နောက်ကြည့်မှန်တွေ အလကား မဟုတ်ပါဘူး


ယာဉ်မောင်းနှင်ရာမှာ အန္တရာယ်ကင်းဖို့ဆိုရင် နောက်ကြည့်၊ ဘေးကြည့်မှန်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါပါတယ်။

ယာဉ်မောင်းနေရာမှာထိုင်၊ ရှေ့ကိုပဲကြည့်ပြီး မောင်းနေရုံနဲ့မရဘဲ ဘေးပတ်ဝန်းကျင်က ယာဉ်တွေနဲ့ မထိခိုက်မိဖို့အတွက် နောက်ကြည့်မှန်က အလွန်အရေးကြီးပါတယ်။ နောက်ကြည့်မှန်နဲ့ပတ်သက်တဲ့ အချက်အလက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

မြင်ကွင်းအပြည့်အဝမြင်ရအောင်ပြင်ဆင်ပါ

နောက်ကြည့်မှန်၊ ဘေးမှန် နဲ့ ပတ်သက်ပြီး ယာဉ်မောင်းတိုင်း ပထမဆုံးလုပ်ရမှာက ယာဉ် မောင်းထိုင်ခုံမှာ ထိုင်ပြီးတာနဲ့ ခေါင်းလှည့်ပြီး ကြည့်နေစရာမလို အောင် မှန်တွေကို သေချာမြင်နိုင် တဲ့ အနေအထားကို ပြောင်းဖို့ပါ။ တစ်ဆက်တည်းဆိုသလို ဘရိတ် တို့၊ လီဗာတို့ပါ ထိထိမိမိနင်းနိုင် ဖို့အတွက် ထိုင်ခုံပါ တစ်ခါတည်း အထိုင်ကျအောင်လုပ်ပါ။

လမ်းကြောပြောင်းခါနီး မမေ့မ လျော့ကြည့်ပါ

လမ်းကြောပြောင်းခါနီးမှာ ကိုယ့်အနောက်မှာ တခြားကား တစ်စီးပါနေလား၊ ဘေးဘက်ခြမ်း မှာကော ယာဉ်ကြောရှင်းရဲ့လား ဆိုတာကြည့်ဖို့ လုံးဝမေ့လို့မဖြစ် ပါဘူး။

ငါးစက္ကန့်တစ်ခါလောက် မှန်တွေကို ကြည့်ပါ

ရုတ်တရက်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကို ကာကွယ်နိုင်ဖို့ အတွက် ကားမောင်းနေတုန်း ငါး စက္ကန့်တစ်ခါဆိုသလို နောက် ကြည့်မှန်၊ ဘေးမှန်တွေကိုကြည့် ဖို့ လိုအပ်တယ်လို့ ပညာရှင်တွေ က အကြံပြုထားပါတယ်။

ပါကင်ထိုးတဲ့အခါ မှန်တွေရဲ့ အကူအညီယူပါ

တခြားကားတွေ အများကြီး ရဲ့ဘေးမှာ ပါကင်ဝင်ထိုးပြီဆိုရင် ခေါင်းကို နောက်လှည့်ကြည့်ပြီး လုပ်တာထက် နောက်ကြည့်၊ ဘေးကြည့်မှန်တွေကို ကောင်း ကောင်းအသုံးချပါ။

မှန်ကြောင့် အန္တရာယ်မဖြစ်အောင်သတိပြုပါ

ဒီတစ်ချက်ကတော့ အမျိုး သမီးယာဉ်မောင်းတွေနဲ့ အဓိက သက်ဆိုင်တာပါ။ နောက်ကြည့်၊ ဘေးကြည့်မှန်ဆိုတာဟာ ကား မောင်းရင်း အလှပြင်ဖို့ထားတာ မဟုတ်တဲ့အတွက် အထူးသဖြင့် ကားမောင်းနေတုန်း နှုတ်ခမ်းနီ ဆိုး၊ ပေါင်ဒါတို့တာမျိုးတွေ ရှောင်ရပါမယ်။
 

Read 1322 times