ထိုင်းကားပြပွဲ ကား အစီး လေးသောင်းကျော် ရောင်းရ


ထိုင်းကားပြပွဲ ကား အစီး လေးသောင်းကျော် ရောင်းရ
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U

၄၄ ကြိမ်မြောက်  Bangkok International Motor 2023 ကို ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်မှ ဧပြီလ ၂ ရက်အထိ ၁၂ ရက်ကြာ ကျင်းပခဲ့ပါသည်။
၎င်းကားပြပွဲတွင် ကား ၄၂,၈၈၅ စီး၊ မော်တော်ဆိုင်ကယ် ၃,၀၉၈ စီး စုစုပေါင်း ၄၅,၉၈၄ စီး ရောင်းချခဲ့ကြောင်း ပြပွဲစီစဉ်သည့် Grand Prix International စီအုိအို Chaturon Komonmit က ပြောကြားသည်။
"ယမန်နှစ်တုန်းက ၃၃,၉၃၆ စီး ရောင်းချခဲ့ပါတယ်။ အခုနှစ်မှာ ၃၅.၅% ပိုများခဲ့ပါတယ်" ဟု ၎င်းက ပြောကြားသည်။ 
လျှပ်စစ်ကား ၉,၂၃၄ စီး၊ လျှပ်စစ်မော်တော်ဆိုင်ကယ် ၈၇၃ စီး ရောင်းချခဲ့သည်။
လာရောက်ကြည့်ရှုသူ ၁.၆၂ သန်း ရှိသည်။
Source nationthailand 
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U

Read 222 times