AYA SOMPO အာမခံနှင့် Max Energy တို့ ပူးပေါင်းပြီး ဆိုင်ခွဲများမှတစ်ဆင့် အာမခံဝန်ဆောင်မှုများစတင်ဆောင်ရွက်


AYA SOMPO အာမခံနှင့် Max Energy တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော Max Energy ဆိုင်ခွဲများမှတစ်ဆင့် အာမခံဝန်ဆောင်မှုများကို

ဒီဇင်ဘာ ၁ ရက်နေ့မှစပြီး ဝန်ဆောင်မှုရယူနိုင်တော့မည် ဖြစ်သည်။

အာမခံဆိုင်ရာ ဗဟုသုတများ တိုးပွားစေရန်နှင့် အာမခံဈေးကွက်ပိုမိုကျယ်ပြန့်လာစေရန် ရည်ရွယ်၍ အဆိုပါဝန်ဆောင်မှုကို စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်သောကြောင့် အာမခံအမျိုးအစားများနှင့် အကျိုးခံစား ခွင့်များကို တိုင်ပင်ဆွေးနွေးခြင်း၊ အာမခံသက်တမ်းတိုးဆောင်ရွက်ခြင်း၊ လျော်ကြေးဝန်ဆောင်မှုဆိုင်ရာများကိုပါ ရရှိနိုင်မည်ဖြစ်သည်။

အဆိုပါဝန်ဆောင်မှုများအတွက် Max Energy ဆိုင်ခွဲရှိ AYA SOMPO Lounge တွင် အာမခံ အမျိုးအစားများနှင့်ပတ်သက်သည့် ဝန်ဆောင်မှုများ၊ သက်တမ်းတိုးခြင်းများသာမက လျော်ကြေးဆိုင်ရာ ဝန်ဆောင်မှုများကိုပါ ရယူနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ဆီဖြည့်ပြီး မိမိတို့ ကားအတွက်၊ ပိုင်ဆိုင်မှုများအတွက်၊ မိသားစုအတွက် အာမခံထားရှိလိုပါက AYA SOMPO Lounge ရှိ ကျွမ်းကျင်သော ဝန်ထမ်းများနှင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပြီဖြစ်သည်။

Read 243 times