည်။
PM2.5 သည် အချင်း ၂.၅ မိုက်ခရိုမီတာနှင့်အောက်  ပိုသေးငယ်သော ဖုန်မှုန်များကို ရည်ညွှန်းသည်။ ၎င်းအမှုန်များသည် အသက်ရှူလိုက်တိုင်း အဆုပ်ထဲအထိ ရောက်ရှိဖို့ လွယ်ကူသဖြင့် ကျန်းမာရေး ထိခိုက်စေပါသည်။ 
ယာဉ်များမှ ထုတ်လွှတ်သော အမှုန်များသည် မြို့ပြလေထုထဲ PM2.5 အမှုန်နုနုများ ရောက်ရှိစေသည့် အဓိက တရားခံ ဖြစ်ပါသည်။

လျှပ်စစ်ဘတ်စ်ကား သုံးစွဲရေး သုံးနှစ်မှ ငါးနှစ်စီမံကိန်းကို အဆင့်သုံးဆင့်ဖြင့် အကောင်အထည်ဖော်မည်။
• ပထမအဆင့်အနေဖြင့် စုစု‌ေပါင်း ဘတ် ၃၄၁ သန်း တန်ဖိုးရှိ လျှပ်စစ်ဘတ်စ်ကားအသစ် ၂၂၄ စီးကို ဝယ်ယူသုံးစွဲခြင်းဖြင့် စီမံကိန်းကို အစပြုမည်။
• ဒုတိယအဆင့်တွင်  ဘတ် ၁ ဒသမ ၉၄ ဘီလီယံဖြင့် လျှပ်စစ်ဘတ်စ်ကားအသစ် စုစုပေါင်း ၁၀၂၀ စီးကို ဝယ်ယူမည် ဖြစ်သည်။
• နောက်ဆုံးအဆင့်ဖြစ်သည့် တတိယအဆင့်တွင် နောက်ဆုံးအသုတ်အနေဖြင့် လျှပ်စစ်ဘတ်စ်ကား အသစ် ၇၆၉ စီးကုိ ဘတ် ၃.၂ ဘီလီယံဖြင့်
 ဝယ်ယူမည်။ 
ထိုသို့ ဝယ်ယူရာတွင် အချို့ကို အငှားစနစ်ဖြင့် ရယူမည်။ ဘတ်စ် ပြုပြင်ထိန်းသိမ်းရေးကို ငှားရမ်းသူက တာဝန်ယူရမည်။ BMTA အနေဖြင့် ပြုပြင်ထိန်းသိမ်းရေး စရိတ်စကများ ဝန်ထုပ်ဝန်ပိုးကို ရှောင်လွှဲနိုင်မည် ဖြစ်သည်။ 

Source nationthailand 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 361 times