လျှပ်စစ်ဘတ်စ်များ ဘန်ကောက်တွင် ပြေးဆွဲမည့် အစီအစဉ် အသိပေးပြောကြား


လျှပ်စစ်ဘတ်စ်များ ဘန်ကောက်တွင် ပြေးဆွဲမည့် အစီအစဉ် အသိပေးပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ထိုင်းနိုင်ငံ ပို့ဆောင်ရေး ဝန်ကြီးဌာနသည် နှစ်သစ်ကူးအပြီးတွင်   ဘန်ကောက်မြို့တော်ရှိ  သက်တမ်းရင့်  မီးခိုးငွေ့မည်းမည်းများထွက်နေသော ဘတ်စ်ယာဉ်များကို အစားထိုးမည့် လျှပ်စစ်ဘတ်စ်ကား ၁,၂၅၀ စီးကို စနေနေ့ (နိုဝင်ဘာ ၂၆) တွင်  ပြသခဲ့သည်။
လျှပ်စစ်ဘတ်စ်များဖြင့် ဒီဇယ်သုံး ဘတ်စ်များကို အစားထိုး နေရာယူမည် ဖြစ်သည်။ ဒီဇယ်သုံး ဘတ်စ်များ ပြေးဆွဲနေသည်မှာ နှစ်ပေါင်း ၂၀ ကျော်နေပြီ ဖြစ်ပြီး ဘတ်စ်များမှ ထုတ်လွှတ်နေသော မီးခိုးများက မြို့တော်လေထုကို ညစ်ညမ်းစေသည်။ 
.
ဘန်ကောက်တွင် ပြေးဆွဲနေသည့် ဘတ်စ်များတွင် စီးရေ ၂,၅၀၀ ကျော်တို့သည် သက်တမ်း ၂၀ ကျော်ပြီ ဖြစ်သည်။ အနီဘတ်စ် ၁,၅၂၀ စီးနှင့် အပြာအဲကွန်းဘတ်စ် ၁၇၉ စီးတို့သည် သက်တမ်း ၂၀ ကျော်ပြီဟု ဘန်ကောက် လူထု သယ်ယူပို့ဆောင်ရေး အာဏာပိုင် Bangkok Mass Transit Authority က အချက်အလက် ထုတ်ပြန်ထားသည်။ 
.
အစားထိုး ပြေးဆွဲမည့် လျှပ်စစ်ဘတ်စ်ကားများတွင် ဘီးတပ်ကုလားထိုင်ဖြင့် အတက်အဆင်း ပြုနိုင်အောင် စီမံပေးထားသည်။ ဂျီပီအက်စ်၊ လုံခြုံရေး ကင်မရာများ၊ အီလက်ထရွန်နစ်လက်မှတ်စနစ်တို့ ပါဝင်သည်ဟု ပို့ဆောင်ရေးဝန်ကြီး Saksayam Chidchob က ပြောကြားသည်။
၃ နှစ်တာ ကာလအတွင်း လျှပ်စစ်ဘတ်စ် စီးရေ ၈,၀၀၀ အထိ ဖြစ်လာအောင် တိုးမြှင့်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 
Source nationthailand

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


 

 


 

Read 231 times