မောင်းသူမဲ့ ရိုဘိုတက္ကဆီလိုင်စင် Baidu ထပ်မံရရှိ


မောင်းသူမဲ့ ရိုဘိုတက္ကဆီလိုင်စင် Baidu ထပ်မံရရှိ

 

တရုတ်နိုင်ငံရှိ ရှာဖွေရေးအင်ဂျင်ကုမ္ပဏီကြီး Baidu Inc သည် နိုင်ငံတွင်း၌  တရုတ်နိုင်ငံရှိ မြို့ကြီးနှစ်မြို့မှ  လမ်းမများတွင်  မောင်းသူမဲ့ ရိုဘိုတက္ကဆီ ဝန်ဆောင်မှုများကို အပြည့်အဝ လုပ်ကိုင်ခွင့် ရရှိထားကြောင်း ဩဂုတ်လ ၈ ရက်တွင် ပြောကြားခဲ့ပါသည်။

Baidu ၏ ရိုဘိုတက္ကဆီ ဝန်ဆောင်မှုလုပ်ငန်းဖြစ်သော Apollo Go သည် ၂၀၂၀ ခုနှစ်မှ စတင်ကာ တရုတ်နိုင်ငံရှိ မြို့ကြီး ၁၀ မြို့တွင် ဝန်ဆောင်မှု ပေးအပ်ခဲ့သည်။ ယခုအခါ ငှားစီးသည့်ကြိမ်ရေ စုစုပေါင်း ၁ သန်းကျော်သွားပြီ ဖြစ်သည်။

ဧပြီလတွင် Baidu ၏ Apollo နှင့် Toyota Motor Corp တို့ ကျောထောက်နောက်ခံပြုပေးထားသည့်  Pony.ai က  ပေကျင်းမြို့တော်တွင် ၆၀ စတုရန်းကီလိုမီတာ ဧရိယာအတွင်းရှိ  လမ်းများပေါ်တွင် ရိုဘိုတက္ကဆီ  ပြေးဆွဲရန် ပါမစ် ရရှိခဲ့သည်။ ပေကျင်းပါမစ်သည် ယာဉ်မောင်းတစ်ဦး မပါမဖြစ် လိုက်ပါရန် လိုအပ်သည်ဟု ပြဋ္ဌာန်းထားဆဲ ဖြစ်သည်။

 

ချုံကင်းမြို့ မြူနီစီပယ်နှင့် ဝူဟံမြို့ မြူနီစီပယ်နို့မှ ပေးအပ်သည့် လုပ်ငန်းလိုင်စင်သည် မောင်းသူမဲ့ ရိုဘိုတက္ကဆီ အငှားယာဉ်ကို ယာဉ်မောင်း မပါဘဲ အများသူငှာ စီးနင်းခွင့် ပေးသည်။ လိုင်စင်သည် ၂၀၂၂ ဩဂုတ်လ ၈ ရက်တွင် သက်တမ်း စတင်သင်ရောက်ပါသည်။ ပထမတွင် Baidu သည် မြို့တစ်ခုစီတွင် ရိုဘိုတက္ကဆီ ၅ စီးစီ ထားရှိမည်။ ဝူဟံတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြေးဆွဲမည်။ ချုံကင်းတွင် နံနက် ၉း၃၀ မှ ညနေ ၄း၃၀ ထိ ပြေးဆွဲမည်။


ချုံကင်းတွင် ဝန်ဆောင်မှု ပေးသည့်ဧရိယာ ၃၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ ဝူဟန်တွင် ၁၃ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ ဝူဟံမှ Wuhan Economic & Technological Development Zone အတွင်းတွင် တည်ရှိသည်။

Telegram Channel https://t.me/Guid4U

Source : Reuters 

#MyanmarAutomobileGuide

Read 397 times