AYA Bank Auto Loan ဝန်ဆောင်မှုအကြောင်း


လူကြီးမင်းအနေဖြင့် Brand new ကားနှင့် used ကားများဝယ်ယူရာတွင် ကားတန်ဖိုး 100% အား တစ်ကြိမ်တည်း ပေးချေစရာမလိုပဲ အရစ်ကျ ပေးသွင်းရုံဖြင့် အဆင်ပြေ သက်သာစေရန် ဘဏ်မှ ဘဏ္ဍာရေး ထောက်ပံပေးခြင်း ဖြစ်သည်။

ဧရာ၀တီဘဏ်၏ Auto Loan အားရွေးချယ်ခြင်းဖြင့်

ကနဦး ပေးသွင်းငွေ အနည်းဆုံး ၃၀%

လွယ်ကူမြန်ဆန်သော ဝန်ဆောင်မှု

လစဉ်ပုံသေ အရစ်ကျပေးချေစနစ်

ချေးငွေသက်တမ်း အများဆုံး (၅)နှစ်

ကမ္ဘာ့ရောင်းအားအကောင်းဆုံး ကားများအား စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ခြင်း စသည်တို့ ရရှိနိုင်ပါသည်။ 

ဧရာ၀တီဘဏ်၏ Auto Loan သည် ကန့်သတ်ထားသော ယာဉ်အမျိုးအစား မရှိသော်လည်း AYA ဘဏ်နှင့် ချိတ်ဆက်ထားသော Dealer များတွင်သာ ဝယ်ယူနိုင်ပါသည်။ ထိုချိတ်ဆက်ထားသော Dealer များတွင် Brand New ကားများ၊ Used Car များကို ဝယ်ယူနိုင်ပါသည်။ 

အသက် ၂၀ နှစ် ၅၅ နှစ်ကြားရှိ ပုံမှန်ဝင်ငွေရှိသူ မြန်မာနိုင်ငံသားတိုင်း လျှောက်ထားနိုင်ပါသည်။အကယ်၍ လျှောက်ထားသူသည် အသက် ၅၅ နှစ်ကျော်ရှိပြီး လစာဝင်ငွေမလုံလောက်ပါက မိသားစုဝင်တစ်ဦးနှင့်အတူ ပူးတွဲလျှောက်ထားနိုင်ပါသည်။

AYA Auto Loan လျှောက်ထားလိုလျှင်

လူကြီးမင်းအနေဖြင့် မိမိချေးယူနိုင်သော ငွေပမာဏအား သိရှိနိုင်ရန် သတ်မှတ်ထားသော AYA ဘဏ်ခွဲသို့ လူကိုယ်တိုင်လာရောက် ဆွေးနွေးတိုင်ပင်နိုင်ပြီး ဘဏ်မှ လိုအပ်သော စာရွက်စာတမ်းများ၊ ဝန်ဆောင်ခများ၊ စည်းကမ်းသတ်မှတ်ချက်များနှင့် အတိုးတွက်နည်းများကို ရှင်းပြမည်ဖြစ်သည်။ ဘဏ်မှတောင်းခံထားသော စာရွက်စာတမ်းများ  ပြည့်စုံစွာတင်ပြပါက In-principle (ယေဘုယျချေးငွေခွင့်ပြုချက်ပမာဏ)ကို ထုတ်ပေးမည်ဖြစ်ပြီး လူကြီးမင်းမှ ထိုစာရွက်ဖြင့် AYA ဘဏ်နှင့် ချိတ်ဆက်ထားသော Dealer များတွင် မိမိကြိုက်နှစ်သက်သော ကားအမျိုးအစားများကို ရွေးချယ်ဝယ်ယူနိုင်ပါသည်။

Auto Loan လျှောပ်လွှာကို ဖြည့်ပြီး လိုအပ်သော စာရွက်စာတမ်းများနှင့် တကွ ဧရာ၀တီဘဏ်နှင့် ချိတ်ဆက်ထားသော Dealer များတွင် လျှောက်ထားနိုင်ပါသည်။ 

AYA Auto Loan ဝန်ဆောင်မှုအတွက် လိုအပ်သည့်စာရွက်စာတမ်းများ


ကိုယ်ရေးအချက်အလက်များ

(၁) မှတ်ပုံတင် (မိတ္တူ)၊ အိမ်ထောင်စု စာရင်း (မိတ္တူ)

(၂) ရပ်ကွက်ထောက်ခံစာ (မူရင်း)

(၃) လိုင်စင်ဓာတ်ပုံ (၁) ပုံ

(၄)အရောင်းအဝယ်စာချုပ်

(၅)ထောက်ခံသူ၏ မှတ်ပုံတင် (မိတ္တူ)

(၆)ထောက်ခံသူ၏ ဝင်ငွေအထောက်အထား (လစာဝင်ငွေ ဖြတ်ပိုင်း)

(၇)ကားရောင်းချသူ Dealer မှ Invoice (မောတော်ယာဉ် အချက်အလက်အပြည့်အစုံ ပူးတွဲဖော်ပြထားရမည်။)

လစာဝင်ငွေအထောက်အထားများ

 လခစားဝန်ထမ်းဖြစ်ပါက

(၁) ဝန်ထမ်းဖြစ်ကြောင်းထောက်ခံစာ

(၂) လစာဝင်ငွေဖြတ်ပိုင်း (မူရင်း+မိတ္တူ) (အနည်းဆုံး ၃ လစာ)

(၃) Professional License (မိတ္တူ) (ဥပမာ – ဆရာဝန် ၊ သင်္ဘောသား ဖြစ်ပါက)

(၄) ဘဏ်စာရင်းရှင်းတမ်း (အနည်းဆုံး ၃လစာ)

ကိုယ်ပိုင်လုပ်ငန်း (ဈေးဆိုင်/လက်လီလုပ်ငန်း) ဖြစ်ပါက

(၁) လုပ်ငန်းလိုင်စင်

(၂) လုပ်ငန်း/ဈေးဆိုင်၏ဓာတ်ပုံများ

(၃) မြို့တော်စည်ပင်မှ ထုတ်ပေးသော ဆိုင်ခန်းလိုင်စင်

(၄) အရှုံးအမြတ် စာရင်း

(၅) အမြတ်ခွန်ပြေစာ (၃ နှစ်စာ)

Read 1280 times