ကမ္ဘာကျော် ကားအမှတ်တံဆိပ်များစွာ ပြသမယ့် ဘန်ကောက်နိုင်ငံတကာ ကားပြပွဲကြီး


အကြိမ် ၄၀ မြောက် Bangkok International Motor Show 2019 (BIMS) နိုင်ငံတကာ ကားပြပွဲကို မတ်လ ၂၇ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြောက်ဘက်ပိုင်း နိုသဘူရီ ပြည်နယ်က IMPACT arena မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

၎င်းပွဲတွင် နှစ်စဉ်နှစ်တိုင်း အမျိုးအစားကောင်းမွန်တဲ့ ကားအမှတ်တံဆိပ်များကို ပြသလျှက်ရှိပြီး ဒီနှစ်မှာလည်း ကား အမျိုးအစားမျိုးစုံ ပြသမှာဖြစ်ပါတယ်။ ယခုပွဲမှာတော့ နာမည်ကျော် ကားအမှတ်တံဆိပ် ၃၃ မျိုးပါဝင်မှာဖြစ်ပြီး နာမည်ကြီး မော်တော်ဆိုင်ကယ် ကုမ္ပဏီ ၁၄ ခုကလည်း ပြသမှာဖြစ်ပါတယ်။

ဒီနှစ်မှာ ထူးထူးခြားခြားအနေနဲ့ McLaren လိုမျိုး အကောင်းဆုံး စူပါကားတွေလည်း ပထမဆုံး ပါဝင်လာမှာလည်းဖြစ်ပါတယ်။ ပါဝင်လာမယ့် ကားအမှတ်တံဆိပ်တွေကတော့ Toyota, Lexus, Nissan, Honda, Mitsubishi, Isuzu, Mazda, Subaru, Suzuki – KIA, Hyundai, Audi, Aston Martin, BMW, Bentley, Chevrolet, Ford, Jaguar, Land Rover, Lamborghini, Mercedes-Benz, MINI, Maserati, McLaren, Porsche, Rolls-Royce, Volvo FOMM နဲ့ လျှက်စစ်ကား အမျိုးအစားတွေ ပါဝင်လာမှာဖြစ်ပါတယ်။

မော်တော်ဆိုင်ကယ် အနေဖြင့် ပါဝင်လာမယ့် အမှတ်တံဆိပ်တွေကတော့ Honda, Yamaha, Suzuki, Kawasaki, Harley-Davidson, Triumph, Vespiario, GPX နဲ့အခြားအမှတ်တံဆိပ်လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

Myanmar Automobile Directory

Read 687 times