Bajaj က မြင်း ၂ မျိုး အချိန်အတိုင်းအတာတစ်ခုအထိ စီးရမည်ဟု ပြောကြား


Bajaj က မြင်း ၂ မျိုး အချိန်အတိုင်းအတာတစ်ခုအထိ စီးရမည်ဟု ပြောကြား

အိန္ဒိယမှာ ဓာတ်ဆီအင်ဂျင်စကူတာတွေ ထုတ်လုပ်တဲ့ Bajaj Auto က လျှပ်စစ်စကူတာ ထုတ်လုပ်တဲ့ ၎င်းရဲ့ လက်အောက်ခံ Chetak Technology Ltd. မှာ ရင်းနှီးမြှုပ်နှံမှု အစုစုတို့ကို တိုးချဲ့သွားမယ်လို့ ပြောကြားပါတယ်။ အာဆီယံဈေးကွက်များမှာ လျှပ်စစ်စကူတာ e-scooter အလားအလာအပေါ် အကောင်းမြင်ထားပါတယ်။

Bajaj Auto မှ အမှုဆောင်ဒါရိုက်တာ Rakesh Sharma က ကုမ္ပဏီက မြင်းနှစ်မျိုးစလုံးကို အချိန်အတိုင်းအတာတစ်ခုအထိ စီးရမှာဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဆိုလိုတာက Bajaj က အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင် internal combustion engine (ICE) သုံးထားတဲ့ ယာဉ်တွေကို အဓိကအားဖြင့် ဆက်လက်ထုတ်လုပ်ပြီး လုပ်ငန်းကို ရပ်တည်ရမယ်။ တစ်ချိန်တည်းမှာပဲ လျှပ်စစ်ယာဉ်တွေကို ချဲ့ထွင်ထုတ်လုပ်ရမှာ ဖြစ်ပါတယ်။

"လျှပ်စစ်ဆီသို့ အကူးအပြောင်းက အချိန်ယူလိမ့်မယ်။ မမြန်ဆန်ဘူး" လို့ Sharma က သုံးသပ်ပါတယ်။

မော်တော်ဆိုင်ကယ်၊ စကူတာ အစရှိတဲ့ ၂ ဘီးပါ စက်တပ်ယာဉ်တွေရဲ့ ၅၀% က လျှပ်စစ်ယာဉ်တွေ ဖြစ်နေပြီဆိုရင်တောင် Bajaj Auto က ကျန်တဲ့ ၅၀% အတွက် လုပ်ကိုင်ပေးနေရဦးမှာဖြစ်ကြောင်း ၎င်းက ပြောကြားပါတယ်။

Bajaj Auto က နိုင်ငံပေါင်း ၇၀ ကျော်သို့ တင်ပို့ပါတယ်။

Bajaj Auto က ဓာတ်ဆီအင်ဂျင် စကူတာများ ပြည်ပသို့ တင်ပို့လျက်ရှိသည့်နည်းတူ လျှပ်စစ်စကူတာများကိုလည်း ပြည်ပဈေးကွက်များသို့ ချိန်ရွယ်ပါတယ်။ 

#MyanmarAutomobileGuide

Telegram Channel

https://t.me/Guid4U/275

https://t.me/Guid4U

 

Read 503 times