ဂျပန်မှာ မောင်းသူမဲ့ ဘတ်စ်ကား ပြေးဆွဲမည့် Baidu


ဘိုင်ဒူးဟာ တရုတ်ရဲ့ Google လို့ တင်စားခံရတဲ့ Search Engine Company ဖြစ်ပြီး ဒီနှစ်ထဲမှာ တရုတ်မှာ မောင်းသူမဲ့ ကားများကို ပြေးဆွဲမယ်လို့ သိရပါတယ်။ ဘိုင်ဒူးဟာ ၂၀၁၉ ခုနှစ်မှာ ဂျပန်တွင် မောင်းသူမဲ့ ဘတ်စ်ကားများကို ပြေးဆွဲမှာ ဖြစ်တယ်လို့ Bloomberg က ပြောပါတယ်။

ဘတ်စ်ကားတစ်စီးမှာ ခရီးသည် ၁၄ ဦးလိုက်ပါနိုင်ပြီး ယာဉ်မောင်း ထိုင်ခုံနဲ့ စတီယာရင် မပါပါဘူး။ Apolong ဟာ Level 4 Autonomous Driving စွမ်းရည် ရှိတဲ့အတွက် အချို့ ဧရိယာများမှာ စောင့်ကြည့် ထိန်းချုပ်မယ့် လူတောင် လိုက်ပါစရာ မလိုပါဘူးလို့ National Highway Traffic Safety Administration (NHTSA) က ပြောပါတယ်။ ဘိုင်ဒူးက Apollo လို့ ခေါ်တဲ့ သူ့ရဲ့ မောင်းသူမဲ့ ပလက်ဖောင်းရဲ့ Updates များကိုလည်း ကြေညာခဲ့ပါတယ်။

ဘိုင်ဒူးက SB Drive နဲ့ ပူးပေါင်းပြီး ဂျပန်မှာ သူ့ရဲ့ ဘတ်စ်ကားများကို ပြေးဆွဲမှာ ဖြစ်ပါတယ်။ SB Drive ဟာ Softbank ရဲ့ မောင်းသူမဲ့ အများသုံး သယ်ယူပို့ဆောင်ရေး နည်းပညာကို ဖန်တီးနေတဲ့ ကုမ္ပဏီခွဲ ဖြစ်ပါတယ်။ ဘိုင်ဒူးဟာ Apolong လို့ခေါ်တဲ့ မောင်းသူမဲ့ ဘတ်စ်ကားများကို ဖန်တီးဖို့ တရုတ် ဘတ်စ်ကား ထုတ်လုပ်သူ King Long နဲ့ ပူးပေါင်းလုပ်ကိုင်နေပါတယ်။ စုစုပေါင်း ကားအစီးရေ ၁၀၀ ကို ထုတ်လုပ်ပြီး ဖြစ်ပါတယ်လို့ Bloomberg က ပြောပါတယ်။

Read 445 times